ဒါဗင်ချီရေးဆွဲခဲ့ဖွယ်ရှိတဲ့ ခရစ်တော်ပန်းချီကား ဒေါ်လာသန်း ၄၅ဝနဲ့ စံချိန်တင်လေလံအောင်မြင်

pa.jpg

A journalist takes photos of Leonardo da Vinci's "Salvator Mundi" after it was unveiled at Christie's in New York on October 10, 2017. One of fewer than twenty painting by Leonardo da Vinci and the only one in private hands, the Salvator Mundi will be offered in Christie's Evening Sale of Post-War and Contemporary Art on November 15, 2017, in New York, with an estimation in the region of 100 million US dollars. / AFP PHOTO / Jewel SAMAD / RESTRICTED TO EDITORIAL USE - MANDATORY MENTION OF THE ARTIST UPON PUBLICATION - TO ILLUSTRATE THE EVENT AS SPECIFIED IN THE CAPTION (Photo credit should read JEWEL SAMAD/AFP/Getty Images)

ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ ရေးဆွဲခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ နှစ် ၅၀၀ သက်တမ်းရှိ ခရစ်တော်ပန်းချီကားဟာ နယူးယော့ခ်မြို့ လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၄၅ဝနဲ့ စံချိန်တင်လေလံအောင်မြင်ခဲ့ပါတယ်။

Salvator Mundi (Saviour of the World-ကမ္ဘာ့ကယ်တင်ရှင်)လို့ လူသိများတဲ့ ဒီပန်းချီကားဟာ လေလံပြပွဲမှာ ဈေးအများဆုံးရတဲ့ အနုပညာလက်ရာ
ဖြစ်လာခဲ့ပါတယ်။ မိုနာလီဇာပန်းချီကားကို ရေးဆွဲခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီဟာ ၁၅၁၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ကမ္ဘာပေါ်မှာ ကျန်ရစ်ခဲ့တဲ့ သူ့လက်ရာ ဆီဆေးပန်းချီကား ၂၀ ပြည့်အောင်မရှိပါဘူး။

၁၆၀၀ ပြည့်နှစ်တစ်ဝိုက်က အင်္ဂလန်ပြည့်ရှင် ချားလ်ဘုရင်(၁)ရဲ့ လက်ရွေးစင် ပန်းချီကားစုဆောင်းမှုထဲ ပါဝင်ခဲ့ဖွယ်ရှိတဲ့ ဒီပန်းချီကားဟာ ၁၉၅၈ ခုနှစ် လန်ဒန်မြို့လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၆၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီပန်းချီကားက ဒါဗင်ချီရဲ့လက်ရာမဟုတ်ဘူး၊ သူ့တပည့်တစ်ယောက် ရေးဆွဲခဲ့တာလို့ လူတွေ မှတ်ယူခဲ့ကြပြီး အချိန်အတော်ကြာ တိမ်မြုပ်နေရာကနေ ၂၀၀၅ ခုနှစ်မှာ တစ်ကျော့ပြန် ပေါ်လာခဲ့ပါတယ်။ အခုလေလံပြပွဲမတိုင်မီ ဒီပန်းချီကားကို ရုရှားနိုင်ငံက အနုပညာပစ္စည်း စုဆောင်းသူက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၇.၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မိနစ် ၂ဝနီးပါး ကြာမြင်တဲ့ လေလံဆွဲမှုမှာ အမည်မဖော်လိုသူတစ်ဦးက ဖုန်းထဲကနေ လေလံဆွဲခဲ့တာဖြစ်ပြီး နောက်ဆုံးဈေးအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးခဲ့တာကြောင့် စုစုပေါင်းတန်ဖိုး
အမေရိကန်ဒေါ်လာ ၄၅၀.၃ သန်း ကျသင့်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top