နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရမယ့် ကေတီပယ်ရီ

61061513301231-e1551325151109.jpg

ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ကေတီပယ်ရီဟာ အမေရိကန်နိုင်ငံ လောအိန်ဂျယ်လိစ့် က သီလရှင်ကျောင်းဝန်းကို ဝယ်ယူမှုနဲ့ ပတ်သက်လို့ ကာလအတန်ကြာ အမှုရင်ဆိုင်နေခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ အမှုနိုင်သွားခဲ့တဲ့အတွက် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာဖြစ်ပါတယ်။

ကေတီပယ်ရီဟာ ဒီလျော်ကြေးကို ခရစ်ယာန် သီလရှင်ကျောင်းဝင်းဝယ်ယူရာမှာ နှောင့်ယှက်ခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဒါနာဟိုလစ်စတာ (Dana Hollister) ကို တရားစွဲရာမှာ အမှုနိုင်ခဲ့တဲ့အတွက် ရရှိခဲ့တာပါ။ ကေတီပယ်ရီဟာ သီလရှင်ကျောင်းဝန်းကို ဝယ်ယူပြီး အိမ်အဖြစ်ပြောင်းလဲတည်ဆောက်ဖို့ ဆန္ဒရှိနေသလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒါနာကလည်း ထိုသီလရှင်ကျောင်းဝန်းကို ဝယ်ယူပြီး ဟိုတယ်တည်ဆောက်လိုတာကြောင့် သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ခဲ့တာ ဖြစ်ပါတယ်။

သီလရှင်ကျောင်းတာဝန်ရှိသူတွေဟာ ကေတီပယ်ရီရဲ့ ဝယ်ယူဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ချိန်မှာ စီးပွားရေးလုပ်ငန်းရှင် ဒါနာဟာ ကေတီပယ်ရီ အခွင့်ရေးမရစေဖို့ သီလရှင်ကျောင်း တာဝန်ရှိသူတွေကို ဖြားယောင်း သွေးဆောင်ခဲ့တယ်လို့ ကေတီပယ်ရီ ရှေ့နေတွေက အခိုင်အမာဆိုပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အငြင်းပွားမှုတွေရှိခဲ့ပြီး တရားရင်ဆိုင်ခဲ့ကြပါတယ်။ သီလရှင်တစ်ဦးက ကေတီပယ်ရီဟာ ချစ်စရာကောင်းတဲ့သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဒါနာအတွက်တော့ သူမလုပ်ရပ်တွေဟာ မကောင်းသလိုဖြစ်ခဲ့ရတယ် လို့ပြောပါတယ်။ တရားရုံးဟာ မူလက ကေတီပယ်ရီကို အမှုအတွက် ကုန်ကျစရိတ် ပေါင် ၁ ဒသမ ၆ သန်းသာပေးခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ တရားရုံးက ပေါင် ၃ သန်းကျော် ထပ်မံလျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Ref : Guardian News : Katy Perry wins $5m damages following lawsuit

ZMO (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top