သွေးတွင်း သကြား ပမာဏ နဲ့ကျန်းမာရေး အချက်အလက် များကို အရောင်ပြောင်းလဲ ခြင်းဖြင့်ပြသ ပေးနိုင်တဲ့ tattoo

dermalabyss-pic.png

ဆီးချိုရောဂါရှိတဲ့သူတွေအဖို့ နေ့တိုင်းသူတို့သွေးတွင်းသကြားပမာဏကို ဂရုတစိုက်စောင့်ကြည့်ဖို့ဆိုတာက ဈေးနှုန်းကြီးမားတဲ့အပြင် အချိန်လည်းပေးရပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကိန်းဗရစ်မြို့ရှိ ဟားဗတ်နဲ့ MIT (Massachusetts Institute of Technology) မှ ပညာရှင်များက ဒီလိုသွေးတွင်းသကြားပမာဏကို အရောင်ပြောင်းလဲပေးခြင်းဖြင့် ပြသပေးနိုင်မဲ့ biosensing tattoo များကိုတီထွင်ဖို့လုပ်ဆောင်လျက်ရှိနေပါတယ်။

ဒီ tattoo ကို သွေးတွင်းသကြားပမာဏ၊ PH (potential of hydrogen) ၊ ဆိုဒီယမ် ပမာဏကိုထောက်လှမ်းပေးနိုင်တဲ့ ဓာတုပစ္စည်းနဲ့ပြုလုပ်ထားတဲ့ မှင်နဲ့ ထိုးရမှာဖြစ်ပြီး သွေးတွင်းသကြားပမာဏများပြားလာတဲ့အခါမှာ မှင်ရဲ့အရောင်က အပြာရောင်ကနေ အညိုရောင်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒါအပြင် သွေးတွင်းဆားပမာဏများပြားလာတဲ့အခါမှာ မှင်ရဲ့အရောင်ဟာ အစိမ်းရောင်အဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်လို့သိရပါတယ်။

သွေးတွင်းသကြားပမာဏကိုသိရဖို့အတွက်သူတို့ရဲ့လက်ချောင်းများကနေ သွေးဖောက်ပြီးစစ်ဆေးနေရတဲ့ ဆီးချိုဝေဒနာရှင်များ၊ သွေးတွင်းသကြားပမာဏကိုတိုင်းတာဖို့ ဈေးကြီးတဲ့စက်ပစ္စည်းများဝယ်ယူအသုံးပြုနေရသူများအတွက် ဒီနည်းပညာဟာ အစားထိုးပေးနိုင်လိမ့်မယ်လို့ တီထွင်သူများက မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ ဒီနည်းပညာဟာ သုတေသနပြုလုပ်ဆဲ အချိန်မှာပဲရှိနေသေးပြီး ဝက်အရည်ပြားများပေါ်မှာသာ စမ်းသပ်ရပါသေးတယ်။ လူသားတွေမှာ ဒီ tattoo များကို စမ်းသပ်မယ်ဆိုရင် ဓာတ်မတည့်မှုများ၊ တိကျမှုနဲ့ ရေရှည်ခံနိုင်မှုတို့ကိုပါ စမ်းသပ်ရဦးမှာဖြစ်ပါတယ်။ ဒီနည်းပညာကို လူတွေအသုံးပြုနိုင်ဖို့အတွက်အချိန်ယူရဦးမှာဖြစ်ပေမဲ့ လက်တွေ့မှာ အကောင်အထည်ပေါ်လာနိုင်ဖွယ်ရှိတယ် လို့ပညာရှင်များကတော့ ယုံကြည်နေကြပါတယ်။

Ref : CBS News Health : Color-changing tattoos aim to monitor blood sugar, other health stat

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top