လူတွေ သတိမထားမိတဲ့ စိတ်ဖိစီးလွန်းခြင်းရဲ့လက္ခဏာရပ်တွေ

26-2-2022-yyl1.jpg

လုပ်စရာအလုပ်တွေများတဲ့အခါ စိတ်အေးလက်အေးနဲ့ ထိုင်ချဖို့တောင် အမြဲတမ်းမလွယ်တော့သလို သင့်ကို စိတ်မသက်သာဖြစ်စေတဲ့ အရာတွေကို ထုတ်ပြောဖို့လည်း မလွယ်ကူတော့ပါဘူး။ အရာရာတိုင်းက သင့်ဘဝမှာ ပြီးပြည့်စုံတယ်လို့တောင် တွေးဖို့ အချိန်မရှိတော့ဘူး။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ကတော့ ဘယ်တော့မှမလိမ်ပါဘူး။ သင့်မှာ ဖြစ်နေတဲ့အရာကို ထုတ်ပြတတ်ပါတယ်။ သင် စိတ်ဖိစီးနေတယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပြောပြပါလိမ့်မယ်။ လူတွေ သိပ်သတိမထားမိတဲ့ စိတ်ဖိစီးလွန်းနေတဲ့ လက္ခဏာရပ်တွေရှိပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာရပ်တွေ ဖြစ်လာရင် သင် စိတ်ဖိစီးလွန်းနေတယ်ဆိုတာကို သိနိုင်မလဲဆိုရင်

သွားကြိတ်တာ

သွားကြိတ်တာရဲ့အကြီးမားဆုံးအကြောင်းအရင်းက စိတ်ဖိစီးတာပါ။ အိပ်နေတဲ့အချိန် (သို့) နေ့ဘက်တွေမှာလည်း သင်ဟာ သွားကြိတ်မိနေတတ်ပါတယ်။ ဒီအလေ့အကျင့်ကို သင်လုပ်မိနေတယ်ဆိုတာ ပြန်ပြောပြတဲ့လက္ခဏာရပ်တွေထဲက တစ်ခုက နောက်နေ့မနက်ကျ မေးရိုးတွေ နာကျင်နေတာပါ။သင့်သွားတွေ ပုံမှန်ထက် ပိုတိုနေတာကိုလည်း သင် သတိပြုမိပါလိမ့်မယ်။ သင့်သွားတွေကို ကာကွယ်ဖို့အတွက် သွားအစွပ်အသုံးပြုတာ (သို့) ကုသမှုခံယူတာတွေ လုပ်တာ အကောင်းဆုံးပါပဲ။

အမြဲတမ်း ချွေးထွက်လွန်းတာ

အကြောင်းအမျိုးမျိုးကြောင့် ချွေးထွက်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်အပူချိန်များတာ (သို့) သင့်ဉီးနှောက်က ခြိမ်းခြောက်မှု၊ ကြောက်စရာတစ်ခုခုကို တွေးမိလိုက်တဲ့အခါစတဲ့ အကြောင်းအရင်းတွေကြောင့်ပါ။ ဒါပေမဲ့ အဆက်မပြတ် ချွေးထွက်နေတယ်ဆိုရင် သင်ဟာ စိတ်ဖိစီးလွန်းနေတယ်။ စိုးရိမ်ပူပန်လွန်းနေတယ်ဆိုတဲ့ လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ရေတွေအားလုံးကို အရေပြားကတဆင့် အဲဒီနောက်‌ ကျောက်ကပ်တွေကတဆင့် ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သင်က စိတ်ဖိစီးနေတဲ့အတွက် ကိုယ့်ကိုယ့်ကို ခုခံနေရတဲ့အတွက် ဆီးမသွားဖြစ်ရင် ရလဒ်အနေနဲ့ကတော့ သင့်ကို အဆက်မပြတ်ချွေးထွက်စေပါတယ်။

ပုံမှန်ထက် ပိုပြီး ဆံပင်တွေ ကျွတ်နေတာ

သင့်ရေချိုးခန်းထဲမှာ (သို့) ဘီးမှာ ဆံပင်မွေးတွေ ပိုပြီး တွေ့နေရရင် စိတ်ဖိစီးမှုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်းက ဆံပင်စက်ဝန်းရဲ့ ကြီးထွားမှုအဆင့်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ သင့်ကို စိတ်ဖိစီးစေတဲ့အရာ ဖြစ်ပျက်ပြီးနောက် ချက်ခြင်း ဆံပင်ကျွတ်တာမျိုးတော့မဟုတ်ပါဘူး။ စိတ်ဖိစီးမှုပြီးတဲ့နောက် (၆-၁၂) ပတ် အကြာမှာ ဆံပင်ကျွတ်တာကို ကြုံတွေ့ရနိုင်ပါတယ်။

အနီစက်တွေ ထွက်တာ

သင်ဟာ ဓာတ်မတည့်တာမျိုးမဟုတ်ဘဲ အနီစက်တွေထွက်တာ၊ အနီကွက်တွေရှိနေရင် စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် သင့်ပါးစပ်မှာ အနီစက်တွေ ရှိလာနိုင်ပါတယ်။ သင့်စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုက သင့်ခန္ဓာကိုယ်ရဲ့အခြားလုပ်ဆောင်ချက်တွေတုံ့ပြန်မှုကို ပြောင်းလဲစေတဲ့ ဓာတုပစ္စည်းတချို့ ထုတ်လွှတ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

တစ်ချိန်လုံး မျက်ခွံတွေ လှုပ်နေတာ

စိတ်ဖိစီးမှုက သင့်ဉီးနှောက်နဲ့ မျက်နှာကြွက်သားတွေကို ပုံမှန်မဟုတ်တဲ့အချက်ပြမှုတွေပေးနိုင်ပါတယ် အကျိုးဆက်တစ်ခုအနေနဲ့ သင့်မျက်ခွံက ထိန်းချုပ်လုပ်မရအောင် လှုပ်နေပါလိမ့်မယ်။ သင့်ရဲ့အောက်မျက်ခွံရဲ့ လှုပ်ရှားမှုကို သတိပြုမိနိုင်ပါတယ်။ အပေါ်မျက်ခွံလည်း လှုပ်ပါတယ်။ ဖြစ်ခဲပါတယ်။ တချို့အခြေအနေတွေမှာ မျက်ခွံလှုပ်တာက ရက်သတ္တပတ်ကြာသလို လချီပြီးလည်း ကြာတတ်ပါတယ်။

ပါးစပ် အမြဲခြောက်သွေ့နေတာ

ငန်တဲ့အစားအစာတွေ၊ ချိုတဲ့အစားအစာတွေ မစားဘဲ အဆက်မပြတ်ရေဆာနေတယ်ဆိုရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုလာပါပြီ။ အချိန်အကြာကြီး စိတ်ဖိစီးတာက သင့်တံတွေးဂလင်းတွေကို ပိတ်ဆို့စေပြီး ခံတွင်း၊ ပါးစပ်ခြောက်စေပါတယ်။ တစ်ခုခုမျိုချရတာလည်း ခက်ခဲလာနိုင်ပါတယ်။

Ref: Brightside “6 Signs That You’re Under Constant Stress but Don’t Realize It”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top