အင်စတာဂရမ် version အသစ်မှာပါဝင်လာဖို့ရှိနေတဲ့ လုပ်ဆောင်ချက်အသစ်

instagramfocusfeat.jpg

စမတ်ဖုန်းကင်မရာ အသိုင်းအဝိုင်းမှာ Portrait mode က ဘယ်လောက် ရေပန်းစားသလဲဆိုတာက မေးနေဖို့တောင် မလိုပါဘူး။ ခုနောက်ပိုင်း ထွက်လာနေတဲ့ မော်ဒယ်မြင့်ဖုန်းတွေနဲ့ အလယ်အလတ်တန်းစား ဖုန်းတချို့မှာ ဒီ mode က တစ်ပါတည်း ပါဝင်လာပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေမှာက မပါဝင်တာကြောင့် Google Camera လို app တွေကို ထည့်သုံးနေရသူတွေအဖို့ ပိုအဆင်ပြေတဲ့ ရွေးစရာတစ်ခု ပေါ်လာပြီ လို့ဆိုနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက် ပါလာမယ်ဆိုတာကို သိရတာ သိပ်တော့ မကြာသေးပါဘူး။ အီရှန် အက်ဂါဝယ် ဆိုတဲ့သူက အင်စတာဂရမ် application package ထဲက code တွေကိုဖတ်ရင်း တွေ့ခဲ့တာလို့ သိရပါတယ်။ တစ်လောကလည်း Instagram မှာ ထပ်ထည့်ပေးမယ့် Voice calling နဲ့ Video calling feature တွေအကြောင်းကိုလည်း သူကပဲ ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

Boomerang နဲ့ Superzoom လို Feature တွေအပြင် Portrait mode သာ ပါလာခဲ့ရင် အင်စတာဂရမ်အနေနဲ့ ပြိုင်ဘက်ကြီး Snapchat ကို ကောင်းကောင်း နောက်ကောက်ချနိုင်မှာ သေချာပါတယ်။ အဓိက ကတော့ ဈေးသက်သာတဲ့ စမတ်ဖုန်းသုံးသူတွေအတွက် ရင်ခုန်စရာကောင်းနေတဲ့ အချက်ပါပဲ။ Portrait mode ကို သုံးပြီး နောက်ခံမြင်ကွင်းကို ဝါးထားတဲ့ Object အသားပေးပုံတွေကို မော်ဒယ်မြင့်ဖုန်းတွေနည်းတူ ရိုက်ကူးနိုင်လာမယ့်အပြင် အလင်းကိုလည်း အမျိုးမျိုး လိုသလို ချိန်လို့ရမှာမို့ ရုပ်ထွက်ပိုကောင်းတဲ့ ပုံတွေနဲ့ အင်စတာဂရမ်မှာ လန်းနိုင်ကြတော့မှာပါ။

အင်စတာဂရမ် application package မှာ ဒီလုပ်ဆောင်ချက်အတွက်အတွက် code တွေထည့်ပြီး ဖြစ်ပေမယ့် Activate လုပ်ပေးမယ့်အချိန်ကိုတော့ စောင့်ရဖို့ ရှိနေပါသေးတယ်။ ဘယ်တော့လဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ထွက်လာဖို့ကတော့ အတော်လေးနီးစပ်နေပါပြီ။

ဘာပဲဖြစ်ဖြစ် Activate လုပ်ပေးလိုက်ပြီ လို့သိတာနဲ့ အင်စတာဂရမ်က ကင်မရာ Button ကိုနှိပ် corresponding mode ဘက်ပြောင်းပြီး Portrait mode နဲ့ Bokeh Effect ပုံလန်းလန်းလေးတွေ ရိုက်ကြည့်လိုက်ဖို့ကို မေ့မနေကြနဲ့ဦးနော်…

Ref: The Verge

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top