အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၈-၄-၂၀၁၉ မှ ၄-၅-၂၀၁၉ ရက်နေ့အထိ)

Bay-Din-28to4-april-may.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၈-၄-၂၀၁၉ မှ ၄-၅-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေး ကောင်းနေတတ်ပါတယ်။ စပ်တူလုပ်ငန်းလုပ်ဆောင်သူတွေကတော့ အနည်းငယ်ပြန်ကောင်းလာပြီး ညှိနှိုင်းမှု့အဆင်ပြေလာလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ကတော့ ဆီးရောဂါရတတ်ပြီး နှလုံးရောဂါ ရှိသူများ ဒီတစ်ပတ်မှာလည်း ဆက်ပြီးအထူးသတိထားရမယ့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ သွေးအေးနေတတ်တာပါ၊။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း မိဘတွေနဲ့ အဆင်မပြေတာတွေ ဝင်နှောက်ယှက်တာတွေဖြစ်တတ်ပါတယ်။ အလုပ်ကိုအကြောင်းပြုပြီး ခရီးသွားရတတ်တယ်။ ပညာရေးကိုလိုက်စားတဲ့သူတွေကတော့ လုပ်ငန်းလက်တွေ့သင်တန်းဖြစ်ပါက ပိုကောင်းပါတယ်။ လူမှေုရးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်းဖြင့် စိတ်သောကတွေ ပြေပျောက်ပါမယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ဝ။ ယတြာ – အုန်းသီးပါသောမုန့်များကို ကလေးများအား ဝေပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးအတွက် ဆုံးဖြတ်ချက်သေသေချာချ ချမှတ်တတ်ဖို့ လိုပါတယ်။ စပ်တူလုပ်ငန်းလုပ်သူများကလည်း အခြေအနေမကောင်းသေးပါဘူး။ ရေလုပ်ငန်းများ ကောင်းပါမည်။ ဆောက်လုပ်ရေးလုပ်ငန်းများ သတိထားပါ။ ကျန်းမာရေးအနေနှင့်ကတော့ နှလုံး၊ အဆုတ်နှင့်ဆိုင်သော ဝေဒနာသမားများ ဒီတစ်ပတ်မှာလည်း ဆက်သတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ယာယီခွဲနေရတတ်ပါတယ်။ အိမ်ထောင်ရှင်များ စိတ်ရှည်သည်းခံဖို့လိုပါတယ်။ ဆွေမျိုးတွေကို အကြောင်းပြုပြီး စိတ်သေကရောက်ရတတ်ပါတယ်။ ပညာရေးသမားများကတော့ ဒီလအတွင်း သင်တန်းသစ်တွေတက်နေရပေမဲ့ မရေမရာ ဖြစ်တတ်ပါတယ်။ စက်ပစ္စည်း၊ ကား စတဲ့ ပစ္စည်းရောင်း/ဝယ်ရေးလုပ်ကိုင်သူများ အထူးသတိပြုရမယ်၊ စကားမှားတတ်ပါတယ်။ ဝန်ထမ်းလုပ်သူများကတော့ ဒီတစ်ပတ်ကောင်းပါတယ်။

အကျိုးပေးဂဏန်း – ဝ၊ ၅၊ ၂။ ယတြာ – ချို့တဲ့ကလေးများအားကိတ်မုန့်ကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ မထင်တာတွေဖြစ်လာတတ်တဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်သူများ သတိနဲ့လုပ်ကိုင်ရမည်။ မထင်မှတ်သောကိစ္စတစ်ခုကြောင့် အတိုင်ခံရပြီး ရုံးတက်ဖြေရှင်းရတဲ့အထိ ဖြစ်သွားလိမ့်မည်။ ရေလုပ်ငန်းနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သောစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မည်။ ကျန်းမာရေးအနေနှင့်ကတော့ ခေါင်းကိုက်တတ်ပြီး အစာအိမ်ရောဂါ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ အဆင်ပြေပါသည်။ လက်ထပ်ရန် ခက်နေမည်။ အိမ်ထောင်ရှင်များ လုပ်ငန်းကြောင့် ခွဲနေရတတ်ပါတယ်။ ပညာရေးအနေနဲ့ကတော့ အလွန်ကြိုးစားရပါမည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ၂။ ယတြာ – ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ မိမိလုပ်ဆောင်တာဝန်ယူရသောလုပ်ငန်းမှာ ပြီးပြတ်သလောက်ရှိပြီဖြစ်သည်။ မည်သည့်အလုပ်မဆို သေချာစဉ်းစား လုပ်ဆောင်ရမည့်အခြေအနေဖြစ်ပါသည်။ စပ်တူလုပ်ငန်းများ ပြန်သတိထားရမည့်အချိန်ဖြစ်သည်။ ငွေကြေးပြဿနာများရှိမည်။ ကျန်းမာရေးအနေဖြင့်ကျောက်ကပ်နှင့် ခါးနာတာဖြစ်တတ်ပါသည်။ ဒီတစ်ပတ်မှာလည်း သွေးတိုး၊ ဆီးချိုသမားများလည်း သတိထားရမည့် အချိန်ဖြစ်ပါသည်။ အချစ်ရေးကတော့ အထင်လွဲသောအချစ်တစ်ခု ဖြစ်တတ်သည်။ သံသယများမည်။ အိမ်ထောင်ရေးကလည်း အေးစက်နေပါမည်။ ပညာရေးသမားများ ဆရာသစ်ရှာတွေ့လိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းကို နှစ်ခါပြန်လုပ်ရတတ်ပြီး ပင်ပန်းနေရလိမ့်မည်။

ရာဟု။ ၊ ရာဟုသားသမီးတို့ကတော့ ကျန်းမာရေးညံ့နေတတ်ပြီး စိတ်လိုက်မာန်ပါမလုပ်မိအောင် သတိထားရမည့်အချိန်ဖြစ်သည်။ ထိခိုက်မိတတ်သည့်အချိန်ဖြစ်တယ်။ တိရိစ္ဆာန်တွေကို မသတ်ဖြတ်မိရန် အရေးကြီးပါသည်။

အကျိုးပေးဂဏန်း – ၂၊ ၅၊ ၁။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ဘုရားသန့်ရှင်းရေးလုပ်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့အတွက် ခိုင်မာသောစီးပွားရေး လုပ်ငန်းထူထောင်ရမည့်အချိန်ဖြစ်သည်။ လုပ်ငန်းသစ်ပြောင်းလုပ်ရန်ရည်ရွယ်လျှင် ယခုအချိန် စတင်သင့်သည်။ ငွေကြေးကိစ္စအဆင်ပြေမည်။ အထူးသဖြင့် စားသောက်ဆိုင်လုပ်ငန်း၊ အစားအသောက်နှင့်ဆိုင်သောလုပ်ငန်းများကောင်းသည်။ ကျန်းမာရေးအနေနှင့် ဆီးရောဂါရှိသူများ ရောဂါပြန်ဖောက်တတ်သဖြင့် အထူးသတိထားရမည်။ ချစ်သူရည်းစားများ ကြားလူဝင်သဖြင့် စိတ်ညစ်ရမည်။ ကိုယ့်ချစ်သူကို သူတစ်ပါးလုမည်။ အိမ်ထောင်ရှင်များ တစ်ယောက်နှင့်တစ်ယောက် သဘောထားတင်းမာနေတတ်သည်။ ပညာရေးသမားများ သင်တန်းမှားတတ်ခြင်းကြောင့် အချိန်ကုန်လူပန်းဖြစ်မည်။ ဝန်ထမ်းများ ခရီးထွက်ရခြင်း၊ နယ်ပြောင်းရခြင်းများ ရှိပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၆၊ ၂။ ယတြာ – ကြာသာပတေးနေ့တွင် ရဟန်းတစ်ပါးအား ငွေ(၅၀၀) လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် မျှော်လင့်ထားသည့်အတိုင်း စီးပွားရေးလုပ်ငန်းများ ဖြစ်မလာသောအခါ စိတ်ဓာတ်ကျတတ်သည်။ ငွေကြေးလုပ်ငန်း၊ ယာဉ်၊ စက်၊ ကား စသည့်လုပ်ငန်းများ ကောင်းမွန်ပြီး သစ်တောထွက်ပစ္စည်းလုပ်ငန်းများ၊ ကျောက်မျက် ရတနာလုပ်ငန်းလုပ်သူများ ညံ့ပါသည်။ ငွေကြေး၊ အဆောက်အဦကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးက အစာအိမ်ရောဂါရှင်များ အရေးကြီးပါသည်။ အချစ်ရေးကတော့ ကံကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ သတိထားရလိမ့်မည်။ နေရာလုခံရတတ်သည်။

အကျိုးပေးဂဏန်း – ၆၊ ဝ၊ ၃။ ယတြာ – သောကြာနေ့နံနက်တွင် တိရိစာန်္ဆများကို ပေါင်မုန့်များ ကျွေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလံထူ လာသည့်အချိန်ဖြစ်သည်။ ငွေကြေးကိစ္စများ ဖြေရှင်းနိုင်ခဲ့သဖြင့် စိတ်သက်သာရာရလာမည်။ လုပ်ငန်းဟောင်းက ငွေပြန်ပေါ်မည်။ ခရီးသွားလုပ်ငန်း၊ဟိုတယ်လုပ်ငန်းများ ကောင်းသည်။ ကျန်းမာရေးအနေနှင့် ခါးနာဝေဒနာရှင်များ ရောဂါဟောင်းပြန်ထပြီး ဆေးကုသမှုခံရ မည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံ အထူးကောင်းပါသည်။ ချစ်သူနှစ်ဦးမထားမိရန် အထူးသတိပြုပါ။ အိမ်ထောင်သည်များ သားသမီးကိစ္စကို အကြောင်းပြုပြီး သဘောထားကွဲနေတတ်သည်။ ပညာရေးသမား အောင်မြင်ပါလိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းသုံး အရေးကြီးပစ္စည်း (လက်နက်ကိုင်များ ပိုသတိထားရ) ပျောက်သဖြင့် ပြဿနာအကြီးစား တက်တတ်သည်။

အကျိုးပေးဂဏန်း – ၇၊ ၁၊ ၅။ ယတြာ – စနေနေ့တွင် ငှက်လွှတ်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top