ကိုရီးယားလူမျိုးတစ်ယောက်မှ မပါတဲ့ ကိုရီးယားအဆိုအဖွဲ့ Blackswan

4.9.23-yyl-1.jpg

Blackswan ကိုရီးယားအဆိုအဖွဲ့က ကေပေါ့ပ်ပရိသတ်တွေအတွက်တော့ စိမ်းမယ်မထင်ပါဘူး။ ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က Rania ဆိုတဲ့နာမည်နဲ့ ပွဲဦးထွက်ခဲ့တာပါ။ ၉ နှစ်အကြာ ၂၀၂၀ ခုနှစ်ကျမှ Rania ရဲ့အေဂျင်စီ DR Music က Blackswan အဖြစ် ပြောင်းလဲပစ်ခဲ့တာပါ။ အရင်က Rania အဖွဲ့မှာ အဖွဲ့ဝင် ၁၇ ဦးရှိခဲ့တာပါ။

၂၀၂၀ ခုနှစ်မှာ Blackswan နာမည်နဲ့ ပွဲဦးထွက်တဲ့အချိန်မှာ ကိုရီးယားလူမျိုး ၃ ဦး၊ ဘရားဇီးလူမျိုး ၁ ဦး၊ ဆီနီဂေါ-ဘယ်လ်ဂျီယံလူမျိုး ၁ ဦးပါဝင်တဲ့ အဖွဲ့ဝင် ၅ ဦးရှိခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဒီအဆိုအဖွဲ့က ကိုရီးယားလူမျိုးအဖွဲ့ဝင်တွေမပါတဲ့ ကိုရီးအဆိုအဖွဲ့ဖြစ်လာခဲ့ပါတယ်။

အခုဆို Blackswan က အဖွဲ့ဝင် ၄ ဦး ရှိပြီး ဆီနီဂေါမှာမွေးဖွားပြီး ဘယ်လ်ဂျီယံမှာ ကြီးပြင်းတဲ့ Fatou (အသက် ၂၈နှစ်)၊ အမေရိကန်လူမျိုး NVee (အသက် ၂၄ နှစ်)၊ ဘရားဇီးလူမျိုး Gabi (အသက် ၂၀)၊ အိန္ဒိယလူမျိုး Sriya (အသက် ၁၉ နှစ်) တို့ပါပဲ။

အခုနှစ် မေလမှာ That Karma ဆိုတဲ့ သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိထားပါတယ်။ သူတို့တွေက ကိုရီးယားလိုပဲ ပြောတယ်၊ ကိုရီးယားလိုပဲ သီချင်းဆိုပါတယ်။ “ကျွန်မတို့ ကိုရီးယားလိုပြောပါတယ်။ Kpop က Korean Pop ဖြစ်တယ်။ ဒါကြောင့်မို့ ကိုရီးယားဘာသာစကားရှိနေသရွေ့ K-pop ရှိနေဆဲပါပဲ”လို့ Fatou မှာ ဆိုပါတယ်။ တစ်ခါတလေ သီချင်းတွေမှာ ကိုရီးယားဘာသာစကားနဲ့ အခြားဘာသာစကားတွေကို ရောထားပါတယ်။

သူတို့ရဲ့ Karma Music Video ကို အဖွဲ့ဝင် Sriya ရဲ့မွေးရပ်မြေ အိန္ဒိယနိုင်ငံမှာ ရိုက်ကူးခဲ့ပြီး အခြားအဖွဲ့ဝင်တွေကလည်း အိန္ဒိယရိုးရာဝတ်စုံရဲ့အငွေ့အသက်တွေပါတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ သူတို့အဖွဲ့က 2023 Newsis K-Expo မှာ Newsis K-Expo Next Generation K-Star Award ကို ဩဂုတ်လထဲမှာ ရရှိခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ကျရင် Blackswan အဖွဲ့က “Cat and Mouse” အမည်ရတဲ့ သီချင်းအသစ်ထွက်ရှိမှာဖြစ်ပါတယ်။

Ref: Meet Blackswan, A K-pop Girl Group With No Korean Members

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top