မြန်မာ့ပထမဆုံးသော ၁၀၀% ပြန်လည်အသုံးပြုနိုင်သည့် အချိုရည်ဘူးများကို COCA-COLA က စတင်မိတ်ဆက်

8-11-2022yyl30.jpg

Coca-Cola နှင့် ၎င်း၏ ပြည်တွင်းမိတ်ဖက် Coca-Cola Pinya Beverages Myanmar (CCPBM) တို့သည် ၁၀၀% ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် (အဖုံးနှင့် တံဆိပ်ခွံမပါ) ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည်ဘူးများကို ယနေ့ စတင်မိတ်ဆက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးသော ၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) ကို အသုံးပြုထားသည့် ဤ အချိုရည်ဘူးများသည် Coca-Cola လီမိတက်၏ “World Without Waste” (အမှိုက်ကင်းစင်တဲ့ကမ္ဘာ) မျှော်မှန်းချက်ကို ပံ့ပိုးပေးနေသည့် လုပ်ငန်းအစိတ်အပိုင်းတစ်ခုဖြစ်သည်။ Coca-Cola လီမိတက်သည် ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ်ရောင်းချလိုက်သော (သောက်သုံးပြီးသား) ပလတ်စတစ် အချိုရည်ဘူးတိုင်းကို ပြန်လည်စုဆောင်းကောက်ခံပြီး recycle လုပ်ကာ ပြန်လည် အသုံးပြုနိုင်ရန်ဟူသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ချမှတ်ထားသည်။

၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) နှင့် ပြုလုပ်ထားသည့် ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည် ဘူးများကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပလတ်စတစ်အသစ်သုံးစွဲမှု တန်ချိန်ပေါင်း ၁,၂၀၀ ခန့်လျော့ချနိုင်မည်ဟု မျှော်မှန်းထားသည်။

rPET ပလတ်စတစ်ထုပ်ပိုးမှု၏ ဘေးကင်းလုံခြုံမှုကို မြန်မာ FDA ထံမှ ခွင့်ပြုချက်ရရှိထားပြီး ပလတ်စတစ်ဘူးများကို ထုတ်လုပ်သည့်အခါတွင်လည်း Coca-Cola ကုမ္ပဏီ၏ တင်းကျပ်သော နိုင်ငံတကာစားသောက်ကုန်ထုပ်ပိုးသည့် rPET ပလတ်စတစ် စံချိန်စံညွှန်းများကိုလည်း တိကျစွာလိုက်နာ ထားသည်။ ၂၀၂၄ ခုနှစ်တွင် Coca-Cola အမှတ်တံဆိပ် တစ်ခါသောက် အချိုရည်ဘူး များ အားလုံးကို rPET ပလတ်စတစ်ဘူးများဖြင့် ထုပ်ပိုးနိုင်ရန် လုပ်ငန်းစဉ်ချမှတ် ဆောင်ရွက်လျက်ရှိသည်။

CCPBM ၏ CEO ဖြစ်သူ Mr. Victor Wong က “တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း ၃၀ ကျော်က ဈေးကွက်ထဲမှာ ၁၀၀% ပြန်လည်အသုံးပြု နိုင်သောပလတ်စတစ် (rPET) ဘူးနဲ့ ထုပ်ပိုးထားတဲ့ Coca-Cola အချိုရည်ဘူး တွေ ရနေပါပြီ။ ၁၀၀% ပြန်လည် အသုံးပြုနိုင်သောပလတ်စတစ် (rPET) နဲ့ ပြုလုပ်ထားတဲ့ ‘Coca-Cola’ ၅၀၀ မီလီလီတာ အချိုရည်ဘူးတွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့အတွက် စားသုံးသူများအနေနဲ့ Circular economy စနစ်ကိုရော၊ စွန့်ပစ်ပစ္စည်း တွေကို ပြန်လည်အသုံးပြုဖို့၊ လျှော့ချဖို့၊ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရာမှာ အထောက်အကူပြုနိုင်မှာဖြစ်ပြီး အားလုံး နှစ်သက်ရတဲ့ ‘Coca-Cola’ အချိုရည်ရဲ့ မပြောင်းလဲတဲ့ အရသာကို ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

အသစ်တဖန်ပြန်လည်လုပ်ဆောင်နိုင်ခြင်း (recycling) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ လုပ်ဆောင်ခြင်းများကို အားပေးရန် ရည်ရွယ်ကာ Coca-Cola လီမိတက်သည် အချိုရည်ဘူးထုပ်ပိုးမှုအသစ် များတွင် ‘Recycle me’ ဟူသည့် စာတမ်းကို ထည့်သွင်းထားသည်။ ထို့အပြင် Sprite အချိုရည်ဘူးထုပ်ပိုးမှု ကိုလည်း မူလအထင်ကရ အစိမ်းရောင် ပလတ်စတစ်ဘူးအစား ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်စေသော ပလတ်စတစ် အကြည်ရောင်ဘူးများဖြင့် ပြောင်းလဲထုတ်လုပ်ထားသည်။

‘Coca-Cola’ သည် မြန်မာနိုင်ငံတွင် ပြန်လည်အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်းဆိုင်ရာ အလေ့အကျင့်များကို ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်လျက် RecyGlo မြန်မာနဲ့လက်တွဲပြီး ပလတ်စတစ်ဘူးများကို ပြန်လည်စုဆောင်းကောက်ခံခြင်းနှင့် ပြန်လည်အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပံ့ပိုး သွားမည် ဖြစ်သည်။ RecyGlo မြန်မာသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပြန်လည် အသစ်တစ်ဖန် ပြုလုပ်အသုံးပြုခြင်း ဖြေရှင်းနည်းများ ကိုပံ့ပိုးပေးနေသည့် ဒေသတွင်း လေလွင့်အမှိုက် စီမံခန့်ခွဲမှု ဖြေရှင်းချက်များကို ပံ့ပိုးကူညီနေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် အမှိုက်ပုံး အခု (၂၀) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရန်ကုန်မြို့အနှံ့ရှိ ဈေးဝယ်စင်တာများတွင် ထားရှိသွားမည်ဖြစ်ပြီး စားသုံးသူများ အနေဖြင့် အသုံးပြုပြီးသား ပလတ်စတစ်ဘူးဟောင်းများကို ထိုနေရာများတွင် သွားရောက်စွန့်ပစ်နိုင်မည် ဖြစ်သည်။

RecyGlo မြန်မာ၏ CEO ဖြစ်သူ မရွှေယမင်းဦးက “RecyGlo မြန်မာအနေနဲ့ Coca-Cola လီမိတက်နဲ့ အတူ လက်တွဲ ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ပလတ်စတစ်ဘူးတွေ ပြန်လည်စုဆောင်းကောက်ခံတဲ့ နေရာတွေထားရှိပြီး recycle လုပ်နိုင်မဲ့ နည်းလမ်းကို ထောက်ပံ့ဖန်တီးပေးခွင့်ရတဲ့ အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်” ဟု ပြောသည်။

Facebook လူမှုကွန်ယက်ပေါ်တွင် ကျင်းပမည့် ၁၀၀% ပြန်လည်အသုံးပြု နိုင်သော ပလတ်စတစ်အသုံးပြုထားသည့် ‘Coca-Cola’ ၅၀၀ မီလီ လီတာ အချိုရည်ဘူးသစ်များအကြောင်းမျှဝေရင်း စီစဉ်ထား သည့်ဆုလက်ဆောင်များရယူနိုင်မည့် “Pass the Bottle” လှုပ်ရှားမှုတွင် ပါဝင်ရန်လည်း ‘Coca-Cola’က ဖိတ်ခေါ်ထားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top