အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၆-၁-၂၀၁၉ မှ ၁၂-၁-၂၀၁၉ ရက်နေ့အထိ)

Bay-Din-4-Week-2-January.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၆-၁-၂၀၁၉ မှ ၁၂-၁-၂၀၁၉ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေးအခြေအနေမှာ နေကြတ်ခြင်းကဲ့သို့ မထင်မှတ်သော အခက်အခဲများနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ လုပ်လက်စစီးပွားရေးလုပ်ငန်းများတွင် ပြဿနာများ စတင်ပေါ်ပေါက်နိုင်ပြီး စပ်တူလုပ်ငန်းများမှာလည်း တစ်ယောက်နှင့်တစ်ယောက်မယုံကြည်ဘဲ သံသယများဖြစ်လာပါမယ်။ အစုရှယ်ယာများ ပြန်လည်ထုတ်ယူခြင်းများရှိလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်းရောဂါဖြစ်တတ်ပြီး မျက်လုံးရောဂါ အခြေအနေဆိုးနေတတ်ပါတယ်။ ကျန်းမာရေးအထူးသတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်စစ်ကို တွေ့ရှိပြီး အရူးအမူးခံစားရမယ့်အချိန်ပါ။ ပျော်နေရပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း မိဘတွေရဲ့ ဝင်နှောက်ယှက် တာတွေဖြစ်တတ်ပါတယ်။ ဒီအတွက် အဆင်မပြေဖြစ်ရတတ်တယ်။ ပညာရေးကိုလိုက်စားတဲ့သူတွေကတော့ သင်တန်းမှား တက်မိလို့ စိတ်ညစ်နေရပါလိမ့်မယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်းမှာ – ၁။၅။၃ ယတြာ – ကလေးများကို အုန်းသီးပါသောမုန့်ဝယ်ကျွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ ယာယီဆိုင်းထားသင့်သည့်အချိန်ဖြစ်သည်။ မိမိလုပ်ငန်းများကို သေချာကိုင်တွယ်ရမည့်အချိန်ဖြစ်ပြီး စီးပွားရေးဥာဏ်ကစားနိုင်မှ တော်ကာကျမည့်အချိန်ဖြစ်သည်။ အခြားပြိုလဲသွားသော စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုများ မိမိထံရောက်လာတတ်သည်။ ကျန်းမာရေးအနေနှင့်အသည်းရောဂါ ဝေဒနာရှင်များ ဒီတစ်ပတ်မှာ သတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ဘုရားဖူးခရီးသွားရတတ်ပါတယ်။ အိမ်ထောင်ရှင်များကတော့ နှစ်ဘက်ဆွေမျိုးများကို အထူး စိတ်ရှည်သိခံဖို့လိုပါတယ်၊ မိမိနေထိုင်ရာ အဆောက်အဦးကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်ပါတယ်။ ပညာရေးသမားများကတော့ သင်တန်းတွေဆက်တက်ပါ။ ကား၊စက် ၊မြေယာ၊ ရေနံနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်သူများ ပိုသတိထားပါ။ အစိုးရဝန်ထမ်းလုပ်သူများကတော့ ဒီတစ်ပတ်အနည်းငယ် ညံ့ပါတယ်။

အကျိုးပေးဂဏန်း – ၂ ၊ ၀ ၊ ၅။ ယတြာ – ငှက်ကလေးများကို တတ်နိုင်သလောက်အစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းတွင် ဆရာသမား၊ အထက်လူကြီး၊ ပြည်ပမှ မိတ်ဆွေ စသည်တို့၏ အကူအညီဖြင့် တိုးတက်ခြင်းများစတင်နိုင်ပါလိမ့်မည်။ မိမိလုပ်ငန်းတူအချို့ လုပ်ငန်းများ နားသွားကြမည်ဖြစ်ပြီး ထိုသူတို့၏ စီးပွားရေးဈေးကွက်ကို မိမိရရှိမည့်အချိန်ဖြစ်သည်။ လုပ်ငန်းတွင် အတိုက်အခိုက်တော့ ရင်ဆိုင်ရပါလိမ့်မယ်။ သတိနဲ့လုပ်ကိုင်ရမည်။ သတ္တုနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးကိုက်တတ်ပြီး၊ အာရုံကြောညပ်တတ်သည်၊ အစာအိမ်ရောဂါခံစားနေရသူများ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ အလွန်ကောင်းပါသည်။ အိမ်ထောင်ရှင်များ ခွဲနေရတတ်ပါတယ်။ ပညာရေးကောင်းပါသည်။ဝန်ထမ်းများ ကံကောင်းပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများ သတိကြီးစွာထားသင့်သောအချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – နွမ်းပါးသူလာရောက်တောင်းရမ်းပါက တတ်နိုင်သလောက်လှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ အလွန်အလုပ်များသောကာလဖြစ်ပြီး မအိပ်မစားလုပ်နေရမည်။ သို့သော် ထိုလုပ်နေသော အလုပ်သည် မိမိအတွက်အကျိုးများစွာမရဘဲဖြစ်နေမည်။ လုပ်ငန်းပင်ပန်းသလောက် အကျိုးမရသည့်အပြင် မိမိဘယ်လောက်လုပ်လုပ် နာမည်ရသူက အခြားတစ်ယောက်ဖြစ်တတ်သည်။ စပ်တူလုပ်ငန်းများပြန်လည်စတင်နိုင်ပြီဖြစ်သည်။ ကျန်းမာရေးအနေနှင့် သွေးတိုး၊ဆီးချိုရှိပါက အထူးသတိထားပါ ၊မတော်တဆလည်း ထိခိုက်မိတတ်သည်။ ဒီတစ်ပတ်မှာငွေချေးငှါးခြင်း၊ ဘဏ်မှချေးငွေထုတ်ခြင်းများအတွက် သတိထားရမယ့် အချိန်ပါ။ အချစ်ရေးကတော့ သံသယအချစ်တစ်ခု ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးကလည်း အလွန်အေးစက်နေပါတယ်။ ခရီးယာယီဖြင့် ခွဲနေရလိမ့်မည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ လုပ်ငန်းတွင် သတိကြီးကြီးဖြင့် လုပ်ပါ။

ရာဟု – ရာဟုသားသမီးတို့ကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိမည့်အချိန်ပါ။ အချစ်ရေးကောင်းနေပြီး၊ အိမ်ထောင်ရေးညံချိန်ဖြစ်သည်။ သတိထားရမည်မှာ ယာဉ်အန္တရာယ်ရှိခြင်းဖြစ်သည်။ အထူးသတိထားရမည်မှာ မိမိထံသို့ ကားလာရောင်းပါက သတိထားဝယ်ပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၀။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးအား ဆွမ်းလောင်းပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေးလုပ်ငန်းများသည် ရန်သဘောဆောင်နေတတ်သည်။ လုပ်ငန်းသစ်ပြောင်းခြင်း၊ နေရာသစ်ပြောင်းခြင်းများဖြစ်တတ်ပါသည်။ စီးပွားရေးအတွက် မိမိယုံကြည်ရသူ၏ သံသယဖြစ်ခြင်းခံရမည်။ ငွေကိစ္စများ အဆင်မပြေနိုင်သေးပါ။ မိမိထံမှ ငွေချေးထားသူများ ထွက်ပြေးလိမ့်မည်၊ ထိုအတွက်ကိစ္စများမည်။ ကျန်းမာရေးအနေနှင့် ရောဂါဟောင်း ပြန်ဖောက်တတ်လို့ အထူးသတိထားပါ။ ချစ်သူရည်းစားများ မိဘတို့ကြောင့် အလွန် စိတ်ညစ်ရမည်။ အိမ်ထောင်ရှင်များ မိဘများကြောင့် အခြေအနေ တင်းမာတတ်ပါတယ်။ ပညာရေးသမားများ သင်တန်းတွင် ရန်ပေါ်တတ်သည်။ အစိုးရဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြုပြီး အလွန်စိတ်ညစ်ရမည်။ လက်နက်ကိုင်ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၁။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများတွင် ထင်သလောက်မပေါက်ဘဲ ပြောင်းလဲနေသော အခြေအနေများအရ စိတ်ဓာတ်ကျတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းများ ကောင်းမွန်ပြီး စက်ပစ္စည်း၊ ကား စသည့်ပစ္စည်း လုပ်ငန်းများ၊ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်းများ ညံ့ပါသည်။ ငွေကြေးကိစ္စ၊ အဆောက်အဦကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးကတော့ ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ နှလုံးရောဂါရှင်များနှင့် ဆီးကျောက်ကပ်ဝေဒနာရှင်များ အရေးကြီးပါသည်။ အချစ်ရေးကတော့ အထူးကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ အဆင်ပြေပြီး သင်တန်းတက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၂။ ယတြာ – အိမ်ဘုရားတွင် ရေချမ်း၊ ဆွမ်း သေချာကပ်လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ကံပြန်ကောင်းနေတတ်ပါသည်။ ငွေကြေးကိစ္စများအတွက် နိုင်ငံခြားမှ မိတ်ဆွေတို့၏အကူအညီဖြင့် ဖြေရှင်းနိုင်မည်။ စိတ်သက်သာရာရလာမည်။ လုပ်ငန်းဟောင်းက မထင်ထားသောငွေများလည်း ပြန်ပေါ်မည်။ လက်အောက်ငယ်သားများ ပြန်တော်လှန်သဖြင့် အလွန်အလုပ်များမည်၊စိတ်ညစ်ရမည်၊ဝန်ထမ်းသစ်များရှာဖွေရမည်။ ကျန်းမာရေးအနေနှင့် ရောဂါဟောင်းပြန်ထပြီး ဆေးကုသခံရမည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံညံ့သွားပြီး အဖြေရရန် ဝေးနေပါသေးသည်။ အိမ်ထောင်သည်များ ငွေကြေးကို အကြောင်းပြုပြီး စိတ်သဘောထားကွဲနေတတ်သည်။ ပညာရေးသမားများ အထူးအောင်မြင်ပါလိမ့်မည်။ ဝန်ထမ်းများ အဆင်ပြေလာပါပြီ။

အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊၃။ ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ထီး၊ ဖိနပ် လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top