ဂြိုဟ်ပေါ်မှ နမူနာကျောက်သားရယူဖို့ ဂျပန်အာကာသယာဉ် ဂြိုဟ်ပေါ် ဆင်းသက်

in3.jpg

ဂျပန်နိုင်ငံမှ အာကာသယာဉ်တစ်စင်းဟာ ဂြိုဟ်မျက်နှာပြင်ပေါ်မှ နမူနာကျောက်သား ရယူဖို့ ဂြိုဟ်ပေါ်ကို ဆင်းသက်ခဲ့ပါပြီ။

Hayabusa-2 အာကာသယာဉ်ဟာ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ဂရင်းနစ်စံတော်ချိန် ည (၁၁) နာရီအချိန်က Ryugu ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ်မှာရှိတဲ့ ကြိုတင်ရွေးချယ်ထားတဲ့ နေရာမှာ နမူနာကျောက်သား ကောက်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၃) နှစ်ခွဲကတည်းက ကမ္ဘာမြေပေါ်ကနေ ထွက်ခွာသွားခဲ့တဲ့ Hayabusa-2 အာကာသယာဉ်ဟာ ၂၀၁၈ ခုနှစ် ဇွန်လက Ryugu ဂြိုဟ်ကို ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ နမူနာကျောက်သားတွေနဲ့အတူ ကမ္ဘာမြေပေါ် ပြန်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Sampler Horn လို့ အမည်ရတဲ့ ကိရိယာအသုံးပြုပြီး ဂြိုဟ်ပေါ်က ကျောက်သားနမူနာတွေ
ကောက်ယူခဲ့တာပါ။ Tantalum သတ္တုနဲ့လုပ်ထားပြီး အလေးချိန် (၅) ဂရမ်ရှိတဲ့ ကိရိယာအသုံးပြုပြီး ကျောက်သားမျက်နှာပြင်ကို ပစ်ခွင်းခဲ့တာပါ။ Ryugu ဂြိုဟ်မှာ C-type လို့ အမည်ပေးထားတဲ့ သမိုင်းဦးကာလ အာကာသကျောက်သားတွေ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top