လက်ဖက်စိမ်းရယ် ရှားစောင်းလက်ပတ်ရယ်က လူတွေထင်သလို အရေပြားအတွက် တကယ်အသုံးဝင်ရဲ့လား

matcha-tea-powder.jpg

အခုနောက်ပိုင်း အသားရေထိန်းသိမ်းတဲ့ အလှကုန်တွေ ရွေးချယ်တဲ့အခါမှာ “Natural” ဆိုတဲ့ စကားလုံးက အရမ်း Trend ဖြစ်နေတဲ့ အ တွက် လူတော်တော် များများက အသားအရေထိန်းသိမ်းတဲ့နေရာမှာ သုံးနေတဲ့အလှကုန်ပစ္စည်းတွေထဲမှာ Chemical (ဓါတုပစ္စည်းတွေ) ဘယ် လောက် များများပါလဲဆိုတာ ပိုပိုသတိပြုပြီး ကြည့်လေ့ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးထင်နေတာက သူတို့သုံးနေတဲ့ အလှကုန် ပစ္စည်းတွေထဲက ဓါတုပစ္စည်းတွေက အသားအရေကို ကျန်းမာလှပစေတာနည်းနည်း ထိခိုက်စေတာများများလို့ ထင်ကြလို့ပါ။ အထူးသဖြင့် ကျန်းမာရေးဆပ်ပြာတို့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတို့ ရွေးချယ်တဲ့နေရာမှာ လူတော်တော်များများက ဓါတုပစ္စည်း တွေနဲ့ ပြုလုပ် ထားတဲ့ ထုတ်ကုန်တွေအစား သဘာဝပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ ကုန်ပစ္စည်းတွေ ကိုပဲ ပိုမိုနှစ်သက်လာကြပါတယ်။

သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ကျန်းမာရေးပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာမှ အခုနောက်ပိုင်း အသုံးများ လာတဲ့ ပါဝင်ပစ္စည်းတွေကတော့ လက်ဖက်စိမ်းနဲ့ ရှားစောင်းလက်ပတ်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ထဲမှာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုတာထက်စာရင် ကျန်းမာရေးဆပ်ပြာလို ကုန်ပစ္စည်းမျိုးထဲမှာ ပါဝင်ပစ္စည်းအဖြစ် အသုံးပြုတာက လူ တွေထင်သလောက် တကယ်ရော အသုံးဝင်ရဲ့လား။ လက်ဖက်စိမ်းအကြောင်း အရင်စပြောရအောင်။ လက်ဖက်စိမ်းလို့ပြောရင် အခုတစ် လော တော်တော်ခေတ်စားနေတဲ့ အမျိုးအစားကတော့ Matcha ပါ။ Matcha ကိုတော့ သူ့ရဲ့ထူးခြားတဲ့ အရသာကြောင့်ရယ် သူ့ရဲ့ အံ့အား သင့် စရာကောင်းတဲ့ များစွာသော အကျိုးကျေးဇူးတွေရယ်ကြောင့်ပါ။ Matcha မှာတော့ များစွာသော Antioxidant တွေပါဝင်ပါတယ်၊ Matcha ကတော့ ရိုးရိုး လက်ဖက်စိမ်းထက် antioxidant ၁၃၇ ဆ ပိုပါဝင်ပါတယ်။

Matcha ရဲ့ အသားအရေပြဿနာ တွေကိုဖြေရှင်းပေးတဲ့ အဓိကဓာတ်တွေကတော့:

EGCG (Epigallocatechin-3-gallate) – ဒီ Antioxidant ကတော့ ပိုးမွှားသေစေတဲ့ ဂုဏ်သတ္တိများစွာပါဝင်ပြီး ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်အောင်ရယ်၊ လူတွေကို ဒုက္ခပေးနိုင်တဲ့ Free Radicals တွေကိုလဲ တားစီးပေးနိုင်ပါတယ်။ ဒီ Antioxidant က နေဒဏ် ကြောင့် အသားအရေထိခိုက်တာ တွေရယ် အရေပြားကင်ဆာ ဖြစ်နိုင်ချေကိုလဲ လျှော့ချပေးနိုင်ပါတယ်။

ကလိုရိုဖီးလ် – ဒါကတော့ Matcha မှာ နောက်ထပ် အများဆုံးတွေ့ရတဲ့ Antioxidant အမျိုးအစားပဲ ဖြစ်ပါတယ်။ သူကတော့ သစ်ရွက် တွေမှာ အများဆုံးတွေ့မြင်ရတဲ့ နေရောင်အသုံးပြုပြီး အစာချက်ပေးတဲ့ အစိမ်းရောင် မော်လီကျူးပဲ ဖြစ်ပါတယ်။ သူရဲ့ဂုဏ်သတ္တိကတော့ ခန္ဓာကိုယ်ပေါ်က အဆိပ်အတောက်တွေ ပြေစေတာပါပဲ။

Matcha ထဲမှာ အခြားပါဝင်တဲ့ ဗီတာမင်အေ နဲ့ ဗီတာမင်စီ တို့ကလည်း UV ဒဏ်ကြောင့် အသားအရေ ပျက်စီးတာ၊ ခန္ဓာကိုယ်ထဲက ဆဲလ် တွေရဲ့ မွေးဖွားမှုနှုန်းရယ် ကြီးထွားမှုနှုန်းရယ်ကို မြှင့်တင်စေတာ၊ ရောဂါ ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပေးတာ၊ ညစ်ညမ်းမှု ပေါင်းစုံဒဏ် ကနေ ကာကွယ်ပေးတာ၊ ရေဓာတ်ဖြည့်ပေးတာ၊ အသားအရေကို နှုးညံ့ပြီး အရွယ်တင်စေတာ၊ အစရှိတဲ့ ကောင်းကျိုးများစွာပေးပါတယ်။

ဒါဆို ရှားစောင်းလက်ပတ်ကရော။ ရှားစောင်းလက်ပတ်ရဲ့ ကောင်းကျိုးတွေကတော့ ပြောမဆုံးပါပဲ။ ရှားစောင်းလက်ပတ်ကတော့ သူ့ရဲ့ ရောဂါပိုးမွှားသေစေ၊ အရောင်ကျစေ၊ မှိုသေစေတဲ့ ဂုဏ်သတ္တိတွေ ရှိတဲ့အပြင် နူးညံ့ပြီး စိုစွတ်ကောင်းမွန်တဲ့ အတွက်ကြောင့် အရေပြား ပြဿနာ တော်တော်များများကို ဖြေရှင်းတဲ့နေရာမှာအသုံးများဆုံး သဘာဝပစ္စည်းပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ နူးညံ့ပြီး စိုစွတ် ကောင်းမွန်ရုံသာမက အနာကျက်မြန်ပြီး ပိုးသေစေတဲ့ ဂုဏ်သတ္တိတွေကြောင့် နှင်းခူလိုမျိုး အသားအရေ လောင်ကျွမ်း ကွဲအပ်တဲ့ အရေပြား ရောဂါမျိုးတွေအတွက် အသင့်တော်ဆုံး သဘာဝဆေးပဲ ဖြစ်ပါတယ်။ နောက်ပြီး ရှားစောင်းလက်ပတ်က တော်ရုံဆေးမတိုးတဲ့ ဘက်တီး ရီးယား တွေကိုလဲ သေစေနိုင်တဲ့ အတွက်ကြောင့် အရေပြားယားယံခြင်းနဲ့ အခြားအရေပြားရောဂါတွေ မဖြစ်အောင်၊ အမြန်ပျောက်ကင်း အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

ဒီလိုမျိုးအသားအရေအတွက် အကောင်းဆုံးဖြစ်တဲ့ သဘာဝပါဝင်ပစ္စည်း နှစ်မျိုးကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ ကျန်းမာရေးဆပ်ပြာ Lifebuoy ရဲ့ ဆပ်ပြာသစ် Lifebuoy Matcha ကတော့ လတ်တလော ဈေးကွက်ထဲမှာ စတင်ပြီး မြင်တွေ့နေရပါပြီ။ ဒီ Lifebuoy Matcha ရဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ ဖော်မြူလာကတော့ ပိုမိုကောင်းမွန်တဲ့ အရေပြားကာကွယ်မှုကိုပေးပြီး ပိုးမွှားတွေကို ဖယ်ရှားပေး တယ်လို့ သိရှိရပါတယ်။

ရှားစောင်းလက်ပတ်ကပေးတဲ့ အေးမြတဲ့ ခံစားချက်နဲ့အတူ Matcha ရဲ့ သဘာဝ ထူးခြားတဲ့ရနံ့နဲ့ပေါင်းစပ်ထားတဲ့အတွက် ရေချိုးတိုင်း ကိုယ်ခန္ဓာနှင့် စိတ်ကို လန်းဆန်းစေပြီး သဘာဝအတိုင်း ရောဂါပိုးမွှားကာကွယ်မှုကို ရရှိစေတယ်လို့လည်း သိရှိရပါတယ်။ Lifebuoy Matcha ကို အမြို့မြို့အနယ်နယ်ရှိ ဈေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top