အရည်ပျော်ပျောက်ကွယ်သွားခဲ့တဲ့ရေခဲစိုင်တစ်ခုရဲ့ဈာပန

68664558_2222222074570371_5931526831378268160_n.jpg

သြဂုတ်လ (၁၈) ရက်နေ့က အိုက်စလန်နိုင်ငွံမှာပြုလုပ်တဲ့ဈာပနတစ်ခုကတော့ ပုံမှန်တဲ့မတူ တမူထူးခြားနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတစ်ဦးကွယ်လွန်လို့ပြုလုပ်တဲ့ဈာပနမျိုးမဟုတ်လို့ပါပဲ။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြီး အပူချိန်မြင့်တက်လာမှုကြောင့် အိုက်စလန်နိုင်ငံမှာရှိတဲ့ရာပေါင်းများစွာသောရေခဲစိုင်တွေထဲကတစ်ခုဖြစ်တဲ့ Okjokull ရေခဲစိုင်ကြီး အရည်ပျော်ပျောက်ကွယ်သွားခဲ့လို့ ဒီဈာပနကိုပြုလုပ်တာဖြစ်ပါတယ်။ ယခင်က Ok မီးတောင်ထိပ်မှာရှိခဲ့ဖူးတဲ့ ရေခဲစိုင်ကြီးဟာ အခုတော့ သာမန်ရေခဲချပ်ငယ်တစ်ခုသာသာပဲရှိတော့အောင် အရည်ပျော်သွားခဲ့တာဖြစ်ပါတယ်။

ဈာပနအခမ်းအနားကို သိပ္ပံပညာရှင်တွေ ဒေသခံတွေနဲ့အတူ အိုက်စလန်ဝန်ကြီးချုပ် Katrin Jakobsdottir၊ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီနဲ့ အိုင်ယာလန်သမ္မတဟောင်း Mary Robinson တို့လည်း တက်ရောက်ခဲ့ကြပါတယ်။>

Jakobsdottir က အဖွင့်စကားပြောကြားပြီးတဲ့နောက် ဈာပနပို့ဆောင်သူတွေက Reykjavik မြို့တော်အရှေ့မြောက်ဘက်မှာရှိတဲ့မီးတောင်ပေါ်ကို အတူတက်ရောက်ခဲ့ကြပြီး နောင်လာနောင်သားတွေသိရှိနိုင်အောင် ကမ္ဓည်းစာသားရေးထိုးထားတဲ့သတ္ထုပြားတစ်ချပ်ကိုလည်း အဲဒီနေရာမှာ အမှတ်အသားပြုထားရှိခဲ့ကြပါတယ်။

Ref: CGTN
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top