ပရိတ်သတ် အချစ်တော် ကိုးရီးယားမင်းသား လီဂျောင်ဆပ် စစ်မှုထမ်းဖို့ ရွှေ့ဆိုင်း

jong.jpg

နာမည်ကျော် ကိုးရီးယား ရုပ်သံ စီးရီးတွေဖြစ်ကြတဲ့ W ၊ Doctor Stranger တို့ရဲ့ အဓိက သရုပ်ဆောင်မင်းသား လီဂျောင်ဆပ် က စစ်မှုထမ်းမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

သူဟာ ဩဂုတ်လ ၁၀ ရက်နေ့မှာ စတင် စစ်မှုထမ်းရမှာ ဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် စစ်မှုထမ်းမယ့် ကာလကို ရွှေ့ဆိုင်းလိုက်တာပါ။ စစ်မှုထမ်းဖို့ အကြောင်းကြားစာရောက်ရှိလာခဲ့ပေမယ့်လည်း သူလက်ရှိလက်ခံပြီးသားဖြစ်နေတဲ့ ဒရာမာ စီးရီးတွေနဲ့ ရုပ်ရှင်တွေရိုက်ကူးလို့ မပြီးသေးတဲ့အတွက် စစ်မှုထမ်းမယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ လီဂျောင်ဆပ်ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment က ဆိုပါတယ်။

လီဂျောင်ဆပ်ကတော့ သူ့အနေနဲ့ သူ့အလုပ်တွေအတွက် စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းရတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း၊ သူအလုပ်တွေပြီးစီးတာနဲ့ အခြား ကိုးရီးယား အမျိုးသားတွေလိုပဲ တိုင်းပြည်အတွက် အလုပ်အကျွေးပြုတဲ့ အနေနဲ့ စစ်မှုထမ်းမှာ ဖြစ်ကြောင်း အပြင် သူ စစ်မှုထမ်းမယ့်အချိန်ကျရင်လဲ ပရိသတ်ကို ကြိုတင် အသိပေးသွားမယ့်အကြောင်း ပြောပါတယ်။

YG Entertainment က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ လီဂျောင်ဆပ်အနေနဲ့  Konkuk University မှာ သရုပ်ဆောင်ပိုင်းအတွက် ဘွဲ့လွန်ပညာဆက်လက်သင်ကြားနေခြင်းကလည်း သူ စစ်မှုထမ်းမယ့်ကာလကို ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ လီဂျောင်ဆပ် စစ်မှုထမ်းတဲ့ အချိန်မှာဆိုရင်တော့ ပြီးခဲ့တဲ့ ဒူးဒဏ်ရာကြောင့် လူမှုဝန်ထမ်း အနေနဲ့ပဲ တာဝန်ထမ်းဆောင်ရမှာပါ။

Ref: Dramafever: Lee Jong Suk updates fans on military enlistment

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top