အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၆-၁-၂၀၂၀ မှ ၁-၂-၂၀၂၀ ရက်နေ့အထိ)

bay-din26janto1feb.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၆-၁-၂၀၂၀ မှ ၁-၂-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ အလှကုန်ပစ္စည်း၊ အဝတ်အထည်၊ ကြွေထည်ပစ္စည်း၊ ဖန်၊မှန်နှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်း ကောင်းပါသည်။ ပြည်ပပို့ကုန် အေးနေတတ်ပြီး စက်ပစ္စည်းများ၊အကြီးစားစက်မှု့လုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ အူမကြီးနှင့် ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ စိတ်ကောက် နေတတ်သည်။ အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွားရတတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် အရာထမ်းစာမေးပွဲအတွက် ကြိုးစားသူများ ပိုကြိုးစားသင့်သည်။အောင်မြင်ပါလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ရပ်ဝေးမှ ဆွေမျိုးများ ရောက်လာတတ်သည်။ အိမ်ပြောင်းရ တတ်သည်။ နိုင်ငံဝန်ထမ်းများ အရာထမ်း စာမေးပွဲ ဖြေပါက အောင်မည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၅။၉

ယတြာ။ ။ အုန်းလက် သီး(၆) စိတ် အိမ်ဘုရားတွင် လှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများ နှင့်ပါတ်သက်ပြီး ကံကောင်းပါသည်။ ပြည်ပနှင့် ဆက်သွယ်သော ရေလုပ်ငန်းများလည်း ကောင်းပါသည်။

ကျန်းမာရေး။ ။ မျက်လုံးနှင့် ပါတ်သက်သောရောဂါ။ သွားရောဂါများ ဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင်း မျက်လုံး ထိခိုက်မိတတ်ပါသည်။အစာအိမ်လည်းသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ဘုရားဖူးခရီးတစ်ခုသွားရပါက ကံကောင်းပါလိမ့်မည်။နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရန်ရက်ကြာသည့်မှအပ အခြားပြဿနာမရှိပါ။ အိမ်ထောင်သည် များအနေဖြင့် ခရီးတစ်ခုကို အကြောင်းပြုပြီး ငွေကုန်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး ၊ကြိုးစားသင့်သည့်အချိန်ဖြစ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်သစ်များ ရတတ်သည်။ အစိုးရ ဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၉။

ယတြာ– တနင်္လာနေ့တွင် တံခိုးကြီးဘုရားတွင် ဆီမီးသက်စေ ကပ်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ သစ်လုပ်ငန်း၊သစ်တောနှင့်ပါတ်သက်သော လုပ်ငန်းများကံကောင်းနေပါလိမ့်မည်။ ပြည်ပသို့ ပိုဆောင်သော လုပ်ငန်းတွင် အနည်းငယ် နှေးကွေးနေပါလိမ့်မည်။ ရတနာလုပ်ငန်းများ အဆင်ပြေမည်။ အထူးသဖြင့် တိရိစ္ဆာန်မွေးမြူရေးလုပ်သူများ အဆင်ပြေမည်။
ကျန်းမာရေး။ ။ ခါးနှင့် ပါတ်သက်သော ရောဂါ။ ဆီး၊ကျောက်ကပ်ရောဂါများ ရတတ်ပါသည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူးသတိထားရန်မှာ ချစ်သူနှင့် ခိုက်ရန်ဖြစ်ပြီး တစ်ဘဝလုံး ဝေးသွား တတ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အညံဘက်ပါပြီး နှစ်ဘက်မိဘနှင့် ပါတ်သက်ပြီး စကားများရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြား ဘာသာစကားကို စတင်လေ့လာသင့်သည့်အချိန်ဖြစ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်နေရာပြောရပါက သတိထားပါ ညံ့နေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ လျိုှဝှက်ချက်နှင့်ဆိုင်သည့် စာရွက်ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၃၊ ၅ ၊ ၉။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် သစ်သီးများလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်နေတတ်သော်လည်း ငွေစာရင်းသာရှိပြီး ငွေမှာ အကြွေးကျနေတတ်သည်။ နောင်တစ်ချိန်တွင် ငွေပြန်ရရန်မသေချာသော ကိစ္စတစ်ခုဖြစ်တတ်ပါသည်။ ငွေချေးမိပါက ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။

ကျန်းမာရေး။ ။ ဒူးနာခါးနာဖြစ်မည်။ အဆုတ်ရောဂါ ၊ဆီးကျိတ်ရောင်ရောဂါများ ဖြစ်တတ်သည်။ ခေါင်းကိုက်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ ပေးနိုင်သော ချစ်သူကို ရရှိမည်။ အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။ ပြည်ပရှိချစ်သူ ပြန်လာမည်။
ပညာရေး။ ။ပညာရေးအနေနှင့်အခြေခံပညာအထက်တန်းဖြေမည်သူများ အင်္ဂလိပ်စာသတိထားပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိနှင့်ပါတ်သက်သော မိတ်ဆွေများ ရောက်လာတတ်သည်။ အဝေးဧည့်သည်ထံမှ လက်ဆောင်ရမည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် သာမှန်ဖျားနာတတ်သည်။ အချစ်ရေးတွင်လည်း ကံညံ့နေပြီး အဖြေစောင့်ရလိမ့်မည်။ စီးပွားရေးတွင် ဆောက်လုပ်ရေးနှင့်ဆိုင်သောလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊ ၀ ၊ ၆။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငွေ (၁၇၀၀) ကျပ် ရဟန်းတသ်ပါးကိုလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ပညာရေးနှင့်ပါတ်သက်သော လုပ်ငန်းများ ၊ကိုယ်ပိုင်ကျောင်းလုပ်ငန်း၊ ပညာရေးဝန်ဆောင်ခြင်း တို့ ကောင်းပါသည်။ ခရီးသွားလုပ်ငန်းများ၊နှင့် ဟိုတယ် စားသောက်ဆိုင်လုပ်ငန်းများ အားနည်းပါသည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ ၊အူ နှင့် အစာအိမ်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။ အစား အသောက်ကြောင့်ဖြစ်တတ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံး လက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ အလုပ်နှင့် သက်ဆိုင်သော သင်တန်းတစ်ခုခုကို အမြန်တက်လိုက်ပါ။ ဘဝအတွက် အာမခံရရှိမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးဆိုင်ရာ အလုပ်တစ်ခုခုလုပ်ကိုင်ရမည်။ ကုသိုလ်လုပ်ရမည်။ ထီထိုးပါ။ ဝန်ထမ်းများလည်း ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၈ ၊ ဝ။

ယတြာ –ကြာသာပတေးနေ့တွင် မေမြို့ပန်းများ ဘုရားတွင် လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ ကျောက်မျက်ရတနာလုပ်ငန်း၊ တူးဖော်ခြင်းလုပ်ငန်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်း လုပ်သူများအနည်းငယ် သတိထားပါ။ ရန်ပေါ်တတ်ပါသည်။ ငွေကြေးပြသနာတက်တတ်ပါတယ်။ အကျိုးဆောင်လုပ်ငန်းလုပ်သူများသတိထားပါ။

ကျန်းမာရေး။ ၊ မျက်လုံးရောဂါသတိထားပါ။ ပြင်ပထိခိုက်ခြင်းကြောင့် ခါနာခြင်းဖြစ်တတ်သည်။ အထူးသဖြင့် စက်ရုံလုပ်ငန်းလုပ်သူများ သတိထားပါ။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။ မကြာခင် ပြန်ဆုံရလိမ့်မည်။

ပညာရေး။ ။ ပညာရေးအနေနှင့် စာရင်းပညာကို အဓိကထားလေ့လာသင့်သည့် အချိန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတွင်း နေရာကောင်းရတတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၃ ၊ ၉။

ယတြာ – သောကြာနေ့တွင် ရဟန်းတစ်ပါးကို ဆွမ်းကပ်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ မုန့်ဖုတ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊စာသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ စသည်တို့ ကံကောင်း သည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်းများ ကောင်းပါသည်။ အထူးမှတ်ရန်မှာ လုပ်ငန်းအတွက် ငွေချေးငှါးရပါက ချက်ခြင်းပြန်မဆပ်နိုင်ဘဲ စိတ်သော ကရောက်ရတတ်ပါသည်။

ကျန်းမာရေး။ ။ခြေထောက်နှင့်ပါတ်သက်သောရောဂါဖြစ်တတ်သည်။ ခြေသလုံးသွေးကြောများ ပိတ်ပြီး ခွဲစိတ်ရတတ်သည်။ ယခင်အပါတ်ကတိုင်းဖြစ်နေတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး အလွန်စိတ်ကောက် တတ်သော ချစ်သူကို ပိုင်ဆိုင်ရမည်။ အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက်နေသဖြင့် အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့်ကံကောင်းနေပြီး စာမေးပွဲအောင်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်၊ခြံ၊ကား ဝင်တတ်ပါသည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃။၄။၇ ၊

ယတြာ – ရဟန်းတစ်ပါးကို ငွေလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top