ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

cn_01.jpg

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ဟူပိုင်ပြည်နယ်၊ ရှောင်ရန်မြို့က လီကျီဟွာ (Li Zhihua) ဆိုတဲ့ အမျိုးသားဟာ ၂၀၁၃ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် ပြင်းထန်တဲ့ဦးနှောက်ထိခိုက်မှုဖြစ်ခဲ့ပြီး ကိုမာရောဂါကို ခံစားခဲ့ရပါတယ်။ သူ့ရဲ့ဇနီးက ကိုမာရောဂါခံစားနေရတဲ့သူ့ကို ပြုစုစောင့်ရှောက်ရင်း တစ်နေ့ကို (၂) နာရီ၊ (၃) နာရီလောက်သာ အိပ်စက်ခဲ့ရပါတယ်။

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ဇနီးသည်က ခင်ပွန်းဖြစ်သူ လီကျီဟွာကို ပြုစုပေးရင်း ရက်ပေါင်း (၂၀၀၀) နီးပါး (တစ်ရက်ကို နာရီ (၂၀) ကျော်) (၅) နှစ်အကြာမှာတော့ သူဟာ ကိုမာဖြစ်နေရာကနေ ပြန်နိုးထလာခဲ့ပါတယ်။ သူ ပြန်နိုးထလာတဲ့အချိန် သူ့ဇနီးသည်ကို ပထမဆုံးပြောခဲ့တဲ့စကားက “မိန်းမ..ငါ နင့်ကိုချစ်တယ်” ဆိုတာပါပဲ။ ဒီဖြစ်ရပ်ကို တရုတ်သတင်းဌာနတွေအရ သိခဲ့ရပါတယ်။

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

လီကျီဟွာက ရုံးကို ဆိုင်ကယ်နဲ့ သွားရင်း ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဆရာဝန်တွေက သူဟာ ဘာမှမတုံ့ပြန်နိုင်တော့ဘဲ ကိုမာအဖြစ်နေသွားရတော့မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ဇနီးက သူ့ရဲ့ရောဂါအြခေအနေကို လက်မခံခဲ့ဘဲ ဆရာဝန်တွေ မှားနေတာကို သက်သေပြချင်ခဲ့တယ်လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ကျန်းမာအခြေအနေတိုးတတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူနဲ့စကားပြောပေးတာ၊ သူကြိုက်တဲ့သီချင်းလေးတွေ ဖွင့်ပေးတာတွေလုပ်ရင်း သူ့ရဲ့အိပ်ရာေဘေးမှာ ဇနီးဖြစ်သူက နေပေးခဲ့ပါတယ်။

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ဇနီးသည်ကလည်း သူတတ်စွမ်းသမျှ နည်းမျိုးစုံသုံးပြီး လီကျီဟွာကို ပြုစုစောင့်ရှောက်ခဲ့တာ တစ်နေ့ကို (၂) နာရီ၊ (၃) နာရီလောက်သာ အိပ်ခဲ့ရပါတယ်။ သူက အဲဒီလိုအိပ်ခဲ့တဲ့အတွက် ကိုယ်အလေးချိန် (၂၂) ပေါင်တောင် ကျသွားခဲ့တယ်။ ခင်ပွန်းကို အစာကျွေးတဲ့အခါမှာလည်း သူ့ရဲ့ပါးစပ်ထဲကို ဂရုတစိုက်နဲ့ အစာထည့်ပေးပြီး သူ စားလို့ရတယ်ဆိုတာ သိဖို့အတွက် သူ့လျှာကို ဖြည်းဖြည်းသာသာလေး ဖိပေးခဲ့ပါတယ်။ ဇနီးသည်ရဲ့အခုလိုပြုစုပေးမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က လီကျီဟွာက ကိုမာဖြစ်နေရာကနေ ပြန်နိုးထလာခဲ့ပါတယ်။

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

လီကျီဟွာက စကားလုံးတွေကို ရှင်းရှင်းလင်းလင်းပီပီသသအသံမထွက်တတ်ပေမဲ့ သူ့နားမှာ ဖြစ်နေတဲ့အရာတွေကို သိပါတယ်။ ဇနီးသည်က လမ်းလျှောက်နိုင်အောင်လည်း ကူညီပေးနေသလို ကြွက်သားတွေ ပြန်ကောင်းမွန်လာအောင်လည်း နှိမ်နယ်ပေးနေပါတယ်။ လီကျီဟွာက ပြန်လည်ကောင်းမွန်အောင် လေ့ကျင့်မှုတွေပြုလုပ်ရင်း အခု တစ်နှစ်ကျော်အကြာမှာ တိုးတတ်မှုရှိလာပါပြီ။ “ကျွန်မ လက်လျော့မယ်ဆိုတဲ့အကြောင်း ဘယ်တော့မှမတွေးပါဘူး။ ခင်ပွန်းဖြစ်သူ အသက်ရှင်နေတဲ့အတောအတွင်း သူ့ကို ဂရုတစိုက်ပြုစုသွားမယ်”လို့ လီကျီဟွာရဲ့ဇနီးဖြစ်သူက ဆိုပါတယ်။

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

ကိုမာရောဂါသည်ခင်ပွန်းအပေါ် ထားရှိတဲ့ ဇနီးသည်ရဲ့ချစ်ခြင်းမေတ္တာ

Ref: Dailymail “The power of true love: Chinese man wakes up from a five-year coma after his devoted wife nursed him more than 20 hours a day every day”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top