ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံး နိုင်ငံဖြစ်ပါတယ်။ အမေရိကန်၊ ရုရှားနိုင်ငံတွေလို ဧရိယာအကျယ်အဝန်း မကြီးမားပေမဲ့ ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္တိယသမုဒ္ဒရာတဝိုက်၊ တောင်အမေရိကနဲ့ ကာရေဘီယံပင်လယ်တဝိုက်မှာ ဖြန့်ကျက်ထားတဲ့ သူတို့ရဲ့ ရေမြေခြားပိုင်နက်တွေကြောင့် အချိန်ဇုန် ၁၂ ဇုန်အထိ ရှိနေတာ ဖြစ်ပါတယ်။
အချိန်ဇုန် ၁၂ ဇုန်အနက် ပြင်သစ်ကျွန်းမကြီးပေါ်မှာ အချိန်ဇုန် တစ်ခုတည်းသာ ရှိပြီး ကျန်တဲ့ အချိန်ဇုန်တွေကတော့ ရေမြေခြားပိုင်နက်တွေပေါ်က အချိန်ဇုန်တွေ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံပိုင် ပိုလီနီရှားကျွန်းပေါ်မှ အချိန်ဇုန်ဟာ ဥရောပအလယ်ပိုင်းစံတော်ချိန်ထက် ၁၀ နာရီ နောက်ကျပြီး ဝီလီနဲ့ ဖူတူနာရဲ့ အချိန်ဇုန်ကတော့ ဥရောပအလယ်ပိုင်းစံတော်ချိန်ထက် ၁၂ နာရီ ပိုစောပါတယ်။
ပြင်သစ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးကတော့ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေဖြစ်ပြီး အချိန်ဇုန် ၁၁ ဇုန်စီ ရှိပါတယ်။
Ref: Distribution of French Time Zones
NZ (ရိုးရာလေး)

