ကလေးလူနာတွေအတွက် ကန်ဒေါ်လာ ၁ သိန်းကျော် လှူဒါန်းခဲ့တဲ့ မင်းသားဟွန်ဘင်းတို့ဇနီးမောင်နှံ

9.1.24-yyl-4.jpg

တောင်ကိုရီးယားရဲ့ဒိတ်ဒိတ်ကြဲစုံတွဲဖြစ်တဲ့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်ရီဂျင်းတို့ဟာ နှစ်သစ်လှူဒါန်းမှုအနေနဲ့ Seoul Asan Hospital နဲ့ Baby Box ဖောင်ဒေးရှင်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၅၀၀၀ (ဝမ်သန်း ၁၅၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူတို့စုံတွဲ လှူဒါန်းတဲ့ အလှူငွေတွေကို ကလေးလူနာတွေအတွက် ဆေးဖိုးဝါးခထောက်ပံ့ပေးဖို့ Seoul Asan Hospital ကတဆင့် အသုံးပြုသွားမှာပါ။ Baby Box ဆီ လှူဒါန်းတဲ့ငွေတွေကတော့ တစ်ကိုယ်ရည်မိခင်တွေရဲ့မိသားစုတွေအတွက် ပံ့ပိုးတဲ့ပရောဂျက်တွေနဲ့ အခက်ခဲဖြစ်နေတဲ့ အကူအညီလိုအပ်နေတဲ့ကလေးတွေအတွက် ရန်ပုံငွေတွေအဖြစ် အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။

အခုလိုလှူဒါန်းမှုနဲ့ပတ်သက်ပြီး “ဒီလှူဒါန်းမှုက လူတိုင်းအတွက် အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကမ်းမဲ့လက် လိုအပ်နေတဲ့ ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ မင်းသမီးဆွန်ရီဂျင်းက ဆိုပါတယ်။

အရင်ကလည်း မင်းသမီးရီဂျင်းက Daegu Social Welfare Joint Fund ကတဆင့် ဝင်ငွေနည်းတဲ့မိသားစုအတွက်ရည်ရွယ်ပြီး ကိုဗစ်ကာကွယ်ကုသရေးအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းမှုအပါအဝင် လှူဒါန်းမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင် ခင်ပွန်းဖြစ်သူ ဟွန်ဘင်းနဲ့အတူ တောမီးဒဏ်သင့်ပြီး အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ သူတွေအတွက် ဝမ် သန်း ၂၀၀ လှူဒါန်းခဲ့ပါသေးတယ်။

ဆွန်ရီဂျင်းကဆိုရင် ရှားပါးရောဂါဝေဒနာရှင်ကလေးတွေအတွက် ပံ့ပိုးကူညီတာအပြင် ဝင်ငွေနည်းတဲ့မသန်စွမ်းကလေးတွေအတွက် ပညာသင်ဆုအပါအဝင် လှူဒါန်းမှုတွေလည်း လုပ်ဆောင်နေခဲ့တာပါ။

Ref: Son Ye-jin and Hyun Bin Donate 150 Million Won for Children

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top