နေ့တိုင်း စက်ဘီးစီးပေးခြင်းရဲ့အကျိုးကျေးဇူးများ

27-6-2022-yyl11.jpg

ကျန်းကျန်းမာမာရှိဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိဖို့လည်း လိုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ (ဒါမှမဟုတ်) ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာက အဝလွန်တာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ စိတ်ရောဂါ၊ ဆီးချိုရောဂါလို ရောဂါများစွာကို ကာကွယ်ပေးနိုင်ပါတယ်။

စက်ဘီးစီးခြင်းရဲ့အကျိုးကျေးဇူးများ

စက်ဘီးစီးတာက သင့်ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ဖို့နဲ့ ကျန်းမာရေးပြဿနာအများစုကနေ ကင်းဝေးဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ စက်ဘီးစီးတာကို အသက်အရွယ်မရွေး လုပ်လို့ရနိုင်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပါ တိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းမျိုးလည်းဖြစ်ပါတယ်။ စက်ဘီးစီးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

နှလုံးကျန်းမာရေးကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးတယ်

သွေးတိုးရောဂါ၊ ကိုယ်လက်စထရောများတာ၊ လေဖြတ်တာနဲ့နှလုံးရောဂါလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေကို ပုံမှန်စက်ဘီးစီးခြင်းဖြင့် လျှော့ချပေးနိုင်ပါတယ်။ စက်ဘီးစီးတာက သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

အဝလွန်ခြင်းမဖြစ်အောင်၊ ကိုယ်အလေးချိန်ကျအောင် ကူညီပေးတယ်

သုတေသနတွေအရ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်ပတ်ကို အနည်းဆုံး ၂၀၀၀ ကယ်လိုရီလောင်ကျွမ်းအောင်လုပ်နိုင်တယ်လို့ သိရပါတယ်။ တစ်နာရီလောက် စက်ဘီးစီးတာက ၃၀၀ ကယ်လိုရီခန့် လောင်ကျွမ်းစေပါတယ်။ တစ်နေ့ကို (၂) ကြိမ်စက်ဘီးစီးတာက ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေနိုင်ပါတယ်။ စက်ဘီးစီးတာကို ကိုယ်အလေးချိန်ချဖို့နဲ့ ကိုယ်အလေးချိန်ထိန်းဖို့ အထိရောက်ဆုံးနည်းအဖြစ်ယူဆထားပါတယ်။ စက်ဘီးစီးတာက ဇီဝဖြစ်စဉ်အားလည်းကောင်းစေပါတယ်။

စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုပမာဏတွေကို လျှော့ချပေးတယ်

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့သူတွေက မလုပ်တဲ့သူတွေထက် ၃၂ ရာခိုင်နှုန်းလောက် စိတ်ချမ်းသာမှုပမာဏမြင့်မားကြပါတယ်။ စက်ဘီးစီးတာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်တဲ့အပြင် အပြင်ထွက်စီးရတာဖြစ်တဲ့အတွက် သဘာဝတရားကြီးကိုလည်း ခံစားရစေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့စိတ်ဓာတ်ကျမှုတွေကို လျှော့နည်းသွားစေနိုင်ပါတယ်။ တစ်ယောက်တည်းစီးတာထက် အဖွဲ့လိုက်စီးတာက အထီးကျန်သလိုမခံစားရစေတဲ့အပြင် လူမှုဆက်ဆံရေးလည်း ကောင်းလာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

စက်ဘီးစီးတာက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ပုံမှန်စက်ဘီးစီးပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ အထောက်အထားတချို့က ဆိုထားပါတယ်။

ခွန်အားမြှင့်တင်ပေးတယ်

စက်ဘီးစီးတာက ခွန်အားတွေတိုးအောင်၊ အရိုးအဆစ်နာကျင်တာတွေ လျှော့နည်းအောင် ကူညီပေးပါတယ်။ စက်ဘီးစီးတာက အရိုးအဆစ်တွေမှာ ဖိအားနည်းနည်းပဲဖြစ်စေတာကြောင့် အဆစ်ရောင်ရောဂါရှိသူတွေအတွက် အလွန်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

ကြွက်သားတည်ဆောက်ပေးတယ်

စက်ဘီးစီးတာက တံကောက်ကြော၊ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေ ကျစ်လျစ်တောင့်တင်းလာအောင် ကူညီပေးပါတယ်။

ဦးနှောက်စွမ်းအားတိုးမြှင့်ပေးတယ်

စက်ဘီးစီးခြင်းက မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ စက်ဘီးစီးတာက ဦးနှောက်ရဲ့မှတ်ဉာဏ်စင်တာဖြစ်တဲ့ hippocampusမှာ ဦးနှောက်ဆဲလ်အသစ်တွေကို တည်ဆောက်ဖို့အတွက် အကူအညီပေးပါတယ်။

စက်ဘီးစီးဖို့ အကောင်းဆုံးအချိန်

စက်ဘီးစီးခြင်းကနေ အကျိုးကျေးဇူးအများကြီးရရှိနိုငဖို့ဆိုရင် မနက်ခင်းပိုင်း စက်ဘီးစီးပေးတာက အကောင်းဆုံးပါပဲ။ မနက်ခင်းမှာ ဂလူးကို့စ်ပမာဏက ၁၅-၂၀ ရာခိုင်နှုန်းလောက် လျော့နည်းနေကတည်းက အဆီကျဖို့နဲ့ ကိုယ်အလေးချိန်ထိန်းပေးဖို့ ကူညီပေးတာကြောင့် မနက်ခင်းမှာ စက်ဘီးစီးတာ ကောင်းပါတယ်။

ဘယ်လိုလူတွေ စက်ဘီးမစီးသင့်လဲ

ဒူးနဲ့လက်ထိခိုက်နာကျင်နေတဲ့သူတွေက စက်ဘီးစီးတာကို ရှောင်ကျဉ်သင့်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါနဲ့ ဒူးပြဿနာရှိတဲ့သူတွေကလည်း စက်ဘီးမစီးသင့်ပါဘူး။ စက်ဘီးစီးတဲ့အခါ လေကို ပိုပြီး ရှုရှိုက်ရတာကြောင့် နှလုံးခုန်နှုန်းမြင့်မားလာပြီး ပန်းနာရင်ကျပ်တုံ့ပြန်မှုကို တိုးလာစေနိုင်ပါတယ်။

Ref: 7 reasons to cycle every day and who should avoid it

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top