တစ်နေ့ကို ဆီးဘယ်နှစ်ကြိမ်သွားသင့်လဲ

yyl099032.jpg

တစ်နေ့ကို ဆီးဘယ်လောက်သွားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး စာဖတ်သူတွေ သိချင်ကြမယ်ထင်ပါတယ်။ ခဏခဏ ဆီးသွားရတဲ့ရက်တွေရှိသလို အခြားရက်တွေမှာဆိုရင် ကွန်ပျူတာသုံးနေရလို့ အချိန်အကြာကြီးထိုင်နေရတဲ့အတွက် နာရီတော်တော်ကြာမှ ဆီးသွားရတဲ့အခါလည်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် တစ်နေ့ကို ဆီးဘယ်နှစ်ကြိမ်သွားသင်လဲဆိုတာက အရမ်းအရေးကြီးပါတယ်။

ဆီးဘယ်နှစ်ကြိမ်သွားသင့်လဲ?


ဆီးသွားတဲ့အကြိမ်အရေအတွက်က တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြပါဘူး။ တကယ်တော့ ကျန်းမာတဲ့လူတစ်ယောက်က တစ်နေ့ကို (၄-၁၀) ကြိမ်ဝန်းကျင်လောက် ဆီးသွားကြပပေမဲ့ အောက်မှာ ဖော်ပြပေးထားတဲ့အချက်တွေေကြောင့်လည်း ဒီအကြိမ်အရေအတွက် ပြောင်းလဲသွားနိုင်တာကြောင့် ပုံမှန်ဆိုရင် တစ်နေ့ကို (၆) ကြိမ်ကနေ (၈) ကြိမ်ထိ ဆီးသွားသင့်ပါတယ်။

၁။ အသက်အရွယ်

၂။ ရေသောက်နှုန်းပမာဏ

၃။ ဆီးအိမ်အရွယ်အစား

၄။ အရက်နဲ့ကဖင်းဓာတ်သောက်သုံးမှု

၅။ ဆေးဘက်ဆိုင်ရာအခြေအနေများ

၆။ ဆေးဝါး

သင်ဟာ ကော်ဖီသောက်သုံးမှုများမယ်ဆိုရင် ဆီးသွားတဲ့နှုန်းကလည်းများနိုင်ပါတယ်။ ကဖင်းဓာတ်က ဆီးရွှင်စေတဲ့အတွက် ခဏခဏဆီးသွားစေပါတယ်။ အလားတူစွာပဲ ဆီးအိမ်သေးရင်လည်း ပိုပြီးဆီးသွားရပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းအပါအဝင် တစ်ချို့ဆေးဘက်ဆိုင်ရာအခြေအနေတွေကလည်း ဆီးသွားနှုန်းကို သက်ရောက်နိုင်ပါတယ်။ သင့်ဆီးသွားနှုန်းက ပုံမှန်ဖြစ်လား၊ မဖြစ်ဘူးလားဆိုတာ သိရဖို့အတွက် လွယ်တော့မလွယ်ကူလှပါဘူး။

ဘယ်အချိန်မှာ စိုးရိမ်ရမလဲ

သင်ဟာ နာရီတိုင်းသန့်စင်ခန်းကို အလောတကြီးသွားနေရပြီး ဆီးနည်းနည်းသာသွားနေရရင် ဆရာဝန်သိသင့်ပါပြီ။ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုရင် ရောဂါပိုးမွှားတွေရှိနေတယ်ဆိုတဲ့ လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့အချိန်တွေမှာ ပြင်းထန်တဲ့ပြောင်းလဲမှုတစ်ချို့ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ဖို့အကြံပြုလိုက်ရပါတယ်။

Ref: TOI “Here’s how often you should be peeing in a day”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top