ပရိုတင်းဓာတ်လွန်ကဲစွာ စားသုံးနေမိပြီလား

food-protein-large.jpg

ပရိုတင်းဓာတ်ဆိုတာ နေ့စဉ်စားသုံးမှု အစာအာဟာရထဲမှာ လိုအပ်တဲ့ အသားဓာတ် ဖြစ်ပါတယ်။

ပရိုတင်းဓာတ်ဟာ အားပြည့်ဝစေခြင်း၊ ကြွက်သား သန်မာစေခြင်း၊ ကိုယ်ခံအား တိုးစေခြင်းအစရှိတဲ့ အကျိုးကျေးဇူးများစွာရှိတာကြောင့် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုသလိုပါပဲ အလွန်အမင်း စားသုံးနေမိရင်တော့ သူ့မှာလဲ ဘေးထွက်ဆိုးကျိုးတွေ ရှိလာတတ်ပါတယ်။ ပရိုတင်းဓာတ်လွန်ကဲနေကြောင်း ခန္ဓာကိုယ်က အချက်ပြမှုလေးတွေရှိပါတယ်။ စာဖတ်သူတို့ သတိမမူမိလောက်တဲ့ ဒီအချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်မသက်မသာဖြစ်နေခြင်း

အလုပ်မှာပဲဖြစ်စေ ကိုယ်ရေးကိုယ်တာပဲဖြစ်စေ ကိစ္စကြီးငယ်မရှိပါပဲ အမြဲလိုလိုခေါင်းခဲပြီး စိတ်မပျော်တာ၊ စိတ်ပျက်တာ ဖြစ်နေရင်တော့ ဒါဟာ ပရိုတင်းလွန်ကဲနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကိုဖြေရှင်းချင်ရင် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝတဲ့ အသီးဖျော်ရည်၊ ဒိန်ချဉ်နဲ့ ဂျုံမုန့်တွေကို စားသုံးပေးသင့်ပါတယ်။

ပင်ပန်းနွမ်းနယ်နေခြင်း

တစ်နေကုန် ဘာမှလည်း များများစားစား အလုပ်မလုပ်ရပဲ ဦးနှောက်ကဘာကိုမှ မစဉ်းစားနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေတာ မျက်လုံးတောင် မနည်းအားတင်းပြီး ဖွင့်နေရတာ ဒါတွေကလည်း သင့် ခန္ဓာကိုယ်စနစ်ထဲမှာ ပရိုတင်းဓာတ်တွေ လိုအပ်တာထက် ပိုများနေပြီလို့ သတိပေးနေတာ ဖြစ်နိုင်ပါတယ်။

အချိန်တိုင်းလိုလို ဆာလောင်နေတတ်ခြင်း

မနက်စာနဲ့ နေ့လည်စာကြားမှာ အချိန်နည်းနည်း ပိုမိုကွာဟသွားတဲ့အခါ အလွန်ဗိုက်ဆာလာပြီး တဖြည်းဖြည်း စိတ်တိုလာပါတယ်။ ဒါဟာ တစ်ခါတစ်လေဖြစ်နေရင်တော့ ကိစ္စမရှိပါဘူး။ တစ်နပ်နဲ့တစ်နပ် သိပ်မကွာတာတောင်မှ စိတ်မရှည်တွေဖြစ် ဒေါသတွေလွန်ကဲနေရင်တော့ ပရိုတင်းဓာတ် လွန်ကဲနေပါပြီ။

ကိုယ်အလေးချိန်တွေ တက်လာခြင်း

ဒါကတော့ သိသာထင်ရှားတဲ့ အချက်တစ်ခုပါ။ အသားဓာတ် လွန်ကဲလာသလို ကယ်လိုရီများစွာ ပိုလျှံစေပြီး အဆီတွေကိုလည် မခြေဖျက်နိုင်တော့ပါဘူး။ တခြားဓာတ်တွေနဲ့ မျှတအောင် ပြန်လေ့ကျင့်စားသုံးဖို့ အကြံပြုပါရစေ။

အစာမကြေ ဝမ်းချုပ်လာတတ်ခြင်း

အစာခြေဖျက်ခြင်း လုပ်ငန်းစဉ်ဟာ ပုံမှန်ဖြစ်နေမှ လူ့ခန္ဓာကိုယ်ဟာ ပုံမှန် အလုပ်လုပ်နိုင်ပါတယ်။ ပရိုတင်း စားသုံးမှု သိပ်များပြားလာပါက အစာခြေဖျက်မှုကို သွားထိခိုက်နိုင်ပါတယ်။ အစာကြေဖို့အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ ဆုံးရှုံးပြီး ဝမ်းချုပ်စေတတ်ပါတယ်။ ခဏခဏဝ မ်းချုပ်တာမျိုး ဖြစ်နေရင် ပရိုတင်းဓာတ်တွေ များပြားလွန်းနေကြောင်း သတိပေးချက်တစ်ခုလို့ မှတ်ယူလိုက်ပါ။

ရေမကြာခဏဆာနေတတ်ခြင်း

သိပ်မထင်ရလောက်ပေမယ့် ဒါဟာ ပရိုတင်း လွန်ကဲမှုရဲ့ လက္ခဏာ ဖြစ်နေတတ်ပါတယ်။ ကျောက်ကပ်တွေဟာ များပြားလာတဲ့ ပရိုတင်းဓာတ်တွေကို အချိန်ယူ ခြေဖျက်နေရတဲ့အတွက်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုပါ။ ပိုဆိုးလာရင် သည်းခြေ ကျောက်တည်တာမျိုးအထိ ဖြစ်တတ်ပါတယ်။

ခံတွင်းအနံ့ဆိုးထွက်ခြင်း

ဒါကတော့ သိသာတဲ့အချက်တစ်ခုပါ။ အသီးအရွက်တွေ အစားနည်းပြီး အသားတွေ ပိုစားဖြစ်နေတဲ့အခါ ခံတွင်းအနံ့က သိပ်မကောင်းနိုင်ပါဘူး။ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုပါ ထိခိုက်နိုင်ချေရှိတာမို့ သတိမူသင့်ပါတယ်။

Ref : Rd : 7 Signs You Could Be Eating Too Much Protein

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top