အသည်းကင်ဆာအတွက် ဆေးဖက်ဝင်ဆေးများ

liver-and-doctor.jpg

အသည်းကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသပါက လုံးဝ ပျောက်ကင်းနိုင်သည်။ ဆေးဖက်ဝင် ဆေးများသည် သင့်ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ယူဆောင်နိုင်သော်လည်း ၎င်းတို့ကို မသုံးမပြုမီ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးသင့်သည်။ ပို၍ စဉ်းစား ဆင်ခြင်နိုင်ရန် ထို ဆေးဖက် ဝင်ဆေးများအကြောင်းကို ကြည့်ကြရအောင်။

ဇီရာ

ဇီရာသည် အစေ့ပုံ အသီးရှိသော အပင်တစ်မျိုးဖြစ်ပြီး hepatoma (အသည်း ကင်ဆာအကျိတ်) နှင့် ကူးစက် ပျံ့ပွားခြင်းကို ထိန်းချုပ်နိုင်သည်။ ထိုဆေးဖက်ဝင်သည် အသည်းဆဲလ်များကို apoptosis သို့မဟုတ် စီစဉ်၍ ဆဲလ်သေခြင်းဖြင့် သတ်ကာ အသည်းကင်ဆာ အကျိတ်များကို လျော့ကျရန် ကူညီသည်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ဆေးဖက်ဝင်သော စွမ်းရည်များနှင့် ချတ်ပြုတ်နိုင်သော စွမ်းရည်များကြောင့် နှစ်ထောင်ပိုင်းများစွာ ကတည်းက အသုံးပြုလာကြသည်။ ကြက်သွန်ဖြူမှ ဆာလဖာပါသော ဒြပ်ပေါင်း အထူးသဖြင့် alicin နှင့် allin တို့သည် အသည်းကင် ဆာဆဲလ်များ တိုးပွားခြင်းနှင့် ရွေ့ပြောင်းခြင်းကို တားမြစ်နိုင်သည်ဟု ယုံကြည်ကြသည်။

ဆူးလေးပင်

ဆူးလေးပင်သည် အသည်းကို သန်မာစေသည်ဟု သိကြပါသည်။ ထိုဆေးဖက်ဝင်သည် ဓာတုကုထုံး ခံယူနေစဉ်အတွင်း အသည်းကို ကာကွယ်ပေးနိုင်သည်ဟု သက်သေပြနိုင်ပြီး ဖြစ်သည်။

Wheetgrass

Wheetgrass သည် သွေးသန့်ဆေး၊ အသည်းနှင့် ကျောက်ကပ်ကို သန့်ရှင်းစေသော ဆေးအဖြစ် ဆောင်ရွက် ပေးသည်။ လေ့လာမှုများအရ နေ့စဉ် အသုံးပြုပြီး နှစ်ပတ် အကြာတွင် သွေးနှင့် တစ်ရှူးတွင်း အောက်စီဂျင် ပမာဏ များလာပြီး သွေးလှည့်ပတ်ခြင်းလည်း တိုးတက် ကောင်းမွန်လာသည်။

Echinacea

Echinacea ကို ကိုယ်ခံအားစနစ် မြင့်တင်ဆေးဟု သိကြ ပါသည်။ ထိုဆေးဖက်ဝင်သည် အအေးမိခြင်းကို ကုသရာ တွင် နာမည်ကျော်ကြားသည်။ လေ့လာမှုများအရ ၎င်းသည် ခန္ဓာကိုယ်တွင်း ကိုယ်ခံအားနှင့်ဆိုင်သော သွေးဖြူဥ ပမာဏကို များစေသည့်အပြင် ဦးနှောက်ကင်ဆာတွင်လည်း အကူအညီ ဖြစ်စေသည်။

သွေးမြစ်

လေ့လာချက်များအရ သွေးမြစ်တွင် လျောကန်သော ကင်ဆာ တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ၎င်းသည် ကင်ဆာအကျိတ်များကို တိုက်နိုင်သည်ကိုလည်း ပြသပြီး ဖြစ်သည်။

Astragalus

Astragalus သည် တရုတ်ဆေးဖက်ဝင်တစ်မျိုးဖြစ်ပြီး ကိုယ်ခံအား စနစ်ကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်မှ သဘာဝအတိုင်း interferon ထုတ်မှုကို လှုံ့ဆော်ပေးသည်။ ၎င်းသည် လေလွင့်နေသော ဆဲလ်များကို ကိုယ်ခံအားစနစ်က ရှာဖွေ ဖော်ထုတ်နိုင်ရန်လည်း ကူညီပေးသည်။

Butcher broom

ဤ ဆေးဖက်ဝင်၏ ပါဝင်ပစ္စည်း တစ်ခုသည် ruscogenins ဖြစ်ပြီး ၎င်းတွင် အကျိတ်ကို သေးစေသော၊ အရိုးဖြစ်ပေါ်မှုကို ဆန့်ကျင်သော စွမ်းရည်များ ရှိသည်။

PAU D’AECO

ဤအပင်၏ သစ်ခေါက်သည် အစွမ်းထက်သော ကင်ဆာ ဆန့်ကျင်ပစ္စည်းဟု ပထမဦးစွာ တွေးထင်ကြသည်။ သို့သော် နောက်ပိုင်းတွင် ၎င်း၏ လှုပ်ဆောင်မှုများမှာ ဘတ်တီးရီးယား၊ မှိုနှင့် အဏုဇီဝ ပိုးကောင်များကို တိုက်ထုတ်သည်ဟု ရှင်းလင်းကြသည်။ ထိုလှုပ်ဆောင်မှုသည်လည်း အချို့ အသည်းကင်ဆာ ဖြစ်ပွားမှုများတွင် လုံလောက်သည်။ ပါဝင်ပစ္စည်းများအပေါ် လေ့လာမှု အသစ် များအရ quinoids သည် ကိုယ်ခံအားကို သန်မာစေပြီး သွေး နှင့် ပြန်ရည်ကြော ကင်ဆာများတွင် အကူအညီ ရပုံပေါ်ပါသည်။

Sweet Wormwood

၎င်းသည် တရုတ် ဆေးဖက်ဝင်တစ်မျိုး ဖြစ်ပြီး ငှက်ဖျား ကာကွယ်ဆေး အချို့ထက် ပိုအစွမ်းထက်သည်။ အကူအညီ ပေးသော အေဂျင်စီများတွင် ယခုအသုံးပြုနေသည်။ ၎င်းသည် အဏုဇီဝ ပိုးကောင်များနှင့် မှိုများကို ကောင်းစွာ တိုက်ထုတ်နိုင်သည်။ Candida မှိုကို ဆန့်ကျင်သော စားသောက်မှု ပုံစံ၏ ထိရောက်သော အစိတ်အပိုင်း တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အချို့ ကင်ဆာကုသမှုများသည် မှိုများ ပိုပေါက်ခြင်းကို ဖြစ်စေသည် (ဥပမာ သွေးကင်ဆာ ကုသမှု)။ ၎င်းသည် လူနာ၏ ကျန်းမာရေးကို ခြမ်းခြောက်သည်။ မှိုများ အလွန်ပေါက်ခြင်းကို အချို့ ကင်ဆာပညာရှင်များက ကင်ဆာဖြစ်စေသော အကြောင်းရင်းတစ်ခုဟု ပြောသည်။

ရေးသားသူ Zin Wai Yan Lin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top