ကယ်လိုရီအစား ကာဗိုဟိုက်ဒရိတ်ကို လျှော့ချခြင်းက ဝိတ်ကျစေဖို့ အထောက်အကူပြု

46521070_1213990228752721_5797048003726409728_n.jpg

အဝလွန်သူတွေအတွက် ဝိတ်ကျစေမယ့် အချက်ကို လေ့လာကြည့်တဲ့အခါ ကာဗိုဟိုက်ဒရိတ် နည်းတဲ့ အစားအစာကိုစားသုံးသူတွေမှာ ကယ်လိုရီ ၂၅၀ ကျော် ပိုပြီး လောင်ကျွမ်းတယ်လို့ သိရပါတယ်။ BMJ ဆေးပညာ ဂျာနယ်မှာတော့ လူပေါင်း ၁၆၄ ဦးကို ဝိတ်ကျစေဖို့ စမ်းသပ်ထားတဲ့ လေ့လာတွေ့ရှိချက်ကို ထုတ်ဝေခဲ့ပါတယ်။

ဒီလေ့လာမှုအရ အစာစားချင်စိတ်ကို ထိန်းချုပ်ပြီး ဝိတ်ချဖို့ ကြိုးစားသူတွေမှာ ကာဗိုဟိုက်ဒရိတ် စားသုံးမှု နည်းသွားတဲ့အတွက် ကယ်လိုရီ လောင်ကျွမ်းလွယ်တယ်လို့ ဆိုပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်မှာ ကယ်လိုရီ ပမာဏချင်းတော့ မတူကြပါဘူး။ ဒါကြောင့် ကယ်လိုရီကို ထိန်းတာထက်စာရင် ကာဗိုဟိုက်ဒရိတ်ကို တားမြစ်တာကမှ ရေရှည်ဝိတ်ကျစေဖို့ လွယ်တယ်လို့ ဘော်စတွန် ကလေးဆေးရုံမှ တွဲဖက်ဒါရိုက်တာ ဒေါက်တာ ဒေးဗစ်က ဆိုပါတယ်။

ဗိုက်မဆာပေမဲ့ ဆာတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ခန္ဓာကိုယ်က ဘာလို့ အချက်ပြတာလဲ။ အဖြေကတော့ ကာဗွန်ဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်က ချေဖျက်ပေးရတဲ့အခါ ဆာလောင်ခြင်း၊ ဇီဝကမ္မဖြစ်စဉ် နှေးကွေးစေခြင်းနဲ့ ဝိတ်တက်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းက အပြောင်းအလဲ ရှိလာပါတယ်။

ချေဖျက်ပြီးသား ကာဗွန်ဟိုက်ဒရိတ်တွေက သကြားဓာတ်အဖြစ် ပြောင်းပြီး အင်ဆူလင် ပမာဏ တိုးလာစေပါတယ်။ အင်ဆူလင်ကြောင့် အဆီဆဲလ်တွေမှာ ပိုလျှံတဲ့ ကယ်လိုရီတွေက သိုလှောင်ပါတယ်။ ကယ်လိုရီတွေက အဆီဆဲလ်ထဲမှာ ပိတ်မိနေတဲ့အခါ ဦးနှောက်က ဒါကို သတိမပြုမိဘဲ ခန္ဓာကိုယ်မှာ အစာထပ်လိုတယ်လို့ပဲ ထင်စေပါတယ်။

ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာတွေကို စားသုံးသူတွေမှာ ကယ်လိုရီ ၂၀၉ ကနေ ၂၇၈ ထိ လောင်ကျွမ်းပြီး သုံးနှစ်လောက်ကြာတဲ့အခါ ခန့်မှန်းခြေ ၂၂ ပေါင်ထိ ဝိတ်ကျပါတယ်။
အင်ဆူလင် ထုတ်တာ များတဲ့ လူတွေမှာလည်း ကာဗိုဟိုက်ဒရိတ် စားသုံးမှု နည်းသွားတဲ့အတွက် ကယ်လိုရီ ၃၀၈ ကနေ ၄၇၈ ထိ လောင်ကျွမ်းတာ တွေ့ရပါတယ်။ ဒါဆိုရင် လူတစ်ယောက်မှာ အင်ဆူလင် ထုတ်လုပ်မှု အနည်းအများ ဘယ်လိုသိနိုင်မလဲ။

အဆီတွေက ခန္ဓာကိုယ် အလယ်ပိုင်းမှာ သိသိသာသာ စုပြုံနေပြီး ခန္ဓာကိုယ်က ပန်းသီးပုံ စံဖြစ်နေတယ်ဆိုရင် အင်ဆူလင် ထုတ်တာများတဲ့သူပါ။ သစ်တော်သီးပုံ ခန္ဓာကိုယ်သမားတွေကတော့ အင်ဆူလင် ထုတ်လုပ်မှု နည်းသူတွေ ဖြစ်ပါတယ်။ ဒီလေ့လာမှုက လူပေါင်း ၁၆၄ ဦးလောက်ကို အခြေခံထားတယ်ဆိုပေမဲ့ လူဦးရေ အနေအထားပေါ် မူတည်ပြီး ကွာခြားမှု အနည်းအများတော့ ရှိမှာပါ။ လေ့လာတွေ့ရှိချက်ကနေ ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ ဝိတ်ကျချင်ရင် ကာဗိုဟိုက်ဒရိတ် စားသုံးမှု ရှောင်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: afr.com “Cutting carbs instead of calories keeps weight off, new study says”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top