Black Panther မင်းသားအတွက် ၇ နှစ်သားကလေးငယ်ရဲ့ အောက်မေ့တသအခမ်းအနား

31-8-2020-yyl-007.jpg

အူမကြီးကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့တဲ့ Black Panther မင်းသား ချက်ဒ်ဝစ်ဘို့စ်မန်းအတွက် ၇ နှစ်သား ကလေးငယ်တစ်ယောက်က စိတ်နှလုံးထိခိုက်ဖွယ်ကောင်းတဲ့ အောက်မေ့တသမှု ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ Black Panther အရုပ်လေးကို ဘူးထဲထည့်ထားပြီး ဘေးနားမှာ ပန်းတွေ၊ ဆုတံဆိပ်နဲ့ Iron Man လက်အိတ်ကို ချထားတာပါ။ သူ့ရဲ့ Avengers ဟီးရိုးအရုပ်လေးတွေကိုလည်း ဈာပန လိုက်ပါပို့ဆောင်တဲ့ပုံစံမျိုး နေရာချခဲ့ပါတယ်။

ကီယန်ဟာ ချက်ဒ်ဝစ်ဘို့စ်မန်းနဲ့ တစ်ခါမှ မဆုံဖူးသလို Black Panther ဇာတ်ကားကလွဲပြီး သူ ပါဝင်သရုပ်ဆောင်တဲ့ တခြားဇာတ်ကားတွေကိုလည်း မကြည့်ဖူးပါဘူး။ ” လူမည်းကလေးတွေလည်း သူရဲကောင်းတွေ ဖြစ်လာနိုင်တယ်လို့ သူက လမ်းပြပေးခဲ့တာပါ။ ဒါကြောင့် သူက ကျွန်တော်နဲ့ တခြားလူမည်းကလေးတွေအတွက် စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်ပါ။ သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြားလိုက်ရတဲ့ ဖြေမဆည်နိုင်အောင် ဖြစ်မိတယ်။ ငိုမိတယ်။ သူ့အကြောင်းတွေချည်းပဲ ပြောနေမိတယ်”လို့ ကီယန်က ပြောပါတယ်။

ချက်ဒ်ဝစ်ဘို့စ်မန်းဟာ ခွဲစိတ်မှုတွေလုပ်ရင်း၊ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှုခံယူရင်း ရုပ်ရှင်တွေ ရိုက်ကူးခဲ့တယ်ဆိုတာကိုတော့ သူ သေသွားချိန်မှပဲ တစ်ကမ္ဘာလုံးက သိခဲ့ကြတာပါ။ အူမကြီးကင်ဆာ ၄ နှစ်ကြာ ခံစားခဲ့ရတဲ့ ချက်ဒ်ဝစ်ဘို့စ်မန်းဟာ သူကိုယ်တိုင် ကင်ဆာဖြစ်နေချိန်မှာ ကင်ဆာဖြစ်နေတဲ့ ကလေးငယ်တွေကို သွားရောက်တွေ့ဆုံ အားပေးပြီး ပျော်ရွှင်အောင် လုပ်ပေးခဲ့သူဖြစ်ပါတယ်။ ချက်ဒ်ဝစ်ဘို့စ်မန်းဟာ အသက် ၄၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ သူ ကွယ်လွန်သွားတဲ့အကြောင်း တွစ်တာကနေ ရေးသားဖော်ပြမှုဟာ တွစ်တာလူမှုကွန်ရက်မှာ Like အများဆုံး ရေးသားမှုအဖြစ် စံချိန်တင်ခဲ့ပြီး Like ၅.၇ သန်း ရှိခဲ့ပါတယ်။

Ref: CNN ” This 7-year-old boy held a heartbreaking memorial for Chadwick Boseman, who played his favorite superhero”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top