၂၀၂ဝခုနှစ် မေလမှာ ရုံတင်ပြသတော့မယ့် Black Widow ဇာတ်ကား

Black-Widow.jpg

မင်းသမီးချောလေး စကားလက် ဂျွန်ဟန်ဆန် (Scarlett Johansson) အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “Black Widow” ဇာတ်ကားဟာ Marvel ပရိသတ်တွေအချိန်အကြာကြီးစောင့်ဆိုင်းနေရတဲ့ စူပါဟီးရိုးဇာတ်ကားတွေထဲက တစ်ကားအပါအဝင်ဖြစ်ပါတယ်။ အခုဆိုရင် Marvel က အဲဒီဇာတ်ကား ရုံတင်ပြသတော့မယ့် ရက်အတိအကျကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ Marvel ပရိသတ်တွေက “Black Widow” ဇာတ်ကားကို လာမယ့်နှစ် ၂၀၂၀ ခုနှစ် မေလ (၁) ရက်နေ့မှာ ကြည့်ရှုရတော့မှာပါ။

“Black Widow” ရုပ်ရှင်ကားမှာ စကားလက်ကို နာတာရှာ ရိုမန်နော့ ဇာတ်ကောင်အနေနဲ့ မြင်တွေ့ရမှာဖြစ်သလို အပြစ်အနာဆာမရှိတဲ့ဇာတ်ရုပ်အနေနဲ့လည်း မြင်ရမှာဖြစ်ပါတယ်။ “အပြည့်အဝနားလည်ပေးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ နာတာရှာအဖြစ် ပါဝင်ခွင့်ရပါတယ်။ နာတာရှာရဲ့အပြစ်အနာဆာကင်းတဲ့သရုပ်ကို ပရိသတ်တွေ မြင်တွေ့ရဖို့ကို စိတ်လှုပ်ရှားမိပါတယ်။ ပရိသတ်တွေက ဒီထက်ပိုပြီး ကြည့်ရှုရတော့မှာပါ” လို့ စကားလက်က ပြောပြသွားခဲ့ပါတယ်။

“Black Widow” ရဲ့ဒါရိုက်တာ ကိတ် ရှော့လန် (Cate Shortland) ကလည်း နာတာရှာက “တကယ်တော်တဲ့ဟီးရိုးတစ်ယောက်ပါ” လို့ ပြောကြားရင်း ဒီရုပ်ရှင်ကားကို မျှော်လင့်လို့နေကြောင်း ဆိုပါတယ်။

Marvel ကနေ နောက်ထပ်ရုပ်ရှင်ကားများစွာ ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ Marvel President ကယ်ဗင် ဖိချ် (Kevin Feige) ကလည်း “Fantastic Four” ကို ပြန်လည်ရိုက်ကူးဖို့ အစီအစဉ်ရှိကြောင်း အတည်ပြုပြောကြားထားပါတယ်။ မဟာရှာ အာလီ (Mahershala Ali) က “Blade” ဇာတ်ကားမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်မှာဖြစ်သလို နာတာလီ ပေါ့ထ်မန်း (Natalie Portman) ကိုလည်း “Thor” မိန်းကလေးအနေနဲ့ မြင်တွေ့ရဦးမယ်လို့ သိရပါတယ်။

Ref: AsiaOne “Black Widow movie to be released May 2020”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top