ကလေးတွေ သွားတိုက်ချင်စိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ

27-10-2020-yyl-001.jpg

တစ်နေ့ (၂) ကြိမ် သွားတိုက်ဖို့အတွက် ကလေးတွေကို အလေ့အထလုပ်ပေးရတာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ သူတို့ကို သွားတိုက်ခိုင်းရတာက ပြောရတာလွယ်ပေးမယ့် တကယ်လုပ်ခိုင်းရင်မရတော့ပါဘူး။ ကလေးတွေကို သွားတိုက်ဖို့အတွက် ငယ်ငယ်လေးကတည်းကနေ အလေ့အကျင့်မလုပ်ရင် သွားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးတွေ သွားတိုက်ချင်စိတ်ဖြစ်အောင် မိဘတွေက ဒီနည်းလမ်းတွေနဲ့ ကူညီပေးလိုက်ပါ။ အဲဒါတွေကတော့

သွားတိုက်ဆေးကို သူတို့ကြိုက်တဲ့အနံ့အရသာလေးထားပေးပါ

ကလေးတွေကို သူတို့ကြိုက်တဲ့သွားတိုက်ဆေးနဲ့ သွားတိုက်တံကို ရွေးချယ်ခွင့်ပေးတာက သူတို့ သွားတိုက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သူတို့ကို ရွေးချယ်ခွင့်ပေးလိုက်တဲ့အတွက် သွားမတိုက်ချင်တဲ့ကလေးတွေကို သွားတိုက်ချင်စိတ်ဖြစ်လာစေနိုင်ပါတယ်။ ကလေးသုံးသွားတိုက်ဆေးတွေက အရောင်အမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးနဲ့လာကြပါတယ်။ အဲဒါတွေက ဖလိုရိုက် (Fluoride) မပါဘူးလား စစ်ကြည့်ပါ။ ဒါမှ သူတို့တွေ သွားတိုက်ဆေးကို မတော်တဆမြိုချမိသွားရင် စိုးရိမ်စရာမလိုမှာဖြစ်ပါတယ်။

သွားတိုက်တဲ့အချိန်မှာ သီချင်းဖွင့်ပေးထားပါ

ကလေးတွေက (၂) မိနစ်ထက်ကျော်ပြီး သွားတိုက်ပေးဖို့မလိုပါဘူး။ ဒါပေမဲ့ သူတို့ကို စက္ကန့် (၃၀) သွားတိုက်ခိုင်းဖို့တောင် ခက်ခဲပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်း၊ ကဗျာတွေကို ဖွင့်ပေးထားတာက သူတို့ကို အချိန်ကြာကြာသွားတိုက်စေဖို့ အထိရောက်ဆုံးနည်းလမ်းပါပဲ။

သွားတိုက်တဲ့ကစားနည်းတွေကို ကစားခိုင်းလိုက်ပါ

ကလေးတွေကို သွားတိုက်တဲ့ကစားနည်းကို ကစားခိုင်းလိုက်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းလာမှာပါ။ သူတို့ရဲ့အရုပ်ကလေးတွေကို သွားတိုက်ခိုင်းလုပ်ပြီး ရောဂါပိုးမွှားတွေကို တိုက်ဖျက်တဲ့အကြောင်း စိတ်ဝင်စားစရာဇာတ်လမ်းတိုတွေကိုလည်း ပြောပြပေးမယ်ဆိုရင် ကလေးတွေ သွားတိုက်ချင်လာဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လာနိုင်ပါတယ်။

ဆုချပေးပါ

ကလေးတွေ တစ်ခုခုလုပ်ပြီးသွားတဲ့အခါ ဆုချပေးမယ်ဆိုရင် ကလေးတွေက နောက်ပိုင်းမှာ ဆုရမယ်ဆိုတာသိပြီး ပိုလုပ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။ ကလေးတွေ သွားတိုက်ပြီးသွားတဲ့အခါ ကလေးကို ဆုချလိုက်မယ်ဆိုရင် သူတို့ရဲ့ယုံကြည်ချက်ကို မြှင့်တင်ပေးရာရောက်ပါတယ်။ သူတို့ရဲ့အားထုတ်မှုအတွက် ကလေးတွေကို ချီးကျူးတာကလည်းက သူတို့ကို တွန်းအားပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ။

ရှေ့ကနေ စံပြနာမူနာကောင်းဖြစ်အောင်နေပေးပါ

ကလေးတွေက မိဘတွေကို အတုခိုးရတာကြိုက်ကြပါတယ်။ သင်က ကလေးတွေရှေ့မှာ ပုံမှန်သွားတိုက်ပေးမယ်ဆိုရင် သူတို့တွေကို သွားတိုက်ချင်စိတ်ဖြစ်အောင် တွန်းအားပေးနေမှာဖြစ်ပါတယ်။ မိသားစု သွားတိုက်တဲ့အချိန်ကလည်း ကလေးတွေအတွက် ပျော်စရာကောင်းတဲ့အခိုက်အတန့်လေးဖြစ်လာနိုင်ပါတယ်။

Ref: Easy and fun ways to get your toddlers brush their teeth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top