ရေဘဝဲအရှင်ကိုစားပြနေတုန်း ရေဘဝဲရဲ့တိုက်ခိုက်တာကိုခံလိုက်ရတဲ့ အမျိုးသမီး

an1.jpg

ပင်လယ်စာစားတာကို Live လွှင့်ပြသနေရင်း ရေဘဝဲစုပ်တာခံလိုက်ရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ အတော်လေးပျံ့နှံ့နေပါတယ်။ Seaside Girl Little Seven ဆိုတဲ့ Live Streaming Channel ကတင်ဆက်သူဖြစ်တဲ့ ဒီအမျိုးသမီးငယ်က ပင်လယ်စာတွေကို အားရပါးရစားပြတာတွေကို live လွှင့်တင်ဆက်လေ့ရှိသူပါ။ အခုတစ်ကြိမ်မှာ ပိုပြီးလူကြည့်များအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အရှင်လတ်လတ်ရေဘဝဲတစ်ကောင်ကို စားပြခဲ့တာဖြစ်ပါတယ်။ သူစားလိုက်တဲ့အချိန်မှာတော့ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ရေဘဝဲက သူ့ကိုယ်သူကာကွယ်တဲ့သဘောနဲ့ အမျိုးသမီးရဲ့ မျက်နှာကို လက်တံကစုပ်ခွက်တွေနဲ့ မခွာတမ်း တွယ်ကပ်ထားလိုက်ပါတော့တယ်။

အမျိုးသမီးလေးက ပထမတော့အဆင်ပြေနေသေးပေမဲ့ အခြေအနေမဟန်တော့မှန်းသိလာချိန်မှာ ရေဘဝဲရဲ့လက်တံတွေကို သူ့မျက်နှာပေါ်ကခွာချဖို့ ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာ ရေဘဝဲက လက်တံတွေကိုပြန်ခွာသွားပေမဲ့ အဲဒီအမျိုးသမီးလေးရဲ့ မျက်နှာပေါ်မှာတော့ သွေးထွက်သံယိုဖြစ်ကျန်ခဲ့ပါတယ်။

ဒီအမျိုးသမီးက သူ့ရဲ့ live streaming channel ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ စတင်ခဲ့တာဖြစ်ပြီး ချက်ပြီးသားကျောက်ပုစွန်နဲ့ ပုစွန်ထုပ်တွေစားပြတဲ့ဗီဒီယိုတွေကို စပြီးတင်ခဲ့တာပါ။ ဗီဒီယိုကို ကြည့်ရှုလိုက်ရသူအချို့ကတော့ ရေဘဝဲကို အရှင်လတ်လတ်စားတဲ့အတွက် ချက်ချင်းဝဋ်လည်တာလို့ ကောက်ချက်ပေးနေကြပါတယ်။

အဲဒီဗီဒီယိုလေးကို စာဖတ်ပရိသတ်တွေ ကြည့်ရှုလို့ရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

http://tiny.cc/betf6y

Ref: boredpanda “Octopus attacks woman that tried to eat it alive”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top