ခရီးသည်တွေရဲ့ ညီညွတ်မှုကြောင့် ကာဇက်စတန်လေဆိပ်မှာ ထိုင်ခုံတွေ ပြန်လည်တပ်ဆင်

62404656_2414361555261417_6301033953163739136_n-1.jpg

ခရီးသည်တွေက တက်ညီလက်ညီတိုက်တွန်းခဲ့ကြလို့ ကာဇက်စတန်နိုင်ငံ လေဆိပ်ရဲ့ အများပြည်သူဝင်ထွက်သွားလာနိုင်တဲ့နေရာမှာ ထိုင်ခုံတွေ ပြန်လည်တပ်ဆင်လိုက်ပါပြီ။ ကာဇက်စတန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဆမာနိုဗာက အယ်လ်မာတီလေဆိပ်ရဲ့အခြေအနေကို ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားဖော်ပြခဲ့ပြီးနောက် သတင်းပျံ့နှံ့သွားခဲ့တာပါ။ လေဆိပ်မှာ ခရီးသည်တွေက ကိုယ့်ခရီးဆောင်အိတ်ကို ဖင်ခုထိုင်နေရတဲ့ဓာတ်ပုံကိုလည်း ဆမာနိုဗာက ဖော်ပြခဲ့ပါတယ်။

အစောပိုင်းက အယ်လ်မာတီလေဆိပ်ရဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ ထိုင်ခုံတွေတပ်ဆင်ထားပေမဲ့ အငှားယာဉ်မောင်းတွေနဲ့ အိမ်ရာမဲ့တွေ ဝင်ထိုင်တာ၊ ဝင်ရောက်အိပ်စက်တာတွေ လုပ်ကြလို့ ထိုင်ခုံတွေကို ဖြုတ်ပစ်ခဲ့တာပါ။ အခုနောက်မှာတော့ ခရီးသည်တွေရဲ့ စုစည်းညီညာမှုကြောင့် အယ်လ်မာတီလေဆိပ်မှာ ထိုင်ခုံတွေ ပြန်တပ်လိုက်ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top