အင်စတာဂရမ်မှာ ပုံတင်ချင်တဲ့သူတွေကြား ရေပန်းစားတဲ့ ပါရီမြို့က လမ်းကို စည်းကမ်းတင်းကျပ်ဖို့ ရှိနေ

in1-e1552028155346.jpg

ပါရီမြို့က သပ်ရပ်လှပတဲ့ ရူခရီမီယူ(Rue Cremieux) လမ်းဟာ အင်စတာဂရမ်မှာ ပုံတင်ချင်တဲ့သူတွေကြား ရေပန်းစားခဲ့ပါတယ်။ အင်စတာဂရမ်ပေါ်မှာ ရူခရီမီယူလမ်းက ဓာတ်ပုံ ထောင်နဲ့ချီရှိပြီး အဲဒီဓာတ်ပုံတွေက လူကြိုက်များခဲ့ပါတယ်။

အင်စတာဂရမ်ပေါ်မှာ ပုံတင်ချင်တဲ့သူတွေနဲ့ ရှုပ်ထွေးနေတာကို ရူခရီမီယူလမ်းကလူတွေ ဆက်ပြီး သည်းမခံနိုင်ကြတော့ပါဘူး။ အဲဒီအတွက် တချို့အချိန်တွေမှာ ဓာတ်ပုံရိုက်မှုကို ကန့်သတ်ပေးဖို့ ပဲရစ်မြို့ကောင်စီကို တောင်းဆိုထားပါတယ်။ အင်စတာဂရမ်ပေါ်တင်ဖို့ အမိုက်စားဓာတ်ပုံတွေ ရိုက်ချင်တဲ့သူတွေက အလင်းရောင်ကောင်းကောင်းရတဲ့အချိန်ကို ရွေးချယ်ပြီး လာရောက်တတ်ကြတဲ့အတွက် နေဝင်ဆည်းဆာအချိန်၊ နေဝင်ချိန်၊ နေထွက်ချိန်နဲ့ ၊ အားလပ်ရက် စတဲ့ လူစည်ကားတဲ့အချိန်တွေမှာ ရူခရီမီယူလမ်းအတွင်း ဓာတ်ပုံရိုက်မယ့်သူတွေကို တားဆီးနိုင်မယ့် ဂိတ်တစ်ခု တည်ဆောက်ပေးဖို့ အဲဒီလမ်းမှာ နေထိုင်သူတွေက တောင်းဆိုထားပါတယ်။

ကမ္ဘာပေါ်က ရူခင်းလှတဲ့ တခြားနေရာတွေမှာလည်း အင်စတာဂရမ်ပေါ် ပုံတင်ဖို့ ဓာတ်ပုံရိုက်ကူးသူတွေက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ လုပ်နေတယ်လို့ ခရီးသွားဘလော့ဂါတစ်ဦးဖြစ်တဲ့ ခရစ်မော်တန်က ပြောပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အင်စတာဂရမ်ကို အပြစ်မတင်ချင်ဘဲ အလိုက်ကမ်းဆိုးမသိတဲ့သူတွေကိုပဲ အပြစ်တင်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top