မွေးချင်းတွေထဲမှာ အငယ်ဆုံးကလေးတွေက ဟာသဉာဏ်အရွှင်ဆုံးဖြစ်

68445514_2419312181659856_229092121049563136_n.jpg

သင်ဟာ မွေးချင်းမောင်နှမတွေထဲမှာ အကြီးဆုံးဆိုရင် မိသားစုတွေကို စောင့်ရှောက်ကျွေးမွေးဖို့ တာဝန်အရှိဆုံးသူ၊ မိသားစုဝင်တွေကြားမှာ အားကိုးရဆုံးသူဖြစ်တယ်လို့ သေချာပေါက်ခံစားမိမှာပါ။ တကယ်တော့ သင့်အောက်က အငယ်ဆုံးညီအစ်ကိုမောင်နှမတွေကလည်း သင့်ရဲ့စိတ်ကို ပေါ့ပါးအောင်၊ မိသားစုဝင်တွေကို ပျော်ရွှင်အောင်လုပ်နိုင်ပါတယ်။ ဒီအချက်ကို သိပ္ပံပညာရှင်တွေကလည်း ထောက်ခံထားကြပါတယ်။

YouGov ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာအွန်လိုင်းအဖွဲ့အစည်းက မွေးချင်းမောင်နှမတွေထဲမှာ အကြီးဆုံးနဲ့ အငယ်ဆုံးတို့ရဲ့ စိတ်နေသဘောထားဟာ သိသိသာသာကွာခြားမှုရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ မွေးချင်းမောင်နှမတွေနဲ့ယှဉ်တဲ့အခါ ဟာသဉာဏ်ရွှင်ဆုံးသူတွေကို စစ်တမ်းကောက်မေးမြန်းခဲ့ပါတယ်။ အဲဒီစစ်တမ်းက သူတို့ရဲ့ကိုယ့်ကိုယ့်ကို ယုံကြည်ချက်ရှိလွန်းမှု၊ တာဝန်ယူနိုင်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်တွေနဲ့လည်း သူတို့ကို အဆင့်သတ်မှတ်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ မွေးချင်းမောင်နှမမှာ အငယ်ဆုံးလေးက မိသားစုဝင်တွေကို စိတ်ပျော်ရွှင်အောင်လုပ်ဖို့ အမြဲကြိုးစားပြီး သူတို့နဲ့နေရင် ပိုပြီးရယ်စရာကောင်းတယ်လို့ တွေ့ရှိရပါတယ်။ သူတို့က ဟာသဉာဏ်ရွှင်တာအပြင် အခြားပင်ကိုယ်စရိုက်လေးတချို့ရှိပါသေးတယ်။ သူတို့ဟာ ပိုပြီး စွန့်စားလိုစိတ်ရှိတယ်၊ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်၊ လူတွေနဲ့လည်း ပေါင်းတတ်သင်းတတ်ပါတယ်။ အငယ်ဆုံးတွေက ပိုပြီးဖန်တီးလိုစိတ်ရှိတယ်လို့လည်း ပြောလို့ရပါတယ်။

ဒီဆောင်းပါးကို မွေးချင်းတွေထဲမှာ အကြီးဆုံးဆိုတဲ့သူတွေ ဖတ်မိမယ်ဆိုရင် အကြီးဆုံးတွေက အငယ်ဆုံးလေးတွေထက် မိဘတွေက အားကိုးရပြီး IQ ပိုမြင့်တယ်လို့ ပြောလိုက်ပါရစေနော်..။

Ref: TOI “The youngest sibling is the funniest, reveals science”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top