ခြေဖနောင့်ကွဲတတ်သူတွေအတွက် ရိုးရှင်းတဲ့ဖြေရှင်းနည်းတွေ

yyl-035-6.jpg

ကျွန်မတို့တွေက အလှအပနဲ့ ပတ်သက်လာရင် မျက်နှာကိုသာ အလေးပေးဂရုစိုက်ထိန်းသိမ်းနေကြပြီး ခြေထောက်ကို မကြာခဏ ဂရုစိုက်ထိန်းသိမ်းဖို့ မေ့နေတတ်ကြပါတယ်။ ခြေထောက်ကို ဂရုစိုက်ဖို့ လျစ်လျူရှုထားမိရင်တော့ ခြေဖနောင့်အက်ကွဲတာတွေဖြစ်လာနိုင်ပါတယ်။ သင်က ခြေဖနောင့်အက်ကွဲတဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဆိုရင် သင့်ခြေထောက်ကို နှစ်ဆလောက် ဂရုစိုက်ဖို့လိုလာပါပြီ။

ခြေဖနောင့်အက်ကွဲရခြင်းရဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကတော့ ခြောက်သွေ့မှုကြောင့်ပါ။ ဒါကြောင့် ည အိပ်ရာမဝင်ခင်မှာ ညတိုင်း သင့်ခြေထောက်ကို ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ ခြေဖနောင့်အက်ကွဲတဲ့ သူတွေအတွက် ရိုးရှင်းတဲ့ကုသနည်းတချို့ကိုလည်း မျှဝေပေးလိုက်ရပါတယ်။

– သင့်ခြေဖနောင့်အက်ကွဲနေတယ်ဆိုရင် ခြေထောက်ကို ဆေးကြောသန့်စင်ပြီး ခြောက်သွေ့အက်ကွဲတဲ့နေရာမှာ ဟင်းသီးဟင်းရွက်ဆီကို လိမ်းပေးပါ။ လိမ်းပြီးသွားရင် ခြေအိတ်ကို ဝတ်ပြီး အိမ်ရမှာဖြစ်ပါတယ်။

– ငှက်ပျောသီးမှည့်တစ်လုံးကို အနှစ်ဖြစ်သွားတဲ့အထိ ခြေမွပေးပါ။ ပြီးရင် ခြေဖနောင့်မှာ လိမ်းလိုက်ပြီး (၁၅) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ အဲဒီနောက် ရေနဲ့ ဆေးကြောသန့်စင်လိုက်ရပါပဲ။

– ရေနွေးနွေးလေးထဲကို သံပုရာရည်ရောစပ်ပြီး မိနစ် (၂၀)လောက် သင့်ခြေထောက်ကို စိမ်ထားလိုက်ပါ။ အဲဒီနောက် ခြေဖနောင့်က ဆဲလ်အသေတွေဖယ်ရှားဖို့အတွက် ချေးတွန်းကျောက်နဲ့ ခြေဖနောင့်ကို ဖြည်းဖြည်းသာသာလေး ပွတ်တိုက်ရမှာဖြစ်ပါတယ်။

– ပက်ထရိုလီယံဂျယ်လီနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစီကို ရောစပ်လိုက်ပါ။ သင့်ခြေဖနောင့်ကို အဲဒီအရောအနှောတွေ စိမ့်ဝင်သွားတဲ့အထိ ပွတ်လိမ်းပေးရမှာပါ။ ခြေအိတ်ထူထူကိုဝတ်ဆင်ပြီး တစ်ညလုံး ဒီအတိုင်းထားလိုက်ရမှာဖြစ်ပါတယ်။

– နောက်ထပ်အထိရောက်ဆုံးနည်းက အလှဆီနဲ့ နှင်းဆီရည်တို့ကို ရောစပ်တာပါပဲ။ အဲဒီနှစ်မျိုးကို ရောစပ်ပြီး ခြေဖနောင့်အက်ကွဲတဲ့နေရာမှာ လိမ်းပေးတာက ခြေဖနောင့်အက်ကွဲတာကို ကုသပေးနိုင်ပါတယ်။

ခြေဖနောင့်အက်ကွဲတာကလည်း ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ဇင့်ဓာတ်၊ အိုမီဂါ ၃ ချို့တဲ့မှုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ဇင့်ဓာတ်တွေ ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

ခြေဖနောင့်ကွဲအက်ခြင်းတွေမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

– အမြဲတမ်း ခြေထောက်ကို သန့်ရှင်းအောင်ထားပါ။

– နေ့တိုင်း ခြေထောက်ကို Moisturiser လိမ်းပေးပြီး အပတ်တိုင်း ခြေထောက်ကို ပေါင်းတင်ပေးပါ။

– ခြေဗလာနဲ့ လမ်းလျှောက်တာကို ရှောင်ပါ။

– သွေးလည်ပတ်မှုကောင်းစေဖို့အတွက် တစ်ပတ်တစ်ခါ ရေနွေးနွေးထဲမှာ ခြေထောက်ရေစိမ်ပေးပါ။

Ref: Simple remedies for cracked heels

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top