အမေရိကန်ဒေါ်လာသောင်းချီတဲ့တန်ဖိုးနဲ့ ရောင်းထွက်ခဲ့တဲ့စပျစ်သီးခိုင်

grapes-feature-e1468020761250-1280x720.jpg

ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်း (Honshu island) ရဲ့ မြောက်ဘက်ကမ်းရိုးတန်းပေါ်က အီရှီကာဝါ နွေရာသီအပန်းဖြေစခန်း ဟိုတယ်မန်နေဂျာကတော့ ရှားပါးပြီးအဖိုးတန်လှတဲ့ စပျစ်သီးခ်ုင်တစ်ခိုင်ကို လေလံအောင်သူဖြစ်လာခဲ့ပါတယ်။ ပတ္တမြားစပျစ်လို့ တင်စားခေါ်ဆိုထားတဲ့ စပျစ်သီးခိုင်တစ်ခိုင်ကို ဟိုတယ်မန်နေဂျာ ဟိုဆာကာဝါက ယန်း (၁.၂) သန်း (အမေရိကန်ဒေါ်လာ ၁၁,၀၀၀) နဲ့ လေလံအောင်ပြီး ဝယ်ယူပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံမှာတော့ အနီရင့်ရောင်လွှမ်းနေကာ အရည်တရွှမ်းရွှမ်းနဲ့ အချိုဓာတ်များ၊ အချဉ်ဓာတ်နည်းတဲ့ ပတ္တမြားစပျစ်ခိုင်ကို ဈေးအကြီးဆုံးစပျစ်သီးမျိုးလို့ သတ်မှတ်ထားကြပါတယ်။ အချိန် (၁၂) နှစ်လောက်ကြာမှသာ ဒီလိုရှားပါးအဖိုးတန်တဲ့ စပျစ်သီးခိုင်မျိုးကို တစ်ကြိမ်ရနိုင်တာဖြစ်တဲ့အတွက် လေလံတင်ရောင်းဈေးက ယန်း (၁.၂) သန်းထိရှိခဲ့တာဖြစ်ပါတယ်။

ပတ္တမြားစပျစ်တွေဟာ အီရှီကာဝါမှာစိုက်ပျိုးတဲ့စပျစ်မျိုးဖြစ်ပြီး သစ်သီးဈေးကွက်ထဲကိုတော့ ၂၀၀၈ ခုနှစ်လောက်မှာမှ စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တည်းက နာမည်ရခဲ့တဲ့ ပတ္တမြားစပျစ်တွေကို ဝယ်လိုသူတွေများပြားလွန်းခဲ့ပြီး ဝယ်လိုအားထိန်းနိုင်ဖို့ အရေအတွက်သတ်မှတ်ပြီး ရောင်းချခဲ့ရပါတယ်။

ဈေးကြီးလွန်းပြီး အရောင်အဆင်းလှပ အရသာရှိတဲ့ ဒီပတ္တမြားစပျစ်သီးက ဂျပန်နိုင်ငံမှာတော့ အဖိုးတန်စားစရာအသီးတစ်မျိုးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တွေ အပြန်အလှန် လက်ဆောင်ပေးလေ့ရှိကြတဲ့ လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်နေတာပါ။

စပျစ်သီးရဲ့ ပင်ကိုထူးခြားတဲ့အရည်အသွေးတွေကြောင့်ပဲ ကြော်ငြာခအကုန်ခံကြော်ငြာနေစရာမလိုဘဲ လူသိများနေကာ ဈေးကောင်းပေးပြီးဝယ်လိုသူတွေအမြဲရှိနေတတ်တယ်လို့လည်း သိရပါတယ်။

Ref: CNN “This bunch of grapes just sold for $11,000 in Japan”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top