အကြီးဆုံးပြည်တွင်းတေးဂီတပွဲတော်ကြီးကို Huawei က ကျင်းပပြုလုပ်ပေးသွားမည်

ha1-e1552026896765.jpg

Huawei Device Myanmar က မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်တွေ ကြိုက်နှစ်သက်တဲ့ ခေတ်ပေါ်တေးသီချင်းအမျိုးအစားများစွာကို ခံစားနားဆင်စေနိုင်မယ့် Huawei Music Festival အမည်ရတဲ့ ဂီတဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်ရှိ Thuwannabumi Event Park မှာ ၂၀၁၉ ခုနှစ် မတ်လ (၁၆) ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ Huawei Music Festival မှာ Electronic, Pop, R&B နဲ့ Rock ဂီတအမျိုးအစားအစုံအလင်ပါဝင်မှာဖြစ်ပြီး ခေတ်ရေစီးကြောင်းကို မျက်ခြေမပြတ်လိုက်ပါနေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြုလုပ်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာပဲ နိုင်ငံတကာဂီတပွဲတော် အတွေ့အကြုံကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

အခုဖျော်ဖြေပွဲတွင် မတူညီတဲ့ တေးဂီတအမျိုးအစားတွေကို အလှည့်ကျတင်ဆက်သွားမှာဖြစ်ပြီး ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ Big Bag၊ ရွှေထူး၊ ဖြိုးပြည့်စုံ၊ Ar-T၊ Idiot၊ Mary၊ ရဲလေး၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း နဲ့ မိစန္ဒီ အစရှိတဲ့ နာမည်ကြီးအဆိုတော်တွေ ပါဝင်မှာဖြစ်ပါတယ်။

Huawei Device Myanmar အနေနဲ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ မတ်လ (၁၅) ရက်နေ့အတွင်း Huawei စမတ်ဖုန်း နဲ့ တက်ဘလက် ဘယ်အမျိုးအစားကိုမဆို ဝယ်ယူတဲ့ customer တိုင်းကို Huawei Music Festival လက်မှတ် ပေးအပ်သွားမှာပါ။ အဲဒီလက်မှတ်တစ်စောင်နဲ့ လူနှစ်ဦး ဝင်ခွင့်ရရှိမှာဖြစ်ပြီး အထူးအစီအစဉ်အနေနဲ့လည်း winner တစ်ချို့ကို ရွေးချယ်မဲဖောက်ပေးမှာဖြစ်ပါတယ်။

ပွဲနေ့မှာ မိမိနှစ်သက်တဲ့ အနုပညာရှင်တွေနဲ့ စင်နောက်မှာ မိတ်ဆက်တွေ့ဆုံခွင့်ရရှိစေမဲ့ အခွင့်အရေးလည်း ရရှိမှာပါ။ အဲဒီလို မဲစနစ်နဲ့ အနိုင်ရရှိတဲ့ winner တွေကို Huawei Myanmarရဲ့တရားဝင် Facebook စာမျက်နှာမှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Huawei Music Festival နဲ့ပတ်သက်တဲ့ ပွဲအစီအစဉ်တွေနဲ့အချက်အလက်တွေကို သိရှိလိုပါက Huawei Myanmar ရဲ့official Facebook Page https://www.facebook.com/HuaweimobileMM/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top