လည်ချောင်း ကင်ဆာဖြစ်နေသူက ဆေးလိပ်သောက်တတ်အောင် သင်ပေးသူကို သေနတ်ဖြင့် ပစ်သတ်

1-34.jpg.png

အိန္ဒိယ အမျိုးသားတစ်ဦးဟာ လည်ချောင်းကင်ဆာ ဖြစ်နေမှန်း သိရပြီးတဲ့နောက် သူ့ကို ဆေးလိပ်သောက်တတ်အောင် သင်ပေးခဲ့တဲ့သူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ အာမတ်ဟာ နယူးဒေလီမြို့ အနောက်ပိုင်းက သူ့ယောက်ဖရဲ့ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်ခဲ့သူဖြစ်ပြီး သူ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အိုင်နာယတ်ကတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပါတယ်။ အိုင်နာယတ်ကလည်း စားဖိုမှူးပါပဲ။

အိုင်နာယတ်က အာမတ်ထက်ပိုပြီး လုပ်ရည်ကိုင်ရည်ရှိသလို ဆက်ဆံရေးကောင်းမွန်တဲ့အတွက် သူဋ္ဌေးက သူ့ကို မျက်နှာသာပိုပေးခဲ့ပါတယ်။ အဲဒါကို အာမတ်က မကျေနပ်ခဲ့ပါဘူး။ လည်ချောင်းကင်ဆာ ဖြစ်ခဲ့ပြီးနောက်ပိုင်း အာမတ်ဟာ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ကျဆင်းလာတဲ့ အတွက် အလုပ်ထုတ်ခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ အာမတ်ဟာ သူ့ရွာကိုပြန်သွားပြီး ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေ ဝယ်ယူခဲ့ပါတယ်။ အာမတ်က အိုင်နာယတ်ကို အနီးကပ် ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ ကနေ ထွက်ပြေးသွားခဲ့တာပါ။ အိုင်နာယတ်ကတော့ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရဲလက်ကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ အာမတ်ဟာ ဆွေမျိုး တစ်ယောက်ဆီမှာ ပိုက်ဆံလာချေးရင်းနဲ့ အဖမ်းခံခဲ့ရတာပါ။

Ref : Independent News : Man with throat cancer kills colleague who introduced him to smoking

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top