ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးသွားခဲ့တဲ့ အသက် ၇၁ အရွယ် အဘွား

9-8-2022-yyl03.jpg

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးသွားခဲ့တဲ့ အသက် ၇၁ အရွယ် အဘွား

မက္ကဆီကန်အမျိုးသမီး အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ ဘယ်သူမှ ထင်ကြမှာမဟုတ်ပါဘူး။ သူ့ရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာဖြစ်လို့ပါပဲ။ အဘွား အန်ဒရီယာက လူမှုကွန်ယက်မှာ သူ့ရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာပါ။

San Esteban Atatlahuca မြို့လေးက ဘတ်စကက်ဘောကစားရုံမှာ ဘတ်စကက်ဘောကစားနေတဲ့ အဘွားအန်ဒရီယာရဲ့အရည်အချင်းကြောင့် သူ့ကို “အဘွားဂျော်ဒန်”လို့လည်း နာမည်ပြောင်ပေးခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာ အဘွားအန်ဒရီယာက အခြားကစားသမားတွေကို ကျော်ဖြတ်ပြီး ဘောလုံးကို ဘတ်စကက်ဘောခြင်းထဲ သွင်းပြခဲ့တာကို တွေ့ရပါတယ်။

မက္ကဆီကန်အမျိုးသမီး အန်ဒရီယာ ဂါစီယာ လိုပက်ဇ်

သူ ဘတ်စကတ်ဘောကစားနေတဲ့ဗီဒီယိုကို သူ့ရဲ့မြေးဖြစ်သူက လူမှုကွန်ယက်မှာ တင်ခဲ့တာပါ။ ကြည့်ရှုသူ (၁) သန်းရှိခဲ့ပြီး လူမှုကွန်ယက်အသုံးပြုသူတွေက အဘွားရဲ့ဘက်စကတ်ဘောစွမ်းရည်နဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။

အဘွား အန်ဒရီယာ ဂါစီယာ လိုပက်ဇ်က လက်မှုပညာသည်တစ်ယောက်ပါ။ သူက သူ့ဒူးနာစပြုလာပေမဲ့ နောက်နှစ်တွေမှာ ဘတ်စကက်ဘောဆက်လက်ကစားနိုင်ဖို့မျှော်လင့်နေတုန်းပါပဲ။

အန်ဒရီယာ ဂါစီယာ လိုပက်ဇ် ဘတ်စကက်ဘောကစားနေတဲ့ဗီဒီယို

Ref: Ndtv “”Truly A Superstar”: 71-Year-Old Woman In Mexico Goes Viral For Her Basketball Skills”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top