အနားယူ အပန်းဖြေရန် နည်းလမ်း ၅ခု

relax-on-nature-FMVVG84.jpg

စိတ်ညစ်တဲ့အခါ၊ အလုပ်ရှုပ်တဲ့အခါ အချို့သော လူများဟာ စိတ်ကိုယ် ပင်ပန်းမှုကို ဖြေဖျောက် စေဖို့ ဆေးဝါးတွေ အသုံးပြုကြပါတယ်။ ဥပမာ- အားဆေး၊ အိပ်ဆေး။

အမှန်တော့ ယင်းဟာ မှားယွင်းတဲ့ အယူအဆ ဖြစ်ပြီး ကြာလာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်ဆုံး အပန်းဖြေနိုင်မယ့် နည်းလမ်း ၅ခုကို Hearcare ဝဘ်ဆိုဒ်မှ ယခုလို ဖော်ပြထားပါတယ်။

၁။ Autogenic relaxtion

Autogenic relaxtion ဆိုတာ စိတ် အပန်းဖြေမှုအတွက် အသားပေးပါတယ်။ Calming word ရွတ်ဆိုပေး ရမယ်လို့ ဆိုပါတယ်။ ဆိုလိုရင်းက စိတ်ငြိမ်စေအောင် စကားလုံးရိုးရိုးရှင်းရှင်း တစ်ခုခုကို ထပ်ခါထပ်ခါ တိုးတိုးဖွဖွ ရေရွတ်ဖို့ ဖြစ်ပါတယ်။ မြန်မာတွေမှာဆိုရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အစရှိသဖြင့် ရွတ်ဆိုနေတာမျိုး၊ ဘုရားစာ ဂါထာ တစ်ခုခု ရွတ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဘုရားစာမဟုတ်ပဲ သင်္ချာ ဂဏန်း အစဉ်တန်း တစ်ခုခုကို ရွတ်ဆိုနိုင်ပါတယ်။

၂။ Visualization

အမြင်အာရုံကို စိတ်ထဲကဟာကို မှတ်ယူကြည့်ရပါမယ်။ စိတ်ထဲမှာ အေးချမ်းတဲ့၊ စိတ်အေးချမ်းတဲ့ ပုံရိပ်တစ်ခုခု၊ ရှုခင်းတစ်ခုခုကို စွဲနေပြီး ယင်းပုံကိုပဲ တွေးနေရပါမယ်။ ခက်ခဲတယ်လို့ ယူဆသူတွေအတွက် ရှုခင်းလှလှပုံရိပ်တွေကို ကြည့်ရှုနိုင်ပါတယ်။

၃။ Progresive relaxtion

ဒါကတော့ ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေမယ့် နည်းလမ်း ဖြစ်ပါတယ်။ အဖုအထစ် မရှိတဲ့ ကြမ်းပြင်မှာ လဲလျောင်းပြီးတော့ ခေါင်းကနေ ခြေဖျားထိပ်အထိ အကြောဆန့်ရန် ဖြစ်ပါတယ်။ ခြေလက်တို့ကို အတတ်နိုင်ဆုံး ဆန့်တန်းရပါမယ်။ လိုတာထက် ပိုလည်း အားမသုံးရပါဘူး။ ဒါက ကြွက်သားတွေကို ပိုနာကျင် စေပါတယ်။ ခေါင်းကနေ ခြေ ကို ၅ စက္ကန့် ဆန့်ပြီး စက္ကန့် ၃၀ ပြန်လည် အနားယူပါမယ်။ ယင်းလုပ်ဆောင်ချက် ကို ကြွက်သားတွေ တင်းမနေတော့ဘူးလို့ ယူဆရတဲ့အထိ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

၄။ Breathing Break

လေရှုလေထုတ် လေ့ကျင့်ခန်းကတော့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံမှာ ထိုင်ပြီးတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ လေကို ခပ်ပြင်းပြင် ရှူသွင်း၊ ခပ်ပြင်းပြင် မှုတ်ထုတ် ပေးရပါမယ်။ ခပ်ပြင်းပြင်းဆိုတာ အသက် ရှုကြပ်လောက်တဲ့ထိကို မဆိုလိုပါ။

၅။ Exercise

နောက်ဆုံးတစ်ခုအနေနဲ့ Exercise ဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ အကောင်းဆုံး နည်းလမ်းပြီး သာမန် လုပ်နေရိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်နိုင်ပါတယ်။

အထက်ပါ လုပ်ဆောင်ချက်အားလုံးကို တစ်ကြိမ်တည်းပြုလုပ်နိုင်ပါတယ်။ သို့သော် အားလုံးကို တစ်ပြိုင်နက်တည်းသာ လုပ်ဆောင်ရမယ်လို့လည်း မဆိုပါ။ အဆင်ပြေရင်ပြေသလို၊ နေရာဒေသ အခြေအနေလိုက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။

Ref:healthcar.com

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top