ဆီပူလောင်ခြင်းကို အရေးပေါ်ကုသနည်း

yyl099031.jpg

ဟင်းချက်၊ကြော်လှော်တဲ့အချိန်တွေမှာ ဆီပူလောင်တာ၊ အပူလောင်တာတွေကို လူတိုင်းအဖြစ်များကြပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ အရမ်းနာပြီး အသားရေမှာ အနာကျန်ခဲ့တာ၊ ရောဂါပိုးမွှားဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီပူလောင်တဲ့အခါတိုင်း၊ အပူလောင်တဲ့အခါတိုင်း ချက်ချင်းကုသပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆီပူလောင်ပြီးဆိုတာနဲ့ အရေးပေါ်ဘယ်လိုကုသပေးရမလဲဆိုတာကို စာဖတ်ပရိသတ်တွေကို မျှဝေပေးလိုက်ရပါတယ်။

ရေအေး၊ ရေခဲအိတ်နဲ့ ကုပါ

အရင်ဆုံးကျွန်တော်တို့လုပ်ရမှာက သင့်လက်ကို ရေအေးထဲစိမ့်ထားလိုက်ပါ။ ဒါက ဆီပူလောင်တာ၊အပူလောင်တာကို သက်သာသွားစေပါလိမ့်မယ်။ အပူလောင်တဲ့နေရာကို အေးသွားအောင်လုပ်ပေးရပါတယ်။ ဒါကြောင့် ရေခဲအိတ်ကပ်ပေးတာ၊ ရေအေးစိမ့်ပေးတာတွေ ပြုလုပ်ပေးရပါတယ်။

အပူလောင်တာ၊ ဆီပူလောင်တာက အသားကို အရမ်းထိသွားလားကြည့်ပါ

အပူလောင်တာ၊ ဆီပူလောင်တာတွေက ကျွမ်းကျင်ပညာရှင်တွေနဲ့ ကုသပေးဖို့လိုအပ်ပါတယ်။ ချက်ချင်းကြီး ဆရာဝန်ကို ပြဖို့ မဖြစ်နိုင်ဘူးဆိုရင် မိမိကိုယ်တိုင် အိမ်မှာကုပေးလို့ရပါတယ်။ အပူလောင်တဲ့လက္ခဏာတွေကို ကြည့်ပြီးတော့ အပူလောင်တာက ဆိုးရွားလား၊ မဆိုးရွားလားဆိုတာကို သိလို့ရပါတယ်။ အပူလောင်တဲ့နေရာက စပ်ဖျဉ်းစပ်ချဉ်းနဲ့ ယားကျိယားကျိဖြစ်နေသလိုခံစားရရင် အပူလောင်တာ၊ ဆီပူလောင်တာ အနီရောင်သမ်းနေရင် ဒါက သေချာပေါက် ပထမအဆင့်အပူလောင်တာဖြစ်ပါတယ်။ ဒါပေမဲ့ အပူလောင်တာ၊ ဆီပူလောင်တာက အရေပြားကွာကျပြီး အတွင်းသားကို မြင်နေရရင် စိုးရိမ်ဖို့လိုပါတယ်။

ပထမဆုံးအဆင့်အပူလောင်တာ၊ ဆီပူလောင်တာဆိုရင် နာကျင်မှုကို သက်သာဖို့ ရေခဲအိတ်ကပ်ပေးလို့ရပါတယ်။ အပူလောင်တာ၊ ဆီပူလောင်တာတွေအတွက် ဒဏ်ရာကို သန့်စင်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ သဘာဝရှောင်စောင်းလက်ပတ်ကလည်း အပူလောင်တာကို ကုသပေးနိုင်ပါတယ်။ အပူလောင်တာအရမ်းကြီးပြင်းထန်ရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

Ref: TOI “Burned yourself cooking? Here’s what you need to do”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top