တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ရေကြီးလို့ လူ ၇ ယောက် သေဆုံး

9-8-2022-yyl05.jpg

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ အနည်းဆုံး လူ ၇ ယောက် သေဆုံးကာ လူ ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ညက လမ်းတွေ၊ မြေအောက် ဘူတာရုံတွေ ရေဖုံးလွှမ်းခဲ့ပြီး ဆိုးလ်မြို့နဲ့ အင်ချွန်းမြို့မှာ ရထားပြေးဆွဲမှုတွေကို ရပ်တန့်ခဲ့ရပါတယ်။

တချို့နေရာတွေမှာ နှစ် ၈၀ အတွင်း အများဆုံး မိုးရေချိန် ပမာဏ ရွာသွန်းခဲ့တယ်လို့ ကိုရီးယား မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်ရက်တော်တော်ကြာအထိ မိုးဆက်လက်ရွာသွန်းမယ်လို့လည်း မိုးလေဝသအရာရှိတွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ညက ဆိုးလ်မြို့ တချို့ဒေသတွေ၊ အင်ချွန်းမြို့နဲ့ ဂျောင်ဂျီပြည်နယ်တွေမှာ တစ်နာရီကို မိုးရေချိန် ၁၀ စင်တီမီတာအထိ ရွာသွန်းခဲ့ပါတယ်။

အင်္ဂါနေ့ နံနက်ပိုင်း သတင်းတွေအရ ဆိုးလ်မြို့မှာ အနည်းဆုံး လူ ၅ ယောက်သေဆုံးခဲ့ပြီး ဂျောင်ဂီပြည်နယ်မှာ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရေဖုံးလွမ်းတဲ့ အဆောက်အအုံထဲမှာ ပိတ်မိသေဆုံးသူ ၄ ယောက်၊ ဓာတ်လိုက် သေဆုံးသူ ၁ ယောက်၊ ကားမှတ်တိုင် အပျက်အစီးအောက်မှာ ပိမိနေသူတစ်ယောက်၊ မြေပြိုမှုမှာ သေဆုံးသူ ၁ ယောက် ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ သဘာဝ ဘေးအန္တရာယ်နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး တန်ပြန်လှုပ်ရှားမှု ဗဟိုဌာနချုပ်က ပြောပါတယ်။

ရေဘေးကြောင့် ဆိုးလ်မြို့မှာ အိမ်ရာမဲ့ဖြစ်ခဲ့သူ အနည်းဆုံး ၁၆၃ ယောက် ရှိခဲ့ပြီး စာသင်ကျောင်းတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေမှာ ခိုလှုံခဲ့ရပါတယ်။

Ref: Seoul floods: At least seven dead amid heaviest rain in decades

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top