နီယိုဇာတ်ကောင်အနေနဲ့ ကီနူးရိဗ်စ် ပါဝင်ဦးမယ့် “The Matrix 4” ဇာတ်ကား

69027820_2419833598274381_4864448284065792000_n.jpg

နာမည်ကြီးမင်းသား ကီနူးရိဗ်စ်ပါဝင်ခဲ့တဲ့ “The Matrix ဇာတ်ကားဟာ စတုတ္ထမြောက်ဇာတ်အနေနဲ့ ထွက်ရှိလာမယ်လို့ သြဂုတ်လ (၂၀) ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီဇာတ်ကားကို လာနာ ဝါချောစကီ (Lana Wachowski) ကပဲ ထုတ်လုပ်ရိုက်ကူးသွားမယ်လို့သိရပါတယ်။

ပထမကား “The Matrix”ကတည်းက ပါဝင်လာခဲ့ဲတဲ့ ကီနူးရိဗ်စ်ကပဲ လူသားတွေကို ကယ်တင်ရေးမစ်ရှင်လုပ်ဆောင်ရတဲ့ နီယိုဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။ ကာရီ အန်နီ မော့စ် (Carrie- Anne Moss) ကလည်း ထရစ်နတီ (Trinity) ဇာတ်ရုပ်အနေနဲ့ ပါဝင်ဦးမှာပါ။

” ကျွန်မ့ဘဝမှာ ဒီဇာတ်ကောင်တွေရှိတာ အရမ်းပျော်ပါတယ်။ တော်ပြီးထက်မြက်တဲ့သူငယ်ချင်းတွေနဲ့ အလုပ်အတူတူလုပ်ဖို့ နောက်ထပ်အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်” လို့ ဒါရိုက်တာ လာနာက ဆိုပါတယ်။

အရင်ဇာတ်ကားထွက်ရှိခဲ့တာ အခုနှစ်ဆိုရင် အနှစ် (၂၀) ရှိပါပြီ။ USမှာ အခုလကုန်နောက်ပိုင်း အထူးသီးသန့်အနေနဲ့ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။ “The Matrix” ဇာတ်ကားက ဝင်ငွေ အမေရိကန်ဒေါ်လာ (၁.၆) ဘီလျံကျော်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး တတိယမြောက်ဇာတ်ကား”The Matrix Revolution (2003)”က ကမ္ဘာတစ်ဝှမ်းမှာ တစ်ချိန်တည်းပဲ ရုံတင်ပြသခဲ့တဲ့ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။

ဒီသတင်းကတော့ “The Matrix”ဇာတ်ကားကို ကြည့်ရှုအားပေးလာခဲ့တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်မှာပါ။ ဒီစတုတ္ထမြောက် “The Matrix” ဇာတ်ကား ဘယ်တော့ထွက်ရှိလာမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ကြရအောင်။

Ref: ABSNews “‘Matrix 4’ announced with Keanu Reeves to return as Neo”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top