ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ဆိုမာလီ ရေတပ်ဗိုလ်ချုပ်

mohamed-mursal.jpg

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူမှာ ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ဗိုလ်ချုပ်တစ်ဦး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အာဖရိကသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ အကူအညီနဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ဆိုမာလီ စစ်တပ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဆွေးနွေးချိန်အတွင်း အငြင်းပွားရာမှ ဗိုလ်ချုပ် အာဒင်ယူဆက်ဖ်ကို သူ့လက်ထောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးက ပစ်သတ်ခဲ့တာပါ။

ရေတပ်ဗိုလ်ချုပ်ကို ပင်လယ်ဆိပ်ကမ်းမှာ သူလက်ထောက်ဖြစ်သူက ပစ်သတ်ခဲ့တာဖြစ်ပြီး ပစ်သတ်ခဲ့သူကို ဖမ်းဆီးထားသလို စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ရေတပ် အရာရှိ အာမက်အလီကပြောပါတယ်။ ဒေသခံတစ်ဦးဖြစ်သူ နုအာမိုဟာမက်က ဗိုလ်မှူးကြီးဟာ ပစ္စတိုနဲ့ အချက်ပေါင်းများစွာ ပစ်ခဲ့ပြီး ရေတပ်ဗိုလ်ချုပ် ရဲ့ ဦးခေါင်းကိုထိမှန်ခဲ့လို့ပြောပါတယ်။ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့ ဟာ ဆိုမာလီအစိုးရအဖွဲ့ကို ဖြုတ်ချဖို့ တိုက်ခိုက်နေတာဖြစ်ပြီး အစ္စလာမ် ရှီးယိုက် ဥပဒေကိုအခြေခံပြီး ကိုယ်ပိုင် ဥပဒေသတ်မှတ်ထားဖို့ စီစဉ်နေပါတယ်။ အယ်ရှာဘတ်အဖွဲ့ ဟာ မိုဂါဒစ်ရှုးမြို့နဲ့အခြား နေရာတွေကိုအကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြင့်လုပ်နေခဲ့ပါတယ်။ ဆိုမာလီနိုင်ငံဟာ သမ္မတ မိုမာမက်ဒ် ဆာဒီဘာရီ ရာထူးက ဖြုတ်ချခံရတဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်းတည်းက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တောင့်တင်းခိုင်မာတဲ့ ဗဟိုအစိုးရတစ်ရပ် ပုံဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။

Ref: Reuters: Somali general shot dead in capital Mogadishu

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top