အနုပညာရှင်တွေ တက်ရောက်ပြီး လူစည်ကားခဲ့တဲ့ Samsung ရဲ့စမတ်ဖုန်းသစ်များ မိတ်ဆက်ပွဲ

samsung01.jpg

Samsung ကုမ္ပဏီက နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းမော်ဒယ်တွေဖြစ်တဲ့ A51၊ A71၊ A01 နဲ့ တခြားစမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်တဲ့ Galaxy Note 10 Lite တွေကို ဖေဖော်ဝါရီလ ၈ ရက်က Junction Square Outdoor Area မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီအခမ်းအနားမှာ အဆိုတော် G-fatt၊ Samsung ရဲ့ Brand Ambassador သစ်ဖြစ်တဲ့ သရုပ်ဆောင် ပိုးမဟီသာတို့ အပါအဝင် အနုပညာရှင်တွေ လာရောက်ခဲ့ကြပြီး ပရိသတ်စည်ကားခဲ့ပါတယ်။

Galaxy A51 ၊ Galaxy A71 ၊ Galaxy A01၊Galaxy Note 10 Lite ဖုန်းတွေက ကင်မရာ၊ မျက်နှာပြင်နဲ့ ဘက်ထရီသက်တမ်းတွေရဲ့ အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေကို မြင်တွေ့ခံစား ရမယ်လို့ ဆိုပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ ဖုန်းတွေကို ဝယ်ယူအားပေးသူတွေဟာ အထူးခံစားခွင့်အနေနဲ့ No Worry Crack Program ကို ဝယ်ယူတဲ့နေ့ကနေ ၃ လအတွင်း ရရှိမှာပါ။ ဒီအစီအစဉ်အရ ဖုန်းအရှေ့မျက်နှာပြင် ကွဲအက်သွားရင် ၄၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ တစ်ကြိမ်ပြင်ဆင်ခွင့်ရရှိမှာပါ။

Galaxy A51 ဖုန်းကို ဖေဖော်ဝါရီလ ၇ ရက်ကစတင်ပြီး ၅၀၉၀၀၀ ကျပ်နဲ့ စတင်ရောင်းချပေးနေပြီး Galaxy A71 ၊ Galaxy A01၊ Galaxy Note 10 Lite စတဲ့ ဖုန်းတွေကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်ကနေ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ Galaxy A71 ဖုန်းကို ၆၆၉၀၀၀ ကျပ်၊Galaxy A01 ဖုန်းကို ၁၇၉၀၀၀ ကျပ်၊ Galaxy Note 10 Lite ဖုန်းကို ၈၅၉၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းမော်ဒယ်တစ်မျိုးချင်းစီရဲ့ အသေးစိတ်ကို သိချင်ရင်တော့ Samsung Website www.samsung.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top