Detective Pikachu အဖြစ် သရုပ်ဆောင်မယ့် Deadpool မင်းသား Ryan Reynolds

detective-pikachu-ryan-reynolds.jpg

ပရိသတ် ရင်းနှီးပြီးသား ပိုကီမွန် ဗီဒီယို ဂိမ်းစီးရီးကို အခြေခံထားတဲ့ Detective Pikachu ရုပ်ရှင်ကို ၂၀၁၈ ဇန်နဝါရီလမှာ စတင်ရိုက်ကူးတော့မှာပါ။ အဆိုပါ ရုပ်ရှင်မှာ ဆိုရင် Deadpool ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရိုင်ယန် ရေးနိုး (Ryan Reynolds) က Detective Pikachu အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

အခု ရုပ်ရှင်ကတော့ ဟောလိဝုဒ်က ရိုက်ကူးမှာ ဖြစ်ပြီး Pokemon စီးရီးရဲ့ ပထမဆုံး live-action ရုပ်ရှင်ဇာတ်ကား ဖြစ်လာမှာပါ။ ကမ္ဘာပေါ်မှာ လူသိအများဆုံး ပိုကီမွန် သတ္တဝါလေးဖြစ်တဲ့ Pikachu ကို စုံထောက်ကျော် ရှားလော့ဟုမ်း အထာနဲ့ မှုခင်းတွေ ရှာဖွေဖြေရှင်းပုံအား ပျော်ရွှင်စရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ရိုင်ယန် ရေးနိုး ပါဝင်ထားတဲ့ Deadpool 2 ကိုတော့ ၂၀၁၈ ဇွန်လမှာ ရုံတင်သွားမှာဖြစ်ပြီး အခု သူ ဆက်လက် ပါဝင်သရုပ်ဆောင်မယ့် Detective Pikachu ကတော့ Deadpool ဇာတ်ရုပ်အပြီး သူ့ကို နောက်ထပ် ပုံစံ တမျိုးနဲ့ မြင်တွေ့ရစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာမှာပါ။

Ref: Empire Magazine : Ryan Reynolds To Star In Detective Pikachu

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top