ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် သေဆုံးသူ ပြည်သူ (၁၁) ဦးအထိရှိနေ

yyl69014.jpg

လတ်တလောဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲတွေကြောင့် ပြည်သူ (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၁) ဦးသေဆုံးခဲ့တယ်လို့ United Nations OCHA Myanmar ရဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ (၈,၀၀၀) နီးပါးရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လားရှိုး၊ သိန္ဒီနဲ့ ကွတ်ခိုင်မြို့ရှိ စစ်ဘေးရှောင်စခန်းများမှာ ခိုလုံနေသူ (၃,၅၀၀) ဝန်းကျင်ရှိကာ လူဦးရေ (၄,၀၀၀) ကျော်က နေရပ်တွေပြန်သွားနိုင်ပြီဖြစ်ပါတယ်။

စစ်ပွဲတွေကြောင့် အခြေအနေတည်ငြိမ်မှုမရှိဘဲ ပြည်သူတွေအနေနဲ့ နေရပ်နှင့် စစ်ဘေးရှောင်စခန်းများအကြား ကူးချည်သန်းချည်ဖြစ်နေတယ်လို့ United Nations OCHA Myanmar မှသိရပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက ကိုယ်စားလှယ်များ သြဂုတ်လ (၃၁) ရက်နေ့က တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

နှစ်ဦးသဘောတူအပစ်အခတ်ရပ်စဲရေးဆွေးနွေးနိုင်ရန် တဖတ်သတ်အပစ်အခတ်ရပ်စဲတာတွေကို စက်တင်ဘာ (၂၁) ရက်နေ့အထိ ရက်ထပ်တိုးလိုက်ပြီးဖြစ်တယ်လို့ သြဂုတ်လ (၃၁) ရက်နေ့ကမြန်မာတပ်မတော်က ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Cherry (ရိုးရာလေး)

Photos- Dau Dee

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top