စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှစ်ခုမှာ Quarantine နေထိုင်သူ လူ(၅၀၀) ကျော်ရှိ

31-8-2020-yyl-010.jpg

နေပြည်တော်နဲ့ ရန်ကုန် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း နှစ်ခုမှာ Quarantine နေထိုင်သူ လူ (၅၀၀) ကျော် ရှိတယ် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး ထုတ်ပြန်ချက်အရသိရပါတယ်။

Covid-19 ရောဂါကာကွယ်ထိန်းချူပ်ရန် သီးသန့်စောင့်ကြည့်နေရသူ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း မှာ (၃၄၄) ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း မှာ (၂၃၆) ဦး ရှိတယ်လို့ သြဂုတ်လ (၃၀) ရက်နေ့ က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှစ်ခုမှာ သီးသန့်စောင့်ကြည့်နေရသူ လူ(၅၀၀) ကျော် မှာလက်ရှိအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့ မနက်ပိုင်းအထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ ၇၈၇ ဦး၊ ပြန်လည်သက်သာလာသူ (၃၅၂) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၃၄၇) ဦး၊ သေဆုံးသူ (၆) ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Photo- တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top