ရင်ပူရင်ဆာဖြစ်ခြင်း (အက်ဆစ်ပြန်စီးခြင်း)ကို သက်သာစေမယ့် နည်းလမ်းတွေ

3-3-2022-yyl06.jpg

အက်ဆစ်ပြန်စီးခြင်းလို့လည်း လူသိများတဲ့ ရင်ပူရင်ဆာဖြစ်ခြင်းက နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ခံစားရမှုမျိုးမဟုတ်ပါဘူး။ အစာပြွန်ထဲ ရွေ့လျားသွားတဲ့ အစာအိမ်အက်ဆစ်တွေကြောင့် ဒီအခြေအနေမျိုးဖြစ်ရပြီး ရင်ဘတ်နားမှာ ပူလောင်နေသလို မအီမသာခံစားချက်မျိုးကို ဖြစ်စေပါတယ်။ ရင်ပူရင်ဆာဖြစ်တာကို ဆေးဝါးနဲ့ ကုသနိုင်ပေမဲ့ ရိုးရှင်းတဲ့နည်းလမ်းတချို့နဲ့ ရင်ပူရင်ဆာဖြစ်တာကို သက်သာအောင်လုပ်လို့ရသလို ကာကွယ်လို့လည်းရပါတယ်။

ငှက်ပျောသီးမှည့်စားပါ

သင့်သွေးအတွင်းသကြားဓာတ်ပမာဏကို မြှင့်တင်ပေးပြီး သင့်ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေတဲ့တာအပြင် ငှက်ပျောသီးဟာ ရင်ပူရင်ဆာဖြစ်တာကို အမြန်သက်သာရာရစေနိုင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတာကြောင့် ငှက်ပျောသီးဟာ အစာအိမ်အတွင်းပိုင်းကို ဖုံးအုပ်ပေးနိုင်ပြီး မနှစ်မြို့ဖွယ်ကောင်းတဲ့ ရင်ပူရင်ဆာဖြစ်ခြင်း (အက်ဆစ်ပြန်တက်ခြင်း) လက္ခဏာတွေကို သက်သာစေပြီး ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးအမှည့်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲလိုမှမဟုတ်ရင် ရင်ပူရင်ဆာဖြစ်ခြင်းကို အစပျိုးစေနိုင်ပါတယ်။

ချောင်ချောင်ချိချိအဝတ်အစားကို ဝတ်ဆင်ပါ

ရင်ပူရင်ဆာဖြစ်ခြင်းကို ခံစားနေရရင် ကျပ်တဲ့စကပ်တွေကို မဝတ်ဆင်ဘဲ ချောင်ချာင်ချိချိဖြစ်တဲ့အဝတ်အစားတွေကို ရွေးချယ်တာက ပိုကောင်းပါတယ်။ သင့်ဝမ်းဗိုက်ကိုညှစ်ထားပြီး ဝမ်းဗိုက်နေရာမှာဖိအားဖြစ်စေတဲ့ ဘယ်လို အဝတ်အစားမျိုးကမဆို ရင်ပူရင်ဆာဖြစ်ခြင်းလက္ခဏာရပ်တွေကို ပိုပြီးဆိုးရွားစေနိုင်ပါတဘ်။ သင်က ရင်ပူရင်ဆာဖြစ်ခြင်းကို အရင်ကမခံစားဖူးဘူးဆိုရင် နေ့တိုင်း တင်းကျပ်တဲ့အဝတ်အစားတွေကို ဝတ်ဆင်တာက ရင်ပူရင်ဆာဖြစ်နိုင်ခြေရှိပါတယ်။

အိပ်စက်မှုအနေအထားကို ချိန်ညှိပါ

ကျွန်တော်အားလုံးက မိမိတို့ သက်တောင့်သက်သာဖြစ်စေတဲ့ အိပ်စက်မှုပုံစံအနေအထားမျိုးကို နှစ်သက်လေ့ရှိကြပါတယ်။ အဲလိုအနေအထားမျိုးပဲ နေ့တိုင်းအိပ်စက်ဖြစ်ကြပါတယ်။ ဒါပေမဲ့ တချို့အလေ့အထတွေကို သင့်ကျန်းမာရေးအကျိုးကို လိုလားပြီး ပြောင်းလဲပစ်ရပါမယ်။ သင်က ညာဘက်စောင်းအိပ်လေ့ရှိတယ်ဆိုရင် ရင်ပူရင်ဆာဖြစ်ခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ဘယ်ဖက်စောင်းအိပ်တာက ရင်ပူရင်ဆာဖြစ်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ သက်သေပြထားတာကြောင့် ဘယ်ဖက်စောင်းအိပ်ဖို့ ကြိုးစားကြည့်ပါ။

သကြားမပါတဲ့ ပီကေကို ဝါးပါ

ပီကေဝါးတာက သင့်ရဲ့အသက်ရှုကို ကြာကြာကောင်းစေပြီး မှတ်ဉာဏ်ကိုတောင် တိုးတက်စေနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေအပြင် အစာအိမ်ထဲက အက်ဆစ်ဓာတ်ကို ချေဖျက်ပေးနိုင်ပြီး ပူလောင်တဲ့ ခံစားချက်ကို တားဆီးပေးနိုင်ပါတယ်။ ပီကေက တံတွေးထုတ်လုပ်မှုကို တိုးစေပြီး မျိုချရတာ ပိုဖြစ်စေတာကြောင့် ခံတွင်းထဲက အချဉ်ဓာတ်ကို ထိန်းညှိပေးပြီး မြန်မြန်ရှင်းလင်းဖို့ ကူညီပေးပါတယ်။

အစားအစာကို အလျင်စလိုမစားပါနဲ့

ဗိုက်ဆာတဲ့အခါ တစ်ခုခုကို မြန်မြန်စားချင်တယ်ဆိုတာ နားလည်နိုင်ပေမဲ့ အလျင်အမြန်စားတာက ရင်ပူရင်ဆာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မြန်မြန်စားတဲ့သူတွေက အက်ဆစ်ပြန်စီးခြင်ကို ပိုခံစားရနိုင်ခြေရှိပြီး သင့်အစားအစာတွေကို စနစ်တကျဝါးပြီး မျိုချဖို့ အချိန်အလုံအလောက်ပေးတာက ပိုကောင်းပါတယ်။

ပြေးတာနဲ့ အလေးမတာကို ရှောင်ပါ

ကိုယ်လက်လှုပ်ရှားမှုရှိတာက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အရာတွေထဲက တစ်ခုဖြစ်ပေမဲ့ တကယ်လို့ သင်က ရင်ပူရင်ဆာဖြစ်ခြင်းကို ခံစားရတယ်ဆိုရင် သင်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကို ရွေးချယ်ရာမှာ ပိသတိထားဖို့ လိုပါတယ်။ ပြေးတာ၊ အလေးမတာ (သို့မဟုတ်) စက်ဘီးစီးတာလို သက်ရောက်မှုမြင့်မားတဲ့ လေ့ကျင့်ခန်းတွေက သင့်အစာအိမ်နဲ့ အူလမ်းကြောင်းသို့ သွေးစီးဆင်းမှုကို အမှန်တကယ် လျော့နည်းစေပြီး အက်ဆစ်ပြန်စီးခြင်းလက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ရဘူးလို့တော့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ လမ်းလျှောက်တာ၊ ယောဂ (သို့မဟုတ်) ရေကူးတာလို လေ့ကျင့်ခန်းတွေကို ရွေးချယ်လုပ်လို့ရပါတယ်။

Ref: 6 Natural Ways to Quickly Relieve Acid Reflux

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top