အိမ်ရာမဲ့တွေကို အလုပ်ပေးဖို့ အမြဲတောင်းဆိုတတ်တဲ့ မင်းသားကြီး ရော်ဘင်ဝီလျံ

8-8-2022-yyl11.jpg

အော်စကာဆုရ အမေရိကန် ဟာသသရုပ်ဆောင် မင်းသားကြီး ရော်ဘင်ဝီလျံက သူ့ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းတဲ့ ကုမ္ပဏီတိုင်းကို တောင်းဆိုလေ့ရှိတာကတော့ အိမ်ရာမဲ့တွေကို အလုပ်ပေးမယ်ဆိုတဲ့ ကတိပါပဲ။ သူ့ကို စာချုပ်ချုပ်ချင်ရင် အနည်းဆုံး အိမ်ရာမဲ့ ၁၀ ယောက်ကို အလုပ်ပေးဖို့ တောင်းဆိုတတ်ပါတယ်။

သနားကြင်နာတတ်ပြီး စိတ်နှလုံးလှတဲ့ မင်းသားကြီး ရော်ဘင်ဝီလျံဟာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၁ ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ။ သေမှုသေခင်း စစ်ဆေးမှုအရ အရက်သောက်ထားတာ၊ မူးယစ်ဆေးဝါး သုံးစွဲထားတာမျိုး တွေ့ခဲ့ပါဘူး။ သူ့ရဲ့ဦးနှောက်တစ်သျှူးကို စစ်ဆေးမှုအရ မှတ်ဉာဏ်တွေ ထိခိုက်ပြီး ပြုမူလှုပ်ရှား၊ အိပ်မစက်မှုပုံစံကို အကြီးအကျယ် ပြောင်းလဲစေတဲ့ Dementia with Lewy bodies ရောဂါ ခံစားနေရတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီရောဂါကြောင့် သူဟာ စိတ်ကျေဝေဒနာကို နှစ်ချီ ခံစားခဲ့ရတယ်လို့ ဇနီးသည်က ဖွင့်ဟခဲ့ပါတယ်။

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top