ယူအေအီးနိုင်ငံမှာ ကုလားအုတ်ချေးခြောက်ကိုအသုံးပြုပြီး ဘိလပ်မြေစက်ရုံကိုစွမ်းအင်ပေးနေပါတယ်။ ယူအေအီးနိုင်ငံမြောက်ပိုင်း ရက်စ်အယ်ခိုင်မာမြို့က လယ်သမားတွေဟာ အစိုးရရဲ့ စီမံချက်အရ ကုလားအုတ်ချေးတွေကို သိုလှောင်ရေးစခန်းတွေမှာသွားပုံရပါတယ်။ ကုလားအုတ်ချေးတွေကို ကျောက်မီးသွေးနဲ့ ရောနယ်ပြီး ဘိလပ်မြေစက်ရုံကဘွိုင်လာအိုးတွေကို စွမ်းအင်ပေးနေပါတယ်။ ကုလားအုတ်ချေး (၂) တန်သုံးရင် ကျောက်မီးသွေးတစ်တန်သက်သာတယ်လို့ ကုမ္ပဏီကလေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျော့ကျစေသလို ကုလားအုတ်ချေးတွေကို အမှိုက်ကန်မှာ စွန့်ပစ်စရာမလိုတော့ပါဘူး။ ကုလားအုတ်ချေးက ရှားပါးလှောင်စာဖြစ်ပေမဲ့ ရက်စ်အယ်ခိုင်မာမြို့မှာတော့ ကုလားအုတ်အကောင်ရေ (၉၀၀၀) နီးပါးရှိလို့ အစားထိုးလောင်စာအဖြစ် အသုံးပြုဖို့သင့်တော်ပါတယ်။ ကုလားအုတ်တစ်ကောင်က တစ်နေ့ကို မစင် (၈) ကီလိုဂရမ် စွန့်လေ့ရှိပြီး အဲဒီပမာဏက ဓာတ်မြေသြဇာအဖြစ် အသုံးပြုနိုင်တာထက်ပိုလျှံနေပါတယ်။
Nz (ရိုးရာလေး)