တရားသူကြီးကို ချိန်ခွင်အပျက်လက်ဆောင်ပေးတဲ့ ကိုပေါလုကို ထောင်ဒဏ် (၃) လချမှတ်

yyl69027.jpg

မြစ်ကြီးနားမြို့နယ် တရားရုံးက တရားခွင်မှာ တရားသူကြီးကို ချိန်ခွင်အပျက်လက်ဆောင်ပေးတဲ့ ကိုပေါလုကို ဒီကနေ့မှာ ထောင်ဒဏ် (၃) လချမှတ်လိုက်ပါတယ်။
တရားသူကြီးက ပုဒ်မ ၂၂၈ အရ တရားရုံံးသို့ဦးတိုက်လျှောက်ကာ ကိုပေါလုကို အရေးယူပေးရန်တင်ပြခဲ့တာဖြစ်ပါတယ်။
ကိုပေါလုကို မြို့နယ်တရားသူကြီး ဦးသန်းထွန်း တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်များနဲ့ ပတ်သက်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနု တို့ကို စက်တင်ဘာ (၂) ရက်နေ့က ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ် (၃) သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁၅) ရက်အမိန့်ချမှတ်ခဲ့ပါတယ်။
ငြိမ်းစုစီဥပဒေနဲ့ အမိန့်ချမှတ်ခဲ့တဲ့ တရားသူကြီးကို ကိုပေါလုက တရားခွင်မှာ ချိန်ခွင်အပျက်တစ်ခု လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ငွေဒဏ် (၃) သောင်း (သို့) ထောင် (၁၅) ရက် ချမှတ်မှုအတွက် ကချင်လူငယ် ၂ဦးက ထောင်ဒဏ် (၁၅) ရက်ကိုသာရွေးချယ်ခဲ့ပါတယ်။
Photos – Kachin Youth Movement
Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top