ကလေးကို အစာဝါးကျွေးတာနဲ့ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

baby-during-feeding-PPHXYSQ.jpg

ဘေဘီလေးတွေက ၄ လခွဲ ၅ လလောက်မှာ အစာစားဖို့ စိတ်အားထက်သန်ကြပါပြီနော်။ ဒီအချိန်မှာ မေမေတို့က ကလေးကို ထမင်းတိုက်ပြီး ကျွေးတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွ ပြည့်စုံအောင် အသီးအရွက်လေးတွေကို ကြိတ်ခြေပြီး ကျွေးကြပါတယ်။ ဒီလိုကနေ ကျွေးလာရင်းက ကလေးက တော်တော်လေး အရွယ်ရောက်လာပြီ ဒါပေမဲ့ သွားလေးကတော့ တစ်ချောင်းစ နှစ်ချောင်းစလောက်ပဲ ရှိသေးတယ်။ ဒီလိုအရွယ်ရောက်လာတဲ့အခါ ကလေးကို ထမင်းကျွေးရင် မေမေတို့ ဖွားဖွားတို့ လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို ဝါးကျွေးတာပါ။ ကလေးက မဝါးနိုင်သေးဘူး ဝါးကျွေးလိုက်မယ်ဆိုတာလေ။ ကလေးလေးတွေ ငယ်စဉ်က ဝါးကျွေးတာနဲ့ လွတ်ခဲ့တဲ့သူရယ်လို့ သိပ်မရှိလှပါဘူး။

ကလေးကို အစာဝါးကျွေးတာက ဘယ်လိုမျိုးသက်ရောက်မှုတွေ ရှိနေနိုင်လဲ

ကလေးကို အစာဝါးကျွေးတာက ကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။

ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့အချက်

ကလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ပြောရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ကလေးကို ထမင်းဝါးကျွေးတာက အလေ့အထတစ်ခုလို ဖြစ်နေသလို ကျန်းမာတဲ့ စားသောက်မှုပုံစံလို့လည်း အများက လက်ခံထားကြပါတယ်။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ ကလေးကို မိခင်ကထ မင်းဝါးကျွေးတဲ့အခါ မိခင်တံထွေးမှာပါတဲ့ pathogens က ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာကြောင့်ပါ။ ကလေးကို ဝါးကျွေးလိုက်တဲ့ အစားအစာကနေတဆင့် ပါသွားတဲ့ မိခင်ရဲ့ တံထွေးက ဖွံ့ဖြိုးဆဲကလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ ပဋိပစ္စည်းတွေ တိုးလာအောင်လည်း လှုံ့ဆော်ပေးပါတယ်။

ဒီလိုမျိုး ကလေးကို အစားအစာတွေ ဝါးကျွေးတာက ပန်းနာရင်ကြပ်ဝေဒနာလိုမျိုး ကိုယ်ခံအား စနစ် အားနည်းတာကြောင့် ခံစားနိုင်တဲ့ ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်က မှားယွင်း တိုက်ခိုက်မှုကြောင့် ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ကလေးကို ကူးစက်ရောဂါနဲ့ အခြားသော ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေနဲ့ ထိတွေ့တာကြောင့် ဖြစ်လာမယ့် ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ ဒီအချက်တွေကြောင့်ကလေးကို ထမင်းဝါးကျွေးသင့်တယ်လို့ ဆိုရတာပါ။ တကယ်တော့ ထမင်းဝါးကျွေးတာက ကလေးရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ ရှေးရိုးစဉ်လာတစ်ခုပေါ့။

ကလေးကို ထမင်းဝါးမကျွေးသင့်တဲ့အခြေအနေတွေက

ကလေးကို ထမင်းဝါးမကျွေးပါနဲ့ပြောရတဲ့ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ လူကြီးဆီမှာရှိနေတဲ့ ရောဂါတွေက တံထွေးကနေတဆင့် ကလေးဆီကို ကူးစက်ရောက်ရှိသွားမှာ စိုးတာကြောင့်ပါ။ ရောဂါပိုး တစ်ခုခုရှိနေတဲ့ အနေအထားမျိုးမှာ ကလေးကို ထမင်းဝါးကျွေးလိုက်မယ်ဆိုရင် ကလေးကို ကိုယ်ခံအားမြင့်အောင် လုပ်ပေးတာနဲ့မတူဘဲ ကျန်းမာရေး ပြဿနာ ခံစားရအောင် လုပ်သလို ဖြစ်သွားနိုင်ပါတယ်။

ဒီလို အခြေအနေမျိုးတွေ ခံစားနေရရင် ကလေးကို အစားဝါးမကျွေးဖို့ ပြောပါရစေနော်။

  • အဖျားရှိနေရင်
  • ကွမ်းစားတတ်သူဆိုရင်
  • ခံတွင်း ကျန်းမာရေး အားနည်းသူဆိုရင်
  • တုပ်ကွေး ကူးစက်ခံထားရတာဆိုရင်
  • မေးခိုင်ပိုးရှိနေရင်
  • ပါးစပ်မှာ အနာဖြစ်နေရင်
  • ရေယုန်ပေါက်နေရင်
  • အသည်းရောင် အသားဝါ B ပိုး
  • အသည်းရောင်အသားဝါ C ပိုး
  • သွားပိုးစားနေတယ်ဆိုရင်
  • HIV ပိုးရှိနေရင် (ဖြစ်နိုင်ခြေတော်တော်လေးနည်ပေမယ့် သတိထားတာ အကောင်းဆုံးပါ)

အထူးသတိထားရမယ့်အချက် တစ်ခုရှိပါတယ်။ ဒါကတော့ ကလေးကို အစားဝါးမခွံခင် ခံတွင်းသန့်ရှင်းမှုကို အရင်လုပ်ပေးဖို့ပါ။ ကောင်းမွန်တဲ့ အာဟာရ ဖြည့်တင်းမှုက ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ပျိုးထောင်ပေးတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘေဘီလေး ကိုယ်ခံအားအတွက် ဆောင်သင့်တာဆောင်လို့ ရှောင်သင့်တာရှောင်ပါနော်။

Ref: Hello ဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

–(ZawGyi)–

ကေလးကို အစာဝါးေကြၽးတာနဲ႔ပတ္သက္လို႔ ဘာေတြသိထားဖို႔လိုမလဲ

ေဘဘီေလးေတြက ၄ လခြဲ ၅ လေလာက္မွာ အစာစားဖို႔ စိတ္အားထက္သန္ၾကပါၿပီေနာ္။ ဒီအခ်ိန္မွာ ေမေမတို႔က ကေလးကို ထမင္းတိုက္ၿပီး ေကြၽးတယ္။ လိုအပ္တဲ့ အာဟာရဓာတ္တြ ျပည့္စုံေအာင္ အသီးအ႐ြက္ေလးေတြကို ႀကိတ္ေျခၿပီး ေကြၽးၾကပါတယ္။ ဒီလိုကေန ေကြၽးလာရင္းက ကေလးက ေတာ္ေတာ္ေလး အ႐ြယ္ေရာက္လာၿပီ ဒါေပမဲ့ သြားေလးကေတာ့ တစ္ေခ်ာင္းစ ႏွစ္ေခ်ာင္းစေလာက္ပဲ ရွိေသးတယ္။

ဒီလိုအ႐ြယ္ေရာက္လာတဲ့အခါ ကေလးကို ထမင္းေကြၽးရင္ ေမေမတို႔ ဖြားဖြားတို႔ လုပ္ေလ့လုပ္ထရွိတဲ့ အေလ့အက်င့္တစ္ခု ရွိေနပါတယ္။ ဒါကေတာ့ ကေလးကို ဝါးေကြၽးတာပါ။ ကေလးက မဝါးႏိုင္ေသးဘူး ဝါးေကြၽးလိုက္မယ္ဆိုတာေလ။ ကေလးေလးေတြ ငယ္စဥ္က ဝါးေကြၽးတာနဲ႔ လြတ္ခဲ့တဲ့သူရယ္လို႔ သိပ္မရွိလွပါဘူး။

ကေလးကို အစာဝါးေကြၽးတာက ဘယ္လိုမ်ိဳးသက္ေရာက္မႈေတြ ရွိေနႏိုင္လဲ
ကေလးကို အစာဝါးေကြၽးတာက ေကာင္းတာလည္းရွိသလို မေကာင္းတဲ့အခ်က္ေတြလည္း ရွိေနႏိုင္ပါတယ္။ ဘာေတြေကာင္းလို႔ ဘာေတြမေကာင္းဘူးလဲ သိခ်င္ရင္ဆက္ၾကည့္လိုက္ရေအာင္ေနာ္။

ကေလးကို ထမင္းဝါးေကြၽးတာက ေကာင္းတယ္လို႔ေျပာရတဲ့အခ်က္

ကေလးကို ထမင္းဝါးေကြၽးတာက ေကာင္းတယ္လို႔ေျပာရတဲ့ အေၾကာင္းအရင္းေတြရွိပါတယ္။ ကေလးကို ထမင္းဝါးေကြၽးတာက အေလ့အထတစ္ခုလို ျဖစ္ေနသလို က်န္းမာတဲ့ စားေသာက္မႈပုံစံလို႔လည္း အမ်ားက လက္ခံထားၾကပါတယ္။ ဘာလို႔ဒီလိုေျပာရတာလဲဆိုေတာ့ ကေလးကို မိခင္ကထ မင္းဝါးေကြၽးတဲ့အခါ မိခင္တံေထြးမွာပါတဲ့ pathogens က ကေလးရဲ႕ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္တာေၾကာင့္ပါ။ ကေလးကို ဝါးေကြၽးလိုက္တဲ့ အစားအစာကေနတဆင့္ ပါသြားတဲ့ မိခင္ရဲ႕ တံေထြးက ဖြံ႕ၿဖိဳးဆဲကေလးရဲ႕ ကိုယ္ခံအားကို အေကာင္းဆုံး အားျဖည့္ေပးပါတယ္။ ကိုယ္တြင္းမွာ ပဋိပစၥည္းေတြ တိုးလာေအာင္လည္း လႈံ႕ေဆာ္ေပးပါတယ္။

ဒီလိုမ်ိဳး ကေလးကို အစားအစာေတြ ဝါးေကြၽးတာက ပန္းနာရင္ၾကပ္ေဝဒနာလိုမ်ိဳး ကိုယ္ခံအား စနစ္ အားနည္းတာေၾကာင့္ ခံစားႏိုင္တဲ့ ေဝဒနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ကိုယ္ခံအားစနစ္က မွားယြင္း တိုက္ခိုက္မႈေၾကာင့္ ေရာဂါေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါေသးတယ္။ ကေလးကို ကူးစက္ေရာဂါနဲ႔ အျခားေသာ ပတ္ဝန္းက်င္က ဘက္တီးရီးယားေတြနဲ႔ ထိေတြ႕တာေၾကာင့္ ျဖစ္လာမယ့္ ေရာဂါေတြကေနလည္း ကာကြယ္ေပးပါတယ္။ ဒီအခ်က္ေတြေၾကာင့္ကေလးကို ထမင္းဝါးေကြၽးသင့္တယ္လို႔ ဆိုရတာပါ။ တကယ္ေတာ့ ထမင္းဝါးေကြၽးတာက ကေလးရဲ႕ ကိုယ္ခံအားကို ျမႇင့္တင္ေပးတဲ့ ေရွး႐ိုးစဥ္လာတစ္ခုေပါ့။

ကေလးကို ထမင္းဝါးမေကြၽးသင့္တဲ့အေျခအေနေတြက

ကေလးကို ထမင္းဝါးမေကြၽးပါနဲ႔ေျပာရတဲ့ အေၾကာင္းအရင္းကေတာ့ ရွင္းပါတယ္။ လူႀကီးဆီမွာရွိေနတဲ့ ေရာဂါေတြက တံေထြးကေနတဆင့္ ကေလးဆီကို ကူးစက္ေရာက္ရွိသြားမွာ စိုးတာေၾကာင့္ပါ။ ေရာဂါပိုး တစ္ခုခုရွိေနတဲ့ အေနအထားမ်ိဳးမွာ ကေလးကို ထမင္းဝါးေကြၽးလိုက္မယ္ဆိုရင္ ကေလးကို ကိုယ္ခံအားျမင့္ေအာင္ လုပ္ေပးတာနဲ႔မတူဘဲ က်န္းမာေရး ျပႆနာ ခံစားရေအာင္ လုပ္သလို ျဖစ္သြားႏိုင္ပါတယ္။

ဒီလို အေျခအေနမ်ိဳးေတြ ခံစားေနရရင္ ကေလးကို အစားဝါးမေကြၽးဖို႔ ေျပာပါရေစေနာ္။

  • အဖ်ားရွိေနရင္
  • ကြမ္းစားတတ္သူဆိုရင္
  • ခံတြင္း က်န္းမာေရး အားနည္းသူဆိုရင္
  • တုပ္ေကြး ကူးစက္ခံထားရတာဆိုရင္
  • ေမးခိုင္ပိုးရွိေနရင္
  • ပါးစပ္မွာ အနာျဖစ္ေနရင္
  • ေရယုန္ေပါက္ေနရင္
  • အသည္းေရာင္ အသားဝါ B ပိုး
  • အသည္းေရာင္အသားဝါ C ပိုး
  • သြားပိုးစားေနတယ္ဆိုရင္
  • HIV ပိုးရွိေနရင္ (ျဖစ္ႏိုင္ေျခေတာ္ေတာ္ေလးနည္ေပမယ့္ သတိထားတာ အေကာင္းဆုံးပါ)

အထူးသတိထားရမယ့္အခ်က္ တစ္ခုရွိပါတယ္။ ဒါကေတာ့ ကေလးကို အစားဝါးမခြံခင္ ခံတြင္းသန႔္ရွင္းမႈကို အရင္လုပ္ေပးဖို႔ပါ။ ေကာင္းမြန္တဲ့ အာဟာရ ျဖည့္တင္းမႈက ေကာင္းမြန္တဲ့ ကိုယ္ခံအားစနစ္ကို ပ်ိဳးေထာင္ေပးတဲ့ နည္းလမ္းျဖစ္တာေၾကာင့္ ေဘဘီေလး ကိုယ္ခံအားအတြက္ ေဆာင္သင့္တာေဆာင္လို႔ ေရွာင္သင့္တာေရွာင္ပါေနာ္။

Ref: Hello ဆရာဝန္
ေရးသားသူ – Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top