အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၇-၇-၂၀၁၉ မှ ၁၃-၇-၂၀၁၉ ရက်နေ့အထိ)

Bay-Din-7to13-july.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၇-၇-၂၀၁၉ မှ ၁၃-၇-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေ သားသမီးတို့ကတော့ စီးပွားရေး လုပ်ငန်းများ အနည်းငယ် ပြန်အဆင်ပြေလာမည့်အချိန်ဖြစ်သည်။ ပုံမှန်လုပ်ငန်းကို ပုံမှန်သာလုပ်ခြင်းဖြင့် အဆင်ပြေမည်။ ပြည်ပမှ ပစ္စည်းတင်သွင်းသူများကတော့ အခက်အခဲ ရှိနေလိမ့်မည်။ သတ္တုလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ရေနံနှင့်ဆိုင်သော ဓါတ်ဆီ စသည့် လောင်စာဆီလုပ်ငန်း လုပ်ကိုင်သူများ ငွေကြေးပြဿနာတက်တတ်သည်။ စားသောက်ကုန် လုပ်ငန်းလုပ်သူများ အဆင်ပြေနေမည်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းနှင့်ဆိုင်သော ရောဂါရှင်များ သတိထားပါ၊ မျက်မှန်တတ်ရတတ်သည်။ အချစ်ရေးကတော့ ကံကောင်းပါသည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း ရန်မြင်ပါတယ်။ ပညာရေးသမားများ ရာထူးစာမေးပွဲ ဖြေရဖို့ ပြင်ဆင်ပါ၊ ကောင်းပါသည်။ မြေကွက်ဝင်ခြင်း ထွက်ခြင်း ဖြစ်တတ်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။
အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ၃။
ယတြာ – အိမ်ရှိဘုရားတွင် အုန်းရည်ကပ်လှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာ သားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများကို အခြေခံပြီး စိတ်ညစ်နေရတာကတော့ အမှန်ဖြစ်ပါတယ်။ ဒီတစ်ပါတ်အတွင်း ဘာလုပ်လုပ် စကားပြောနေရတာနဲ့ဘဲ အချိန်ကုန်ပါလိမ့်မယ်၊ လက်တွေ့မပါဘူးလို့ ပြောရမယ့်အချိန်ပါ။ အထူးသဖြင့် လုပ်ငန်းကြီးလုပ်ကိုင်သူများလည်း လက်တွေမပါ ဖြစ်နေပါလိမ့်မယ်။ ငွေကြေးကိစ္စများ ရှုပ်နေမယ်၊ စပ်တူလုပ်ရင် မကောင်းပါဘူး။ ကျန်းမာရေးကတော့ သာမှန် ဖျားခြင်း၊ နာခြင်းပါဘဲ၊ ဆေးရုံတက်နေရတဲ့ လူနာဖြစ်ခဲ့ရင်တော့ ပျောက်ကင်းဖို့ အချိန်ယူရမှာဖြစ်တယ်။ နှလုံးရောဂါသမား သတိထားရမယ်။ အချစ်ရေးကတော့ အဆင်မပြေပါဘူး၊ စီးပွားရေး၊ ပညာရေးကို အကြောင်းပြုပြီး အချစ်ရေး ညံ့နေတတ်တယ်။ အိမ်ထောင်ရှင်တွေကတော့ နှစ်ဖက် ဖခင်ကို အကြောင်းပြုပြီး အခက်အခဲရှိမယ်။ ပညာရေးသမားများအနေနဲ့ ကံကောင်းပါတယ်။ သင်ဟာ ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ဖြစ်ခဲ့ရင်တော့ သတိထာပါ၊ လူကြီးနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဝန်ထမ်းများအနေနဲ့တော့ ကံကောင်းပါတယ်။
အကျိုးပေးဂဏန်း – ၂၊ ၃၊ ၆။
ယတြာ – ငှက်/ငါး ရရာအကောင်းများကို သေချာလွှတ်ပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါ သားသမီးတွေကတော့ စီးပွားရေးလုပ်ငန်း အနည်းငယ် ယခင်အပါတ်ကထက် ကျဆင်းနေတတ်ပါသည်။ ရေထွက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူမှအပ ကျန်သူများ ကံမကောင်းသောအချိန် ဖြစ်သည်။ အနုပညာနှင့်ဆက်သောလုပ်ငန်းများ ပြန်လည်အသက် ဝင်လာမည်။ ယခုအချိန်သည် မိမိနှင့် လုပ်ငန်းတွဲ လုပ်ကိုင်သူများနှင့် စကားပြော အဆင်မပြေတဲ့ အချိန်ဖြစ်လို့ ငွေကြေးလည်း အခက်အခဲဖြစ်ချိန်ပါ။ ယခု အချိန်တွင် မိမိလုပ်ငန်းအတွက် အလုပ်သမားကောင်းများ ခေါ်ရမည့်အချိန် ဖြစ်သည်။ ဆောက်လုပ်ရေးပစ္စည်း၊ စက်ပစ္စည်းများ ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်း သတိထားရလိမ့်မည်။ အချစ်ရေးတွင် အနည်းငယ်ညံ့နေပြီး အဖြေရရန် ခက်လိမ့်မည်။ အိမ်ထောင်ရေးသမားများ တာဝန်တစ်ခုကြောင့် ခွဲနေရတတ်သည်။ ပညာရေးသမားများ စိတ်ချမ်းသာရမည်။ ဝန်ထမ်းများ သတိပြုရန်မှာ အောက်လက်ကြောင့် အထက်ကို ဖြေရှင်းရပြီး အလွန်စိတ်ညစ်ရမည်။
အကျိုးပေးဂဏန်း – ၉၊ ၁၊ ၄။
ယတြာ – ရဟန်းတစ်ပါးကို ငွေလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူး သားသမီးတို့၏ စီးပွားရေးမှာ အညံ့ဘက် ပါနေပြီး လုပ်သမျှဘာမှ အရာမထင် ဖြစ်နေမှာပါ။ စီးပွားရေးအကြောင်း ပြောသည့်အခါ အဆင်ပြေမလိုလိုနှင့် မပြေဘဲ ရှိမည်၊ ငွေကြေးကိစ္စများလည်း ကြပ်တည်းနေတတ်သည်။ ဝင်ငွေထွက်ငွေ မမျှဖြစ်မည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးနှင့် ဦးခေါင်းသည် အလွန်သတိထားရမည့်အခြေအနေ ဖြစ်သည်။ အချစ်ရေးတွင် တွေကနေကြ မြင်နေကြသူနှင့် ချစ်သူဖြစ်မည်။ လက်ထပ်ရန်မှ ဝေးကွာနေလိမ့်မည်။ အိမ်ထောင်သည်များလည်း အသစ်တွေ့တတ်သဖြင့် သတိပြုသင့်သည်၊ အလွန်စိတ်ညစ်ရမည့် အချိန်ဖြစ်သည်။ ပညာရေးတွင် ကျမ်းပြုခြင်းလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ ကား၊ ဆိုင်ကယ် စသည့်စက်ပစ္စည်း ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အထူးညံ့နေမည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ စီးပွားရေးတွင် ဓါတ်ဆီနှင့် ဆက်စပ်လုပ်ငန်း၊ မုန့်လုပ်ငန်းများ ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတက်နိုင်သည်။
အကျိုးပေးဂဏန်း – ၄၊ ၇၊ ၅။
ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရွက်လှပန်းများ ဘုရားလှူပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတက် စီးပွားရေး အခြေအနေကောင်းမည်။ ငွေကြေးကြောင့် လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေမှ ပြန်လည်ဦးမော့လာပြီဖြစ်သည်၊ အလုပ်သမား ပြသနာတော့ ရင်ဆိုင်နေရမည်။ လုပ်ငန်းများတွင် ပစ္စည်းများ တင်ကျန်နေတတ်သည်။ ငွေပြန်မပေါ်ဖြစ်တတ်သည်။ ဘဏ်နှင့် ချိတ်ဆက်ပြီး လုပ်ကိုင်ရသော လုပ်ငန်းများ သတိထားပါ။ ကျန်းမာရေးအနေနှင့်ကတော့ အစာအိမ်၊ သားအိမ်နှင့် ဆီကျောက် ရောဂါသည်များ သတိထားကုသပါ။ မတော်တဆအနေဖြင့် တိရိစ္ဆာန်တင်သည့်ယာဉ်ဖြင့် ထိခိုက်မိတတ်သည်။ အချစ်ရေးနှင့်ပါတ်သက်ပြီး လက်ထပ်ရန် ရက်ရွေးဖြစ်မည်။ အိမ်ထောင်သည်များ အညံ့ဘက် ပါလာပြီ ဖြစ်သည်။ ပညာရေးလိုက်နေသော ကျောင်းသားများ တွက်စာ အထူးသတိထားပါ။ ဝန်ထမ်းများအထူး ကံကောင်းပါသည်။
အကျိုးပေးဂဏန်း – ၅၊ ၉၊ ၆။
ယတြာ – ဘုရားတွင် သောက်တော်ရေလှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာ သားသမီးတို့သည် စီးပွားရေးလုပ်ငန်းလုပ်ရာတွင် ကံကောင်းနေမည်။ စားသောက်ဆိုင်၊ မုန့်လုပ်ငန်း၊ စသည်တို့ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ စက်ပစ္စည်းလုပ်ငန်းများ အနည်းငယ် ညံ့ပါသည်။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ထားသောသူများ ဆေးမှန်ရန် လိုအပ်သည်။ ဆီချိုသမားများ အနာဖြစ် တတ်သည်၊ အချစ်ရေးသမားများ ကံကောင်းနေသော်လည်း ဝေးနေပါတယ်။ အိမ်ထောင်ရေးသမားများ ဘေးလူများကြောင့် ပြသနာတက်နေမည်၊ သတိထားပါ။ ပညာရေးသမားများ စာမေးပွဲအတွင်း ကျန်းမာရေး ညံ့တတ်သည်။ ကား ဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း – ၆၊ ၄၊ ၇။
ယတြာ – သောကြာနေ့တွင် ရဟန်းတစ်ပါးကို ဆွမ်းနှင့်ဆေးလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ အထူးအဆင်ပြေမည်။ လုပ်သမျှ အကောင်းဖြစ်နေတတ်ပြီး မိမိအား ယုံကြည်သူများ တိုးလာကြမည်။ အထူးသဖြင့် အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်ကိုင်သူများ ကံကောင်းနေပြီး ငွေဝင်မည်။ ကျန်းမာရေးအနေဖြင့် အူမကြီး၊ အသဲ နှင့်ဆိုင်သောရောဂါ သတိထားပါ။ လုပ်ငန်းကြီးလုပ်ကိုင်သူများ ငွေကြေး အမြတ်ရလိမ့်မည်။ အချစ်ရေးတွင် မိဘတို့ အတင်စီစဉ်ခံရတတ်သည်၊ သတိပြုပါ။ အိမ်ထောင်သည်များလည်း နှစ်ဘက် မိဘတို့ကို အခြေခံသော အိမ်တွင်ရေးကိစ္စများ ဖြစ်နေတတ်သဖြင့် ဆင်ခြင်ပါ။ စက်ပစ္စည်း ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ စာကြိုးစားပါ။ ဝန်ထမ်းများ ကောင်းသောပြောင်းရွေ့ရခြင်းဖြစ် နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၀၊ ၁၊ ၂။
ယတြာ – ထန်းသီးမုန့် အလှူလုပ်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top