အာကာသထဲမှာ တပ်ဆင်တည်ဆောက်မယ့် နာဆာရဲ့ နျူကလိယဓာတ်ပေါင်းဖို ‘ကီလိုပါဝါ နည်းပညာ’

kilopower-nuclear-fission-reactors-mars-base-rover-illustration-nasa.jpg

အာကာသထဲက ဂြိုဟ်တွေအပေါ် စူးစမ်းလေ့လာ အခြေချတဲ့အခါ နေစွမ်းအင်ကိုပဲ အဓိက အမှီအခိုထားနေရခြင်းကနေ နျူစွမ်းအင်ကို ပြောင်းလဲအသုံးပြုနိုင်ဖို့ အာကာသသုံး နျူကလိယဓာတ်ပေါင်းဖို စနစ်ကို နာဆာက စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

နောင်အနာဂတ်မှာ နျူကလိယစွမ်းအင်ကိုသာ ပိုမိုအသုံးချပြီး အာကာသလေ့လာစူးစမ်းရေးတွေကို ဆောင်ရွက်ကြတော့မှာပါ။

နာဆာရဲ့ ဒီစမ်းသပ်မှုအတွက် ‘ကီလိုပါဝါ နည်းပညာ’ (Kilopower Technology) ရဲ့ ပထမဆုံးခြေလှမ်းက ထင်ထားတာထက်ကို ပိုပြီးအောင်မြင်မှုရခဲ့ပါတယ်။ လောင်စာပြန်ဖြည့်စရာမလိုတဲ့ နျူကလိယစွမ်းအင်စနစ်ကြောင့် နာဆာဟာ အနာဂတ်ကာလမှာ မားစ်ဂြိုဟ်နဲ့ လကမ္ဘာတို့အပေါ် ကာလရှည် လေ့လာစူးစမ်းတဲ့အခါ လိုအပ်သလောက် စွမ်းအင်ပမာဏကို ကြီးကြီးမားမား အထောက်အပံ့ပေးသွားနိုင်တော့မှာပါ။

နာဆာတာဝန်ရှိသူတွေဟာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဓာတ်ပေါင်းဖိုတွင်း ထည့်သွင်းပါဝင်မယ့် လောင်စာဟာ ရေဒီယိုသတ္တိကြွမှုအနည်းငယ်ပဲ ရှိတာကြောင့် အာကာသထဲ ယူဆောင်သွားတဲ့အခါ စိတ်ချလက်ချ ရှိမှာဖြစ်ကြောင်း၊ အာကာသတွင်း ကာလရှည် လေ့လာစူးစမ်းမှုတွေလုပ်တဲ့အခါ စွမ်းအင်လိုအပ်ချက်အတွက် နေစွမ်းအင်တစ်ခုတည်းကိုပဲ မှီခိုရယူစရာ မလိုတော့ကြောင်း၊ ဒီဓာတ်ပေါင်းဖိုဟာ စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့ပါ မလိုတဲ့အပြင် စွမ်းအင်ရင်းမြစ် အလုံအလောက် အခိုင်အမာ ထောက်ပံ့မှုပေးမယ့် ဓာတ်ပေါင်းဖို ဖြစ်ကြောင်း အသိပေးသွားခဲ့ပါတယ်။

အာကာသထဲ တပ်ဆင်တည်ဆောက်မယ့် ဓာတ်ပေါင်းဖိုစနစ်ရဲ့နမူနာပုံကို နာဆာက ပြသပေးခဲ့ရာမှာ ဓာတ်ပေါင်းဖိုကို အာကာသထဲက ဂြိုဟ်ပေါ်မှာ အခြေတကျ တည်ဆောက်ဖို့ နှစ်ရာချီ ကြာမြင့်မှာဖြစ်ကြောင်း တစ်ပါတည်း သိခဲ့ရပြီး အဆိပ်သင့်စေမယ့် ဓာတုစွန့်ပစ်မှုတွေ မဖြစ်ရအောင် ကန့်သတ် ထိန်းချုပ်ဖို့လိုမှာဖြစ်ကြောင်း အင်ဂျင်နီယာတွေက အကြုံပြုပေးခဲ့ကြပါတယ်။

Ref : INDEPENDANT ” Nasa announces successful ‘Kilopower’ test of nuclear reactor for space “AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top